SJ WorldNews - шаблон joomla Авто

အောင်ပွဲရ အလေးမ ကစားသမားများ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ

Wednesday, 17 October 2018 09:16 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  အောက်တိုဘာ  ၁၆

2nd EGAT King's Cup 2018 လူငယ် အလေးမပြိုင်ပွဲကို ထိုင်းနိုင်ငံ  ဗန်ကောက်မြို့၌ အောက်တိုဘာ ၁ဝ ရက်မှ ၁၅ ရက်ထိ  ကျင်းပခဲ့ပြီး ၎င်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ်ငါးခုနှင့် ကြေးတံဆိပ် တစ်ခုရရှိသည့် အောင်ပွဲ ရမြန်မာ အလေးမ ကစားသမားများ  မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။

 လူငယ်အလေးမပြိုင်ပွဲ  Junior တန်း ပြိုင်ပွဲတွင် မြန်မာလူငယ် အလေးမ အားကစားသမားများ ဖြစ်ကြသည့် ရန်မျိုးကျော်၊ ကောင်းဆက်နိုင်၊  ဇင်မေဦးနှင့်   ပြည့်ပြည့်ဖြိုးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကစားသမား လေးဦး စလုံး ဆုတံ ဆိပ်များ ရရှိခဲ့ကြသည်။

၎င်းကစားသမားများသည် Junior Women ၄၈ ကီလိုတန်းပြိုင်ပွဲ အမြန်မတွင် ဇင်မေဦးက ရွှေတံဆိပ်တစ်ခု၊ နှစ်ဆင့်မတွင် ရွှေတံဆိပ် တစ်ခုနှင့် စုစုပေါင်း  စံချိန် ၁၇၅ ကီလိုတွင် ရွှေတံဆိပ်တစ်ခု၊ Junior Men ၆၂ ကီလို တန်း ပြိုင်ပွဲတွင် ကောင်းဆက်နိုင် က နှစ်ဆင့်မ ၁၄ဝကီလိုတွင်  ငွေတံဆိပ်တစ်ခု၊ Junior Women ၅၃ ကီလိုတန်းပြိုင်ပွဲ အမြန်မတွင် ပြည့်ပြည့်ဖြိုးက ငွေတံဆိပ်တစ်ခုနှင့်  စုစုပေါင်းစံချိန် ၁၆၃ ကီလိုတွင် ငွေတံဆိပ်တစ်ခု၊ ရန်မျိုးကျော်က အမျိုးသား (+၁ဝ၅) ကီလို အထက်တန်း ပြိုင်ပွဲ အမြန်မတွင် ငွေတံဆိပ်တစ်ခုနှင့် နှစ်ဆင့်မတွင် ကြေးတံဆိပ် တစ်ခု စုစုပေါင်း စံချိန် ၂၉၁ကီလိုမီတာဖြင့် ငွေတံဆိပ် တစ်ခုဖြင့် ကစားသမား အားလုံး ဆုရရှိ ခဲ့ကြသည်။

အဆိုပါ အောင်ပွဲရ အလေးမ အားကစားအဖွဲ့သည် ယနေ့နံနက် ၁၁ နာရီခွဲတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်း ခရီးဖြင့် ပြန်လည် ရောက်ရှိလာရာ ရန်ကုန်တိုင်း ဒေသကြီး  အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးအောင်မိုး၊  အားကစားနှင့် ကာယပညာ သိပံ္ပ (ရန်ကုန်) ဒုတိယကျောင်း အုပ်ကြီးများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ မြန်မာနိုင်ငံ အလေးမ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ မိဘဆွေမျိုးများက ရန် ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက် ခဲ့ကြကြောင်း သိရသည်။

ဝန်းရံခ

Read 128 times Last modified on Wednesday, 17 October 2018 09:26