SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်အား လက်ခံတွေ့ဆုံ

Tuesday, 23 October 2018 08:58 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၂၂

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံခြားရေးအတွင်း ဝန်  H.E. Mr. Vijay Gokhale အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး၊ ဒေသ တွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံရှိ ဒေသများဖွံ့ဖြိုးတိုး တက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။

Read 91 times Last modified on Tuesday, 23 October 2018 09:01