SJ WorldNews - шаблон joomla Авто

ဆော်ဒီ အိမ်ရှေ့စံ မင်းသား မန်ယူကို ပေါင် လေးဘီလီယံဖြင့်ကမ်းလှမ်းရန်စီစဉ်

Monday, 22 October 2018 12:57 font size decrease font size decrease font size increase font size increase font size

ရီရက်ဒ်ခ်ျ  အောက်တိုဘာ  ၂၁

မန်ယူအသင်းပိုင်ရှင်များထဲမှ ဂလေဇာမိသား စုဝင် အဗရမ်ဂလေဇာသည် ယခုတစ်ပတ်အတွင်း ဆော်ဒီနိုင်ငံသို့ သွားရောက်ကာ နိုင်ငံတကာ စီးပွားရေး ဖိုရမ်သို့ တက်ရောက်မည်ဖြစ်ရာ အိမ်ရှင်နိုင်ငံမှ  အိမ်ရှေ့ စံမင်းသား မိုဟာ မက် ဘင်ဆယ်လ်မန် သည် ထိုခရီးစဉ်တွင် မန်ယူအသင်းကို ဂလေဇာ မိသားစုထံမှ ဝယ်ယူရေးအတွက် ပေါင် လေးဘီ လီယံ အထိပေးပြီး  ကမ်းလှမ်းရန်  စီစဉ်နေကြောင်း  မိုင်ရာသတင်းစာမှ ဖော်ပြသည်။

ဆော်ဒီတော်ဝင် မိသားစုသည် ရေနံဖြင့်အထူး ကြွယ်ဝချမ်းသာနေသူများဖြစ်ကာ ကြွယ်ဝမှု ပေါင်  ၈၅ဝ ဘီလီယံ အထိရှိ နေသောကြောင့် မန်ယူ အသင်းကို အရဝယ်ယူရန် နောက်ရက်သတ္တပတ် အနည်းငယ်အတွင်း ကမ်းလှမ်း မည်ဟု သိရသည်။ သို့သော် အဗရမ်ဂလေဇာသည် ဆယ်လ်မန်ဘက် မှ တွေ့ဆုံကမ်းလှမ်းမှုကို ရှောင်ရှားနိုင်ရန် ပြင်ဆင် ထားဖွယ်ရှိကာ အကြောင်းမှာ လက်ရှိတွင် အမေ ရိကန်ဂျာနယ်လစ် ဆော်ဒီသံရုံးအတွင်း သတ်ဖြတ် ခံရမှု ကြောင့် နိုင်ငံရေးအရ တင်းမာမှုများဖြစ်ပွား နေသည့်အတွက် ထိုအရေးကို ဦးစွာဖြေရှင်းပြီးမှသာ မန်ယူကို ကမ်းလှမ်းမှု လက်ခံရန် ဆန္ဒရှိကြောင်း သိရသည်။

ဂလေဇာ မိသားစုသည် မန်ယူကို ၂ဝဝ၅ ခုနှစ် တွင် ဝယ်ယူခဲ့စဉ်က ပေါင်သန်း ၇၉ဝ ဖြင့်သာ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဘဏ်တိုးဖြင့် ချေးယူခဲ့သော ငွေများကြောင့် ယခုအထိ အကြွေးကျန်များ ရှိနေသည့်အတွက် မန်ယူပရိသတ်များ၏ ထောက်ခံ အားပေးမှုကို မရခဲ့ပေ။ သို့သော် နယူးယောက် စတော့ခ်ဈေးကွက်တွင် တင်ထားသည့် မန်ယူ အသင်း၏ ရှယ်ယာ တန်ကြေးမှာ ပြီးခဲ့သည့်လ အနည်းငယ်အတွင်း များစွာမြင့်တက်လာသဖြင့် ဝယ်လိုအားပိုတက် လာဦးမည်ဖြစ်သည်။ လက်ရှိ မန်ယူအသင်း ရှယ်ယာတစ်စု တန်ကြေးသည် ၂၁ ဒသမ ၂ဝ ဒေါ်လာနှုန်းရှိနေပြီး အမြင့် ဆုံးဈေး တက်ခဲ့ချိန်တွင် ၂၇ ဒသမ ၆၅ ဒေါ်လာအထိ ရှိခဲ့၍ ယခုသတင်းကြောင့် ရှယ်ယာဈေး ထပ်တက် ဖွယ်ရှိနေ သည်။  ဂလေဇာမိသားစုသည်  မန်ယူကို ပေါင် ၄ ဘီလီယံဖြင့်ရောင်းခဲ့လျှင် အသားတင် ပေါင် ၂ ဒသမ ၂ ဘီလီယံမြတ် မည်ဖြစ်သည်။

 

Read 111 times Last modified on Monday, 22 October 2018 13:03