SJ WorldNews - шаблон joomla Авто

တာဝန်ကျ ယာဉ်ထိန်းရဲအား မော်တော်ယာဉ်ဖြင့် တိုက်၍ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ထွက်ပြေး တိမ်းရှောင်နေသူအား ဖမ်းဆီးရမိ

Wednesday, 17 October 2018 20:22 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ အောက်တိုဘာ - ၁၇

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ဒေါင်းဇရပ်လမ်းဆုံ၌ တာဝန်ကျယာဉ်ထိန်းရဲ ရဲတပ်ကြပ်ကြီး မျိုးဇော်ဦးနှင့် ရဲဒုတိယတပ်ကြပ် သက်ကိုဦးတို့က အောက်တိုဘာ ၁၄ ရက် နံနက် ၈ နာရီခန့်တွင် မုဒုံဘက်မှ ဈေးကြိုဘက်သို့ မောင်းနှင်လာသည့် ဝေ့ဖ်အမျိုးအစား YGN 3K---- အဖြူရောင်ယာဉ်အား စစ်ဆေးရန် တားဆီးခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် ရဲတပ်ကြပ်ကြီးမျိုးဇော်ဦးက မော်တော်ဆိုင်ကယ်ဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရာ မြိုင်သာယာရပ်ကွက်၊ ဦးစစ်မောင် လမ်းနှင့် သမိန်ဗရမ်းလမ်းဆုံ အရောက်တွင် အဆိုပါ ယာဉ်မှ မော်တော်ဆိုင်ကယ်အား ၀င်ရောက် တိုက်ပြီး အသင့်ပါရှိလာသည့် သေနတ်ဖြင့် ၅ ချက်ခန့် ပစ်ခတ်ခဲ့သဖြင့် ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး မျိုးဇော်ဦးနှင့် လမ်းပေါ်၌ ခရီးသွားလာနေသူ ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာနေ မောင်အေးမင်းခန့်တို့အား ကျည်ထိမှန်ခဲ့ကာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

 

ယာဉ်မောင်းသူမှာ ယာဉ်အားထား၍ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကာ ယာဉ်ပေါ်မှ ၎င်း၏ဇနီးဖြစ်သူ ဒေါ်အေးမွန်နှင့်အတူ မွန်ငြိမ်းချမ်းကာကွယ်ရေး တပ်ဖွဲ့ဝင်ကတ် ၂ ကတ် နှင့် WY နှင့် R စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀ တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ထွက်ပြေးသွားသူမှာ မွန်ငြိမ်း ချမ်းကာကွယ်ရေး တပ်ဖွဲ့မှ ဒုတိယဗိုလ်အဆင့်ရှိ နိုင်ပိုက်ထွေး၊ ၅၂ နှစ် (ဘ) ဦးမွန်ကို ဖြစ်ကြောင်းနှင့် ယင်းမူးယစ်ဆေးဝါး များကို ဖြန့်ဖြူးရောင်းချရန် ဖြစ်ကြောင်း ကနဦး သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖမ်းဆီးရမိနိုင်ရေး ပိတ်ဆို့ ရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ယနေ့ နံနက် ၅ နာရီခွဲခန့်တွင် မြိုင်သာယာရပ်ကွက်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ အထက (၁၂)နှင့် စာတိုက် လမ်းခွဲကြား၌ နိုင်ပိုက်ထွေးကို ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ နိုင်ပိုက်ထွေးအား စစ်ဆေးမေးမြန်းချက်များအရ ၎င်းမှာ ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်၊ ဖက်ကတာ ကျေးရွာဇာတိဖြစ်ကာ ၁၉၉၅ ခုနှစ်၊ အသက် ၁၉ နှစ်အရွယ်တွင် မွန်ပြည်သစ်ပါတီ သို့စတင် ၀င်ရောက်ခဲ့ပြီး ကော့ယက္ခကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း၊ မွန်ပြည်သစ်ပါတီ ဥပဒေဘောင်အတွင်း ၀င်ရောက်ချိန်တွင် ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံတို့သို့ ၂ နှစ်ခန့်သွားရောက် လုပ်ကိုင်ခဲ့ကာ အဆင်မပြေသဖြင့် မွန်ပြည်သစ် ပါတီသို့ ပြန်လည်ရောက်လာ ခဲ့ကြောင်း၊ လွန်ခဲ့သည့် ၈ နှစ်ခန့်က အဖွဲ့အစည်း ၂ ဖွဲ့ကွဲသွားချိန် နိုင်အိုက်ချမ်း ဦးစီးသည့် မွန်ငြိမ်းချမ်းကာကွယ်ရေး တပ်ဖွဲ့ နောက်သို့ လိုက်ပါတာဝန် ထမ်းဆောင်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ၆ လခန့်က ယင်းတပ်ဖွဲ့မှ မြိုင်သာယာ ရပ်ကွက်၊ ၇ လမ်း၊ အမှတ်(၃၈၅)နေ ဗိုလ်မှူးအဆင့်ရှိ မြင့်နိုင်နှင့် ဇနီးဖြစ်သူ ဒေါ်ထားထားနွယ်တို့ ၎င်းထံ ရောက်ရှိလာကာ ၃၂ ဗို့ ခြောက်လုံးပြူး သေနတ် ၁ လက်နှင့် ယင်းကျည် ၆ တောင့် လာရောက်ပို့ဆောင် ခဲ့ကြောင်း၊ ၎င်းသည် မွန်ငြိမ်းချမ်း ကာကွယ်ရေး တပ်ဖွဲ့တွင် တပ်သားအဆင့်ဖြင့် စတင်တာဝန် ထမ်းခဲ့ပြီး လွန်ခဲ့သည့် ၁ နှစ်ကျော်ခန့်က ဒုတိယဗိုလ်အဆင့် တိုးမြှင့်ခံခဲ့ရကာ ၎င်း၏ တပ်ဖွဲ့ဝင်ကတ်များကို မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့၊ ကော့တုံ ဌာနချုပ်ရုံးမှ ရုံးအုပ်ကြီး အဆင့်ရှိ ဦးထွန်းမြင့်မှ ထုတ်ပေးခဲ့ကြောင်း၊ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို မြင့်နိုင်ထံသို့ ရောင်းချရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ ဖြစ်စဉ်နှင့် ဆက်စပ်နေသူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။       

Read 115 times Last modified on Thursday, 18 October 2018 11:10