SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပနှင့် ဗဟန်းမြို့နယ် မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့နယ်တို့၌ မြန်မာ့တပ်မတော်အား ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပ

Monday, 15 October 2018 09:39 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၁၄

မြန်မာ့တပ်မတော်အား ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်နေမှုအား ဆန့်ကျင် သည့် ဆန္ဒဖော်ထုတ်ပွဲများကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပနှင့် ဗဟန်းမြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တို့၌  တပ်မတော်ကို  ချစ်မြတ်နိုးကြသည့်   အမျိုးသားရေးအဖွဲ့ဝင်များနှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များက သက်ဆိုင်ရာ မြို့နယ်များရှိ   လူစည်ကားရာ နေရာများ၌ ဆန္ဒဖော်ထုတ်ကြသည်။

ယနေ့နံနက် ၈ နာရီခွဲခန့်တွင် အမျိုးသားရေး အဖွဲ့ဝင်  အင်အား  ၃ဝဝ  ဦးခန့်က ''မြန်မာနိုင်ငံ၏  အချုပ်အခြာအာဏာအား ပြည်ပနိုင်ငံများမှ ဝင်ရောက်စွက်ဖက်မှုကို လက်မခံနိုင်ကြောင်း'' ပြသရန် ရည်ရွယ်ချက်ဖြင့် '' ICC ကန့်ကွက်ရှုတ်ချပွဲနှင့် မြန်မာ့တပ်မတော် ထောက်ခံပွဲ၊  ICC အလိုမရှိ၊ ပြည်တွင်းရေးကို စွက်ဖက်သူ တို့ရန်သူ၊ တပ်မတော်ဖြိုခွဲမည့်အကြံ တို့လက်မခံ၊ မြန်မာ့တပ်မတော် အောင်ရမည်'' စသည့် စာသားများပါရှိသော  ဆိုင်းဘုတ်များ ကိုင်ဆောင် ကြွေးကြော်၍ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါကံ္ကမြို့သစ်ရပ်ကွက် အမှတ်(၂ဝ)ရပ်ကွက်ခွဲ ပုဂံလမ်းရှိတံတားအနီးမှ အမှတ်(၂၁) ရပ်ကွက်ခွဲ ပုဂံလမ်းမကြီးဘေး အားကစားကွင်းအထိ လမ်းတစ်လျောက်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး အားကစားကွင်း အတွင်း၌ ဆရာတော်ဦးဝီရသူအပါအဝင် သံဃာ ၅ပါးနှင့် အမျိုးသားရေး အဖွဲ့ဝင်များဖြစ်သည့် ဦးဇော်ဝင်း၊ ဦးမောင်မောင်ဝင်းခိုင်၊ ဦးကျော်သူငြိမ်းနှင့် ဒေါ်ခင်ဝိုင်းကြည်တို့က ထောက်ခံ ဟောပြောခဲ့ကြကာ  တက်ရောက် လာကြသူများက နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုခဲ့ကြသည်။

အလားတူ ယနေ့မွန်းလွဲ ၁ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကြားတောရရပ်ကွက်   ရေခဲဆိုင်မှတ်တိုင်ရှေ့မှ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံ၊မြို့တော်ခန်းမရှေ့အထိ အမျိုးသားရေး အဖွဲ့ဝင် အင်အား ၅ဝဝဝဝ ကျော်ကလည်း ''နိုင်ငံတော်နှင့် တပ်မတော်အပေါ်  ဖိအားပေး စွက်ဖက်နေသော ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများအား ဆန့်ကျင်ရှုတ်ချ ဆန္ဒဖော်ထုတ်ရန်'' ရည်ရွယ်ချက်ဖြင့် လမ်းတစ်လျောက် နိုင်ငံတော် အလံများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံများ၊ မြန်မာ့တပ်မတော်ကို အပြည့်အဝထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝ ဆန့်ကျင်ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ်အစီရင်ခံစာ တို့လုံးဝလက်မခံ၊ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သော  တပ်မတော်အောင်မြင်ပါစေ၊ တပ်မတော် စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊

APHR  ၏အောက်လုံး အစီရင်ခံစာ အလိုမရှိဟူသော  ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဆရာတော်ဦးဝီရသူနှင့် အမျိုးသားရေးအဖွဲ့ဝင်   ဦးဝင်းကိုကိုလတ်တို့က ဟောပြော ထောက်ခံခဲ့ကြကာ တက်ရောက် လာကြသူများက    တပ်မတော် အင်အားရှိမှ   တိုင်းပြည်အင်အား ရှိမည် သီချင်းကို သံပြိုင်သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ထို့ပြင်  ယနေ့နံနက်    နာရီခန့်တွင် မကွေးတိုင်းဒေသကြီး  ပခုက္ကူမြို့ အမှတ် (၁၅)ရပ်ကွက်ရှိ ဗိုလ်ချုပ်ပန်းခြံ၌ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်အင်အား ၁၅ဝ ဦးခန့်က နိုင်ငံတော်အလံများ၊ စစ်မှုထမ်းဟောင်း အလံများ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဓာတ်ပုံများနှင့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ''တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများကို ဆန့်ကျင်ရန်''ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးများနှင့်ပြည်နယ်များရှိ မြို့နယ်အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိရာ ၂ဝ၁၆ခုနှစ်မှ ၂ဝ၁၈ခုနှစ်အတွင်း ယခုအကြိမ်အပါအဝင် ၈ဝ  ကြိမ်၊  အင်အား ၆၄၆၂ဝဝ ဦးဖြင့် ဆန္ဒဖော်ထုတ် ခဲ့ကြပြီး   နိုင်ငံတစ်ဝန်း၌ ဆက်လက်ကျင်းပ ပြုလုပ်သွားရန် ရှိကြောင်း   သိရသည်။ 

Read 133 times Last modified on Monday, 15 October 2018 09:41