SJ WorldNews - шаблон joomla Авто

ကုန်ပစ္စည်း ၀န်ဆောင်မှု အတွက် ရန်ကုန် ကုန်းတွင်း ဆိပ်ကမ်းကို ရွာသာကြီး၌ ဖွင့်လှစ်

Monday, 12 November 2018 08:23 font size decrease font size decrease font size increase font size increase font size

ရန်ကုန် နိုဝင်ဘာ ၁၁

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများနှင့် သီလဝါဆိပ်ကမ်းများအတွက် ယာဉ်ကြောသွားလာရေး ပိတ်ဆို့မှုလျှော့ချပြီး ကုန် ပစ္စည်း သယ်ယူ  ပို့ဆောင်ရာတွင် ကုန်ကျစရိတ် လျှော့ချနိုင်ရန် ရည်ရွယ်၍ ကုန်းတွင်း ဆိပ်ကမ်း စီမံကိန်းဖြစ် သည့်  Yangon Dry Port ကို ရန်ကုန်တိုင်း ဒေသကြီးရှိ ရွာသာကြီး၌ ယနေ့တွင်  တရားဝင်ဖွင့်လှစ် လိုက်ကြောင်း KM Terminal and Logistics Limited အထွေထွေ မန်နေဂျာ ဦးညီထွဋ်ထံမှ သိရသည်။

''ဒီနေ့ ရွာသာကြီးမှာ ကုန်းတွင်းဆိပ်ကမ်း ဖွင့်လှစ်လိုက်ပါပြီ။ ဒီကုန်းတွင်း ဆိပ်ကမ်းက ၂ဝ၁၈ ခုနှစ် မေလ လောက် ကတည်းက လုပ်ငန်းလုပ်ကိုင်နေတဲ့ မန္တလေးတိုင်းဒေသကြီးက မြစ်ငယ်ကုန်းတွင် ဆိပ်ကမ်းနဲ့ ချိတ်ဆက် မှာဖြစ်ပါ တယ်''ဟု ဦးညီထွဋ်ကပြောသည်။

ရန်ကုန်ကုန်းတွင်း ဆိပ်ကမ်းသည် ရေယာဉ်များကြား ကုန်ပစ္စည်း စီးဆင်းမှုကိုမြန်ဆန်စေကာ  ကုန်းတွင်းအဓိက သယ်ယူ ပို့ဆောင်ရေး ကွန်ရက်များ ကိုလည်း ပိုမိုအဆင်ပြေ ချောမွေ့စေမည်ဖြစ်သည့်အပြင် ကုန်စည် လက်ခံ သူများနှင့် တင်ပို့သူများ အတွက်လည်း တန်ဖိုးအသစ်များ ဖန်တီး ပေးနိုင်မည်ဖြစ်သည်။

ယင်းဆိပ်ကမ်းတွင် အကောက်ခွန်စစ်ဆေးမှုများလည်း ဆောင်ရွက်ထားပြီး ၂၄ နာရီ ခုနစ်ရက်လုပ်ငန်း လည်ပတ်မှု၊  ကွန်တိန်နာ ထိန်းသိမ်းခြင်းနှင့် သန့်ရှင်းရေးဝန်ဆောင်မှုများ၊ ITချိတ်ဆက် စုံစမ်းစစ်ဆေးခြင်း၊ ဆိပ်ကမ်းအလေး ချိန်စက်၊ ကုန်ပစ္စည်း အာမခံနှင့် ပြန်လည်တင်ပို့မည့် ကုန်ပစ္စည်းများအတွက် သွင်းကုန်၊ ပြည်ပပို့ကုန် အခွန်ကင်း လွတ် ခွင့် စသည့် ဝန်ဆောင်မှုများ ပါရှိမည်ဖြစ်သည်။

စီမံခန့်ခွဲရေးအဖွဲ့ရဲ့ နှစ်ပေါင်း ၂ဝ ကျော် ကုန်ပစ္စည်း ကိုင်တွယ် စီမံရေး အတွေ့အကြုံတွေ နဲ့အတူ  ဒီကုန်းတွင်း ဆိပ် ကမ်း နှစ်ခုက သွင်းကုန်၊ ပို့ကုန်တွေရဲ့ လည်ပတ် စီးဆင်းမှုကို အဆင့်မြင့်စေပြီး ရန်ကုန်မြို့ရဲ့ယာဉ်ကြော ပိတ်ဆို့တာ ကနေ ဝေးတော့ အချိန်ကုန် သက်သာစေတယ်။ နောက်ခေတ်မီ စက်ပစ္စည်းတွေနဲ့ ကွန်ပျူတာ ထိန်းချုပ် စနစ်ကို သုံးထားတဲ့အတွက် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်ကို လျှော့ချပေးမှာဖြစ်ပါတယ်။ ဒါ့ပြင် ဆိပ်ကမ်းကနေ ကုန်း တွင်း ဆိပ်ကမ်းတွေကို ရထားသံလမ်း အသုံးပြုထားတဲ့ အတွက် အာမခံတွေရှိလို့ စိတ်ပူစရာလည်း မလို တော့ဘူး'' ဟု ဦးညီထွဋ် ကပြောသည်။

ရွာသာကြီး ကုန်းတွင်း ဆိပ်ကမ်းနှင့် မြစ်ငယ် ကုန်းတွင်းဆိပ်ကမ်း နှစ်ခုသည် မြန်မာနိုင်ငံအောက်ပိုင်းနှင့် အထက်ပိုင်း ကြား ကုန်သွယ်ရေးကို ပံ့ပိုးကူညီပေးပြီး နောက်ဆုံးတွင် အိမ်နီးချင်း နိုင်ငံများ အထိပါ ကုန်သွယ်မှု လမ်းကြောင်း ဖွင့်နိုင် မည်ဖြစ်ကြောင်း သိရသည်။

Read 125 times Last modified on Monday, 12 November 2018 08:23