SJ WorldNews - шаблон joomla Авто

၂ဝ၁၈ -၂ဝ၁၉ ပညာသင်နှစ် အားကစားနှင့်ကာယပညာ သိပ္ပံများပြိုင်ပွဲ စတင်ကျင်းပ

Wednesday, 24 October 2018 08:47 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   အောက်တိုဘာ   ၂၃

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၏လမ်းညွှန်မှုဖြင့် မျိုးဆက်သစ်လူငယ် အားကစားသမားများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ၂ဝ၁၈- ၂ဝ၁၉ ပညာသင်နှစ်   အားကစားနှင့် ကာယပညာ သိပ္ပံများ ပြိုင်ပွဲကို အားကစားနည်းများအလိုက် ယနေ့နံနက် ၇ နာရီတွင် နေပြည်တော်နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့ ၌ စတင်ကျင်းပသည်။

နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ယနေ့တွင် (အမျိုးသား/အမျိုးသမီး)ဘောလုံးပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲ၊ ဘတ်စကက်ဘောပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲ၊ ကရာတေးဒိုပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့်   စားပွဲတင်တင်းနစ်ပြိုင်ပွဲများ  ယှဉ်ပြိုင် ကစားလျက်ရှိသည်။

အဆိုပါပြိုင်ပွဲတွင် (အမျိုးသား/အမျိုးသမီး) ဘောလုံးပြိုင်ပွဲ၊ ပြေးခုန် ပစ်ပြိုင်ပွဲ၊ ဘတ်စကက်ဘော ပြိုင်ပွဲ၊ လက်ဝှေ့ ပြိုင်ပွဲ၊ ကရာတေးဒိုပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ် ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ဖူဆယ်(အမျိုး သား/ အမျိုးသမီး) ပြိုင်ပွဲ၊   တင်းနစ်ပြိုင်ပွဲ၊  အလေးမပြိုင်ပွဲ၊ ဝူရှူးပြိုင်ပွဲ၊ရေကူးပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲ၊  တိုက်ကွမ် ဒိုပြိုင် ပွဲနှင့်  စက်ဘီးစီးပြိုင်ပွဲဖြစ်သော အားကစားအမျိုးအစား ၁၆ မျိုးကိုလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အားကစားရုံများတွင်  ကျွမ်းဘားပြိုင်ပွဲ၊ သေနတ်ပစ်ပြိုင်ပွဲ၊ မြားပစ်ပြိုင်ပွဲနှင့်ဂျူဒိုပြိုင်ပွဲများဖြစ်သော အားကစား အမျိုးအစားလေးမျိုး စုစုပေါင်းအားကစား အမျိုးအစား ၂ဝ မျိုးကိုလည်းကောင်း ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း သိရသည်။

ကျော်လွင်

Read 437 times Last modified on Wednesday, 24 October 2018 08:47