SJ WorldNews - шаблон joomla Авто

အာရှ မသန်စွမ်း သူများ အားကစား ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် အားကစား သမားများ ပြန်လည် ရောက်ရှိ

Monday, 15 October 2018 07:26 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၁၄

အင်ဒိုနီးရှားနိုင်ငံ၊   ဂျကာတာမြို့တွင် အောက်တိုဘာ ၆ ရက်မှ ၁၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၃)ကြိမ်မြောက် အာရှမသန် စွမ်းသူများ အားကစားပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အဖွဲ့ချုပ် ဥက္ကဋ္ဌ   ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးချုပ်ဝင်းလွင် ဦးဆောင် သည့် မြန်မာ မသန်စွမ်း အားကစားအဖွဲ့သည် ယနေ့ ညနေပိုင်းတွင်  ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အားကစားနှင့် ကာယပညာ ဦးစီး ဌာနမှ  တာဝန်ရှိသူများ၊  မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့မှ အမှုဆောင်များနှင့် တာဝန်ရှိသူများ၊ အား ကစား သမားများ၊ မိဘဆွေ မျိုးများက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ကြသည်။

(၃)ကြိမ်မြောက် အာရှမသန်စွမ်းအားကစား ပြိုင်ပွဲတွင် အားကစားနည်း ၁၈ နည်း ထည့်သွင်းကျင်းပရာ  မြန်မာနိုင်ငံ အပါ အဝင် နိုင်ငံပေါင်း ၄၂ နိုင်ငံမှ မသန်စွမ်းအားကစား သမားများယှဉ်ပြိုင်ကြပြီး မြန်မာနိုင်ငံမသန်  စွမ်းအားကစား အဖွဲ့ချုပ် အနေဖြင့် ပြေးခုန်ပစ်၊ ရေကူး၊ မျက်မမြင်စစ်တုရင်နှင့် ထိုင်လျက် ဘော်လီဘော အားကစား နည်းများကို ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။

ယင်းသို့ယှဉ်ပြိုင်ရာတွင် ထိုင်လျက်ဘော် လီဘောအသင်းသည် အာရှ ၄၃ နိုင်ငံတွင် အဆင့် (၅)နေရာရရှိခဲ့ပြီး  အမျိုးသား မီတာ ၁ဝဝ ရေကူးပြိုင်ပွဲတွင် မောင်အောင်မြင့်မြတ်က ငွေတံဆိပ် တစ်ခုနှင့် မီတာ ၅ဝ အလွတ် ကူးတွင် ကြေးတံဆိပ် တစ်ခုတို့အားလည်း ကောင်း၊ အမျိုးသား မီတာ ၅ဝ နောက်ပြန် ရေကူးတွင် ကျော်ထူးက ငွေတံဆိပ် တစ်ခု၊ အမျိုးသားမီတာ ၁ဝဝ ရင်ပေါင်တန်းရေကူး တွင် အောင်ငြိမ်းဦးက ကြေးတံဆိပ် တစ်ခုတို့အား ဆွတ်ခူး ပေးနိုင်ခဲ့သည့်အပြင် မျက်မမြင် တစ်ဦးချင်း ပုံမှန်ရွှေ့စစ်တုရင်ပြိုင်ပွဲတွင် မောင်ကောင်းစံက ငွေတံဆိပ် တစ်ခုနှင့် အသင်းလိုက် ပုံမှန်ရွှေ့ စစ်တုရင်ပြိုင်ပွဲတွင် မောင်သန်းဌေးက ငွေတံဆိပ် တစ်ခုတို့ကို ဆွတ်ခူးပေး နိုင်ခဲ့သည့် အတွက် မြန်မာနိုင်ငံမသန်စွမ်းသူ များအဖွဲ့သည် (၃)ကြိမ်မြောက် အာရှမသန် စွမ်းသူများပြိုင်ပွဲတွင် အဆင့် ၂၇ နေရာ၌ ရပ်တည်ခဲ့ကြောင်း သတင်းရရှိသည်။

Read 117 times Last modified on Monday, 15 October 2018 07:27