SJ WorldNews - шаблон joomla Авто

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ)ဘတ်စကက်ဘော ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုပေး ပွဲ ပြုလုပ်

Thursday, 18 October 2018 08:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၁၇

၂ဝ၁၈ ခုနှစ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမား များနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ)  ကိုယ်စားပြု အသင်းနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု အားပေးကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်း ဆုရရှိသူများ၊ အသင်းလိုက်ဆု ရရှိကြသူများ၊ တံခွန်စိုက် ဖလားနှင့် တံခွန်စိုက် ဒိုင်းဆုရရှိသော  ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)ကိုယ်စားပြု အသင်းတို့အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆုဖလား၊ ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ  အသီးသီး ပေး အပ်ကြသည်။

အဆိုပါ   ဘတ်စကက်ဘော ပြိုင်ပွဲကို တပ်မတော်(ကြည်း၊ ရေ၊ လေ)ကိုယ်စားပြု အသင်းများမှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်းဖြင့် အောက်တိုဘာ ၁ဝ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Read 116 times Last modified on Thursday, 18 October 2018 08:43