SJ WorldNews - шаблон joomla Авто

မြန်မာ အမျိုးသမီး အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် အိုလံပစ် ပထမအဆင့်ခြေစစ်ပွဲကို သုဝဏ္ဏကွင်း၌ ကျင်းပမည်

Tuesday, 25 September 2018 09:08 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  စက်တင်ဘာ  ၂၄

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ အမျိုးသမီးအသင်း ဝင်ရောက် ယှဉ်ပြိုင်မည့် ၂ဝ၂ဝ တိုကျိုအိုလံပစ် ပြိုင်ပွဲ အမျိုးသမီးဘောလုံး ပထမအဆင့်ခြေစစ်ပွဲမှ အုပ်စု(ဂ)ပွဲစဉ်များကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပ မည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သည် ယင်းခြေစစ်ပွဲကို မူလက မန္တလေးမြို့၌ကျင်းပရန် စီစဉ်ထားသော်လည်း ၂ဝ၁၈ အာဆီယံ ဆူဇူကီး ဖလား  အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုပွဲဖြစ်သည့် မြန်မာနှင့် ကမ္ဘောဒီးယားပွဲကို နိုဝင်ဘာ  ၁၂ ရက်တွင် မန္တလာသီရိကွင်း၌ ကျင်းပခွင့် ရရှိသောကြောင့်   ရန်ကုန်မြို့၌ ကျင်းပရန်  ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအမျိုးသမီး အသင်းသည် ယင်းခြေစစ် ပွဲယှဉ်ပြိုင်ရန်  နည်းပြချုပ်  ဦးဝင်းသူမိုးနှင့်အတူ ပဏာမကစားသမား ၂၆ ဦးဖြင့် လေ့ကျင့် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည်။ မြန်မာအမျိုးသမီးအသင်းသည် ခြေစစ်ပွဲမတိုင်မီ ပြည်တွင်းခြေ စမ်းပွဲများသာ ကစားမည်ဖြစ်ပြီး စုစုပေါင်း ခုနစ်ပွဲအထက် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းတွင် နည်းပြချုပ် ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ- ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်ဇင်မာဝမ်း၊  ဂိုးနည်းပြ ဦးမြကိုမင်း၊ ကစားသမားများ အဖြစ် ဂိုး-ဇာဇာမြင့်၊ မေဇင်နွယ်၊ မျိုးမြမြငြိမ်း၊  ခင်သီတာအေး၊    နောက်တန်း-ဝေဝေအောင်၊ အိရတနာဖြိုး၊ ခင်သန်းဝေ၊ အေးအေးမိုး၊ ငယ်ငယ်ထွေး၊ ခင်မျိုးဝင်း၊ ယွန်းမီမီလွင်၊ ချစ်ချစ်၊ ခိုင်သဇင်၊ ဇင်ဇင်နိုင်၊ အလယ်တန်း- ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ မေစံပယ်ဖူး၊ လဲ့လဲ့လှိုင်၊ နန့်မေသဇင်၊ နုနု၊ ခင်မိုးဝေ၊ ရှေ့တန်း- ရီရီဦး၊ ဝင်းသီင်္ဂီထွန်း၊ ဂျူလိုင်ကျော်နှင့် နီလာဝင်း တို့ ပါဝင်ကြသည်။

မြန်မာအသင်း ပါဝင်သည့် အုပ်စု(ဂ)တွင် အိန္ဒိယ၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ပါဝင်နေပြီး နိုဝင်ဘာ ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ခြေစစ်ပွဲအဖြစ် မြန်မာအသင်းသည် နိုဝင်ဘာ ၈ ရက်တွင် ဘင်္ဂလား ဒေ့ရှ်အသင်း၊ နိုဝင်ဘာ ၁၁ ရက်တွင် နီပေါ အသင်း၊ နိုဝင်ဘာ ၁၃ ရက်တွင် အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင် ကစား ရမည် ဖြစ်သည်။

 

Read 86 times Last modified on Tuesday, 25 September 2018 09:10