SJ WorldNews - шаблон joomla Авто

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ များအား သြဝါဒ အမှာစကားပြောကြား

Thursday, 27 September 2018 08:13 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ ၂၆

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ နယ်စပ် ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း  အမှတ်စဉ်(၂)  ကျောင်းသား၊  ကျောင်းသူများက ဂါရဝပြုသြဝါဒ ခံယူပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် ငုရွှေဝါခန်းမ၌ ကျင်းပသည်။

ဂါရဝပြုသြဝါဒခံယူပွဲ အခမ်းအနားသို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်၊ ဒုတိယ ဝန်ကြီး ဦးမင်းသူ၊ ဗိုလ်ချုပ် သန်းထွဋ်၊ သမ္မတရုံးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးခင်လတ်၊ နယ်စပ်ရေးရာ ဝန်ကြီး ဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ် သင်တန်းအမှတ်စဉ် (၂)မှ   ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သြဝါဒ အမှာစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေး ဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ် (၂)မှ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ရှမ်းပြည်နယ် ''ဝ''ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ်မှ ''ဝ''တိုင်းရင်းသူ မအိပေါင်လေးက ဂါရဝပြု ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

ယင်းနောက်  နိုင်ငံတော်သမ္မတထံ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ကိုယ်စား လှယ်များက ဂါရဝပြုအမှတ်တရလက်ဆောင် ပစ္စည်းကိုနေရာ အရောက်ပေးအပ်ကြသည်။

ထို့နောက်   နိုင်ငံတော်သမ္မတ၊    ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိ သူများသည် ပြည် ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ်(၂)မှ ကျောင်း သား၊  ကျောင်းသူများနှင့် အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်သည် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ်(၂)မှ ကျောင်းသား ကျောင်းသူများအား နယ်စပ် ရေးရာ ဝန်ကြီးဌာန၌ တွေ့ဆုံ၍ ဂုဏ်ပြု လက်ဖက်ရည် ဝိုင်းဖြင့် တည်ခင်းဧည့်ခံသည်။

Read 592 times Last modified on Thursday, 27 September 2018 08:15