SJ WorldNews - шаблон joomla Авто

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး Colonel General Alexender Vasilievich Fomin အား လက်ခံတွေ့ဆုံ

Monday, 22 October 2018 13:18 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ အောက်တိုဘာ - ၂၂

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး Colonel General Alexender Vasilievich Fomin အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှား ဖက်ဒရေးရှင်း နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်သံမှူး Colonel Eduard N.OKLADNIKOV နှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု များ ပိုမို တိုးတက်ခိုင်မာမှုရှိသည့် အခြေအနေများ၊ တပ်မတော် နှစ်ရပ်အကြား စစ်ဘက်နည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ရုရှားနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် 2018 International Army Games 2018 တွင် မြန်မာ့ တပ်မတော်မှ ပါဝင်ယှဉ်ပြိုင်ခဲ့မှုအခြေအနေများနှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား အဆင့်အလိုက် ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ပြီး စုပေါင်း ဓာတ်ပုံရိုက် ခဲ့ကြကြောင်း သတင်းရရှိသည်။

Read 116 times Last modified on Monday, 22 October 2018 20:24