SJ WorldNews - шаблон joomla Авто

ရန်ကုန်မြို့၌ ဆူဇူကီး ဆုဖလား လာရောက်ပြသမည်

Thursday, 18 October 2018 09:55 font size decrease font size decrease font size increase font size increase font size

ရန်ကုန် အောက်တိုဘာ ၁၇

၂ဝ၁၈ ခုနှစ် အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲ၏ အောင်နိုင်ခြင်း အထိမ်းအမှတ် ဆုဖလားကို မြန်မာနိုင်ငံ၌ လာရောက် ပြသမည် ဖြစ်ကြောင်း သိရသည်။

အရှေ့တောင်အာရှတစ်ဝန်းရှိ ဘောလုံး ဝါသနာရှင်များ ပိုမိုစိတ်လှုပ်ရှားတက်ကြွစွာ ပါဝင်အားပေးနိုင်ရန် အတွက် အာဆီယံ ဆူဇူကီးဖလား လှည့်လည်ပြသပွဲကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ စက်တင်ဘာ ၁၅ ရက်မှ စတင် ကျင်းပခဲ့ပြီး   ရန်ကုန်၊    မနီလာ၊ ဗန်ကောက်၊ ဟနွိုင်းနှင့် ဂျကာတာမြို့တို့တွင် လှည့်လည်ပြသသွားမည်ဖြစ်သည်။

ရန်ကုန်မြို့၌ အဆိုပါဆုဖလားအား အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ မြန်မာ ပလာဇာ၌ပြသထားမည်ဖြစ်ရာ အများပြည် သူများအနေဖြင့် ဆုဖလားအား လေ့လာကြည့်ရှု၍ အမှတ်တရဓာတ်ပုံများရိုက်ယူနိုင်မည်ဖြစ်ပြီး နိုဝင်ဘာလတွင် ကျင်းပမည့် ပြိုင်ပွဲအတွက် ကြိုတင် စိတ်လှုပ်ရှား ပျော်ရွှင်နိုင်ကြမည်ဖြစ်သည်။

အဆိုပါ အထိမ်းအမှတ် ဆုဖလားပြသမည့် အကြောင်းသတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို အောက်တိုဘာ ၂၃ ရက် နံနက် ၁ဝ နာရီခွဲတွင် ရန်ကုန်မြို့ရှိ မြန်မာပလာဇာ၌ ကျင်းပမည်ဖြစ်ရာ အထူးဧည့်သည်တော် အဖြစ် နာမည်ကျော် မြန်မာ ဘောလုံးသမားဟောင်း ဦးမျိုးလှိုင်ဝင်း၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဖြစ် မြောက်ရေးကူညီ ပံ့ပိုးပေးထားသူများ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ

Read 113 times Last modified on Thursday, 18 October 2018 10:00