SJ WorldNews - шаблон joomla Авто

ပရီးမီးယားလိဂ် ပွဲစဉ်(၉) ပွဲကြို သုံးသပ်ချက်

Monday, 22 October 2018 12:04 font size decrease font size decrease font size increase font size increase font size

အမှတ်ပေးဇယား ထိပ်ပိုင်းကို တက်လှမ်းနိုင်ဖို့ လက်စတာနှင့် ပွဲတွင် အာဆင်နယ် အနိုင်ကစား လိမ့်မည်

အင်္ဂါနေ့နံနက် အစောပိုင်းမှာ ပရီးမီးယားလိဂ်၊ စီးရီးအေနဲ့ လာလီဂါ ပွဲစဉ်တစ်ပွဲစီရှိနေလို့ ကြားရက် ချန်ပီယံလိဂ်ပွဲတွေ မလာမီ   နားရက်တစ်ရက်မှမရှိဘဲ ဆက်လက် အားပေးရဦးမှာပါ။  ကစားမယ့် ပွဲစဉ်သုံးပွဲစလုံးမှာ  အသင်းတိုင်းက  ဂိုးသွင်းခြေ ရှိနေပြီး အသင်းငယ်တွေရဲ့ ခံစစ်ပိုင်းက အားနည်းချက်များစွာ ရှိနေလို့  ဂိုးတွေအများကြီးသွင်းမယ့် ပွဲစဉ်တွေဖြစ် လာမယ်လို့ မျှော်လင့်ရပါတယ်။

အာဆင်နယ် Vs လက်စတာ

နောက်ဆုံးသုံးကြိမ်တွေ့ဆုံမှု

၁ဝ-၅-၂ဝ၁၈   လက်စတာ    ၃-၁    အာဆင်နယ်

၁၂-၈-၂ဝ၁၇   အာဆင်နယ်  ၄-၃      လက်စတာ

၂၇-၄-၂ဝ၁၇       အာဆင်နယ်        ၁-ဝ      လက်စတာ

အာဆင်နယ်    (နောက်ဆုံးသုံးပွဲ) 

ဖူလ်ဟမ်        ၁-၅       အာဆင်နယ်

ကာရာဘတ်   ဝ-၃       အာဆင်နယ်

အာဆင်နယ်   ၂-ဝ         ဝက်ဖို့ဒ်

..........

လက်စတာ (နောက်ဆုံးသုံးပွဲ)      

လက်စတာ     ၁- ၂အဲဗာတန်

နယူးကာဆယ် ဝ-၂ လက်စတာ

ဝုဗ် ဝ-၀ လက်စတာ

.....

အာဆင်နယ် အသင်းက နည်းပြသစ် အူနိုင်းအမ်မရီ လက်ထက် ရာသီအစပွဲတွေမှာ အသင်းကစားကွက် အထိုင် မကျသေးလို့ ရလဒ်တွေ သိပ်မကောင်းခဲ့ပေမယ့် အခုနောက်ပိုင်း ခြေစွမ်းကောင်းနဲ့ ရလဒ်ကောင်းတွေကို ပြန်လည်ဖန်တီးလာနိုင်ပြီဖြစ်လို့  ဒီပွဲမှာလည်း  နိုင်ပွဲ ဆက်ဦးမလား  စောင့်ကြည့်ရမှာပါ။ အာဆင်နယ်က နိုင်ငံတကာပွဲတွေ မကစားမီ    နောက်ဆုံးကစားတဲ့ ဖူလ်ဟမ်နဲ့ပွဲမှာ ၅ ဂိုး-၁ ဂိုးနဲ့နိုင်ခဲ့တာကြောင့် ရာသီ အဖွင့်နှစ်ပွဲရှုံး တဲ့ကြားက အဆင့် (၄) နေရာကို ပြန်လည် တက်လှမ်းလာနိုင်ပြီဖြစ်ပါတယ်။   အူနိုင်းအမ်မရီရဲ့ ကစားကွက်မှာ   အသားကျလာတဲ့    အာဆင်နယ်က  ယူရိုပါလိဂ်မှာလည်း နှစ်ပွဲစလုံးအနိုင်ရထားပြီး ပြည်တွင်း လိဂ်ဖလားမှာလည်း   နောက်တစ်ဆင့် တက်လှမ်းနိုင် ခဲ့ပြီဖြစ်လို့ သူတို့ရဲ့ပြိုင်ပွဲစုံ ကိုးပွဲဆက်အနိုင်ကို လက်စတာ အသင်း အမ်းမရိတ် ကွင်းမှာ တားဆီးနိုင်ဖို့ခက်ခဲဦးမှာ ပါ။   ပွဲစဉ် (၉)မှာ ချယ်လ်ဆီးနဲ့ မန်ယူတို့  ရမှတ်တွေ ဆုံးရှုံးခဲ့လို့ ဒီနိုင်ပွဲက အာဆင်နယ်ကို ဇယားထိပ်ပိုင်းဆီ ပိုမိုတက်လှမ်းလာနိုင်စေမှာကြောင့်လည်း အာဆင်နယ်က ဒီပွဲမှာ ရှိသမျှ အစွမ်းကုန် ထုတ်ပြီး  ချန်ပီယံခြေစွမ်းရှိတဲ့ အကြောင်း သက်သေပြလို့ အနိုင်ကစားမှာလည်း သေချာ ပါတယ်။  ဒါပေမဲ့  အားနည်းချက်တွေရှိနေသေးတဲ့ ခံစစ်မှာ ကိုစီရယ်လ်နီ၊ ဂျန်ကင်ဆန်နဲ့ ကွန်စတန်တီ နို့စ်တို့ ဒဏ်ရာရနေတဲ့ ကြားကနေ အဓိက ဗဟိုခံစစ်မှူး  ဆိုကရာတစ်လည်း   ကြားရက်က ဂရိလက်ရွေးစင် အသင်းအတွက်  ကစား ပေးရင်း   ဒဏ်ရာရထားလို့ ပူပန်စရာတော့ ရှိပါတယ်။   လက်စတာက  နောက်ဆုံး ကစားတဲ့ပွဲမှာ အဲဗာတန်ကို ၂ ဂိုး-၁ ဂိုးနဲ့ ရှုံးခဲ့ပေမယ့်  တိုက်စစ်ပိုင်းကတော့  ကစားပြီးတဲ့ ပရီးမီးယားလိဂ် ရှစ်ပွဲစလုံး ဂိုးသွင်းထားနိုင်တယ်။ ပရီးမီးယား လိဂ်မှာ လက်စတာ ဂိုးမသွင်းနိုင်ခဲ့တဲ့ နောက်ဆုံးပွဲက မေလ ဆန်းပိုင်းမှာဖြစ်လို့ အခုပွဲမှာ ခံစစ်အားနည်းချက်ရှိတဲ့ အာဆင်နယ်ဘက်ကို  လက်စတာ ဂိုးသွင်းနိုင်မယ်လို့ သုံးသပ်ရမှာပါ။

အာဆင်နယ်ကလည်း ဒီရာသီ ပြိုင်ပွဲစုံ ၁၁ ပွဲကစား ပြီးရာမှာ  ဂိုးမပေးရတဲ့ပွဲသုံးပွဲသာရှိသလို လက်စတာ တိုက်စစ်မှူး ဂျေမီဗာဒီကလည်း အာဆင်နယ်နဲ့ ပရီးမီး ယားလိဂ် ခြောက်ပွဲယှဉ်ပြိုင်ကစားရာမှာ ခြောက်ဂိုးသွင်း နိုင်ခဲ့လို့ ဗာဒီကို အာဆင်နယ်ခံစစ်မှူးတွေ သတိထား ထိန်းချုပ်ရမှာပါ။ လက်စတာက နောက်ဆုံး ပရီးမီးယား လိဂ်အဝေးကွင်း ၁၄ ပွဲမှာ ကိုးပွဲရှုံးခဲ့လို့ ဒီပွဲမှာ အာဆင် နယ်နဲ့ ဂိုးအများကို အားပေးပါ။

...................

Read 96 times Last modified on Monday, 22 October 2018 12:27