SJ WorldNews - шаблон joomla Авто

ကင်မရာကို ကြည့်ပြီး ဆဲဆိုခဲ့သည့် မော်ရင်ဟို အရေးယူခံရမည် ချယ်လ်ဆီးနှင့်ပွဲတွင် ပွဲပယ်ပြစ်ဒဏ်ထိပြီး လွဲချော်ဖွယ်ရှိနေ

Thursday, 18 October 2018 12:32 font size decrease font size decrease font size increase font size increase font size

လန်ဒန်    အောက်တိုဘာ     ၁၇

နယူးကာဆယ်ကို ၃ဂိုး -၂ဂိုးဖြင့် အနိုင်ရသောပွဲ အပြီးတွင် ကွင်းထဲမှအထွက် မော်ရင်ဟိုသည် ရုပ်သံ ကင်မရာ ကိုကြည့်ပြီး ပေါ်တူဂီဘာသာစကားဖြင့် ဆဲဆို ခြင်းကြောင့်  ၎င်းလုပ်ရပ်အား  အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် အက်ဖ်အေမှ အရေးယူမည်ဟု ယမန်နေ့က အတည်ပြုကြေညာခဲ့သည်။ ထိုစဉ်က မော်ရင်ဟိုသည် လက်သန်းကို ကွေး ညွှတ်ဝှေ့ ယမ်းပြီး ကင်မရာကိုကြည့် ကာ ပေါ်တူဂီဘာသာ စကားဖြင့် ဆဲဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်တစ်ပတ်က အက်ဖ်အေသည် မော်ရင်ဟို၏ လုပ်ရပ်အတွက် သတ်မှတ်စည်းမျဉ်း စည်းကမ်းများကို ဖောက်ဖျက်ရာ ရောက်ပါက စုံစမ်းအရေးယူမည်ဟု ထုတ်ပြန်ခဲ့ပြီး ယခု မော်ရင်ဟို ဆဲဆိုမှုသည်  ရိုင်းစိုင်းပြီး စည်း မျဉ်းကို ချိုးဖောက်ရာ ရောက်သည်ဟုဆိုကာ အရေးယူရန် ဆုံးဖြတ်ကြောင်း အတည်ပြု ကြေညာခဲ့သည်။ မော်ရင်ဟိုအနေဖြင့် အောက်တိုဘာ ၁၉ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီမတိုင်မီ အရေးယူမှုကို လက်ခံခြင်းရှိ၊ မရှိ နောက်ဆုံးထား တုံ့ပြန်ရမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

မော်ရင်ဟိုသည် အက်ဖ်အေ၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ကြောင်း  သေချာပါက  ချက်ချင်း  ကွင်းစည်း ဘေး အစပ်မှ ပွဲကြီးကြပ်ခွင့် ပိတ်ခံရနိုင်သောကြောင့် အောက်တိုဘာ ၂ဝရက်ညတွင် ချယ်လ်ဆီး နှင့် ကစားရမည့် ပွဲစဉ်ကို လွဲချော်ဖွယ်ရှိသည်။ သို့သော် အောက်တိုဘာ ၁၉ရက်တွင် မော်ရင်ဟိုဘက်မှ တုံ့ပြန် လာမှုကို  သုံးဦးပါကြားနာ စစ်ဆေးရေး ကော်မရှင်က ပြန်လည်သုံးသပ်ရမည်ဖြစ်ရာ ချယ်လ်ဆီးနှင့် ပွဲမတိုင်မီ မော်ရင်ဟိုကို ပြစ်ဒဏ် ချမှတ်ရန်မှာ ချယ်လ်ဆီးနှင့် ပွဲပြီးမှ ဖြစ်ကောင်းဖြစ်နိုင်သည်။ မန်ယူအသင်းသည် ချယ်လ်ဆီး နှင့်ပွဲအပြီး နောက်ပရီးမီးယား လိဂ်ပွဲမှာ အောက်တိုဘာ ၂၈ ရက်တွင် အဲဗာတန်နှင့် ကစားရမည်ဖြစ်သည်။

မော်ရင်ဟိုသည် နယူးကာဆယ် နှင့်ပွဲတွင် ကင်မရာကို ရေဘူးဖြင့် ပက်ခဲ့သကဲ့သို့  လက်သန်းကို ကွေးညွှတ်ပြီး လှုပ်ယမ်း ပြခြင်းကို အဓိပ္ပာယ် ဖော်ဆောင်နိုင်ရန် ခက်ခဲခြင်းကြောင့် ထိုကိစ္စအတွက် အရေးယူရန် ခက်ခဲနေသည်။ မော်ရင်ဟို လက်သန်းလှုပ်ယမ်းပြခြင်းမှာ မိမိအားဝေဖန်သူများကို တုံ့ပြန်သောအမူအရာဖြစ်နိုင်ကြောင်း သိရသည်။                  

 

Read 108 times Last modified on Thursday, 18 October 2018 12:32