SJ WorldNews - шаблон joomla Авто

ငါးနိုင်ငံ ဖိတ်ခေါ် Criterium Bike Race 2018စက်ဘီးပြိုင်ပွဲနှင့် ငြိမ်းချမ်းရေး အထိမ်းအမှတ် လူထုစက် ဘီးစီး ပွဲတော် ကျင်းပ

Monday, 12 November 2018 08:23 font size decrease font size decrease font size increase font size increase font size

နေပြည်တော် နိုဝင်ဘာ ၁၁

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာန အာရှစက်ဘီး အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ စက်ဘီး အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ကျင်းပသည့် ငါးနိုင်ငံဖိတ်ခေါ် Criterium Bike Race 2018စက်ဘီး ပြိုင်ပွဲနှင့် ငြိမ်းချမ်းရေး အထိမ်းအမှတ် လူထု စက်ဘီးစီးပွဲတော်ကို ယနေ့နံနက် ၆ နာရီခွဲတွင် မန္တလေးမြို့ ကျုံးမြောက်ဘက် ၁၂ လမ်း၌ ကျင်းပသည်။

အသက် ၁၉ နှစ်အောက် ငါးနိုင်ငံဖိတ်ခေါ် Criterium Bike Race 2018 စက်ဘီးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြန်မာ၊ ကမ္ဘော ဒီးယားနှင့် စင်ကာပူနိုင်ငံတို့မှ ပြိုင်ပွဲဝင် ၁၂ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး နန်းမြို့ရိုးကျုံး မြောက်ဘက် ၁၂ လမ်းအား အပတ် ၂ဝ ယှဉ်ပြိုင်ခဲ့ကြရာ ကမ္ဘောဒီးယားက ပထမ၊ မြန်မာက ဒုတိယ၊ ကမ္ဘောဒီးယားက တတိယ အသီးသီး ရရှိကြသည်။ ထို့နောက် အသက် ၂၃ နှစ်အောက် ငါးနိုင်ငံဖိတ်ခေါ် Criterium Bike Race 2018ပြိုင်ပွဲကို ကျင်းပရာ မြန်မာ၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ အားကစားသမား ၂၈ ဦး ပါဝင် ယှဉ်ပြိုင်ကာ နန်းမြို့ရိုးကျုံးမြောက်ဘက် ၁၂ လမ်းအား အပတ် ၃ဝ ယှဉ်ပြိုင်ကြရာတရုတ်က ပထမ၊ ကမ္ဘောဒီးယားက ဒုတိယ၊ အိန္ဒိယက တတိယ အသီးသီးရရှိကြသည်။

ဆက်လက်၍ ပြည်တွင်း အားကစားသမားများ သီးသန့် ပါဝင်ယှဉ်ပြိုင်သော အသက် ၄ဝ နှစ်အောက်နှင့် အသက် ၄ဝ နှစ်အထက် ပြိုင်ပွဲ များကို ဆက်လက်ယှဉ်ပြိုင်ကြသည်။

ငြိမ်းချမ်းရေး အထိမ်းအမှတ် လူထု စက်ဘီးစီး ပွဲတော်ကို မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့် မောင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမြလေးစိန်၊ မန္တလေးမြို့ တော်ဝန် ဒေါက်တာ ရဲလွင်၊ မြန်မာနိုင်ငံစက်ဘီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး မန္တလေးမြို့တော်ဝန်က သေနတ်ပစ် ဖောက်တာ လွှတ်ပေးရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးနှင့် စက်ဘီးစီး ဝါသနာရှင် ၄ဝဝ ကျော်တို့က ပါဝင်ဆင်နွှဲ စီးနင်းခဲ့ကြသည်။

ပြိုင်ပွဲများအပြီး ဆုပေးပွဲကို ကျင်းပရာ ငါးနိုင်ငံဖိတ်ခေါ် Criterium Bike Race 2018 စက်ဘီးပြိုင်ပွဲတွင် ဆုရရှိကြ သူများ၊ အသက် ၂၃ နှစ်အောက် ငါးနိုင်ငံဖိတ်ခေါ် Criterium Bike Race 2018ပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ ပြည်တွင်း အလွတ်တန်း အသက် ၄ဝ နှစ်အောက် စက်ဘီးပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့် ပြည်တွင်း အလွတ်တန်း အသက် ၄ဝ နှစ်အထက် စက်ဘီးပြိုင်ပွဲတွင် ဆုရရှိကြသူတို့အား ဒုတိယ ဝန်ကြီးဒေါက်တာ မြလေးစိန်နှင့် တာဝန်ရှိ သူများက ဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီးပေးအပ်ကြကြောင်း သိရသည်။

ဇော်မျိုး (နေပြည်တော်)

Read 116 times Last modified on Monday, 12 November 2018 08:41