SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ ဘိလိယက် ပြိုင်ပွဲတွင် မြန်မာ ကစားသမား နေသွေးဦး ဒုတိယဆု ရရှိ

Friday, 16 November 2018 08:12 font size decrease font size decrease font size increase font size increase font size

ရန်ကုန် နိုဝင်ဘာ ၁၅

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ ဘိလိယက်နှင့် စနူကာပြိုင်ပွဲ၏ 150 Up ဘိလိယက်ပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ  Grand Mercure ဟိုတယ်၌ကျင်းပရာ မြန်မာ့ လက်ရွေးစင် ဘိလိယက် ကစားသမား နေသွေးဦးက ဒုတိယဆု ရရှိခဲ့ပြီး အိန္ဒိယ နိုင်ငံသား အက်ဗာနီက ဗိုလ်စွဲခဲ့သည်။

နေသွေးဦးနှင့် အက်ဗာနီသည် စတုတ္ထပွဲငယ် အထိ တစ်ပွဲစီ အပြန်အလှန် အနိုင်ရနေသော်လည်း ငါးပွဲမြောက်ပွဲငယ်မှ စတင်ကာ အက်ဗာနီက တောက်လျှောက် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ နေသွေးဦးသည် သတ္တမ ပွဲငယ်တွင် နိုင်ပွဲပြန်ရနိုင် သည့် အခွင့်အရေး ရခဲ့သော်လည်း အသုံးချနိုင်ခြင်း မရှိသောကြောင့် အက်ဗာနီက ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ အက်ဗာနီ

သည် ပထမပွဲငယ်တွင် ၁၅ဝ-၂၁ မှတ်၊ ဒုတိယ ပွဲငယ်တွင် ဝ-၁၅၁ မှတ်၊ တတိယပွဲငယ်တွင် ၁၅၁-ဝ မှတ်၊ စတုတ္ထ ပွဲငယ်တွင် ၄-၁၅၁ မှတ်၊ ပဉ္စမပွဲငယ်တွင် ၁၅၁-၁၁ မှတ်၊ ဆဋ္ဌမပွဲငယ် တွင် ၁၅ဝ-၈၁ မှတ်၊ သတ္တမပွဲငယ်တွင် ၁၅၁-

၁ဝ၉ မှတ်၊ အဋ္ဌမပွဲငယ်တွင် ၁၅၁-ဝ မှတ်ဖြင့် အနိုင်ရခဲ့သည်။

နေသွေးဦးသည် အုပ်စုပွဲများတွင် မာရေး (အိုင်ယာလန်)ကို သုံးပွဲပြတ်၊ ဆန်းမြင့် (မြန်မာ)ကို သုံးပွဲပြတ်ဖြင့် အနိုင်ရခဲ့ပြီး ရူပီရှ (အိန္ဒိယ)ကို သုံးပွဲပြတ်ဖြင့်ရှုံးနိမ့်ခဲ့သည်။

နေသွေးဦးသည် အုပ်စု ဒုတိယဖြင့် နောက်တစ်ဆင့် တက်ရောက်ခဲ့ပြီး ၂၄ ဦး ရှုံး/ထွက် အဆင့်တွင် ထိုင်းကစား သမား ထာဝပ်ကို ၄ ပွဲ-၃ ပွဲ၊ ၁၆ ဦး ရှုံး/ထွက် အဆင့်တွင် ချစ်ကိုကို(မြန်မာ)ကို ၄ ပွဲ-၁ ပွဲ၊ ကွာတား ဖိုင်နယ်တွင် ဆင်ဟတ် ပါရစ် (အိန္ဒိယ)ကို ငါးပွဲပြတ်၊ ဆီမီးဖိုင်နယ်တွင် နာမည်ကြီး အင်္ဂလန်ကစားသမား မိုက်ရပ်ဆဲလ်ကို ၅ ပွဲ-၂ ပွဲဖြင့် အနိုင်ရခဲ့သည်။ နေသွေးဦးသည် ၂ဝ၁၇ ခုနှစ် ကမ္ဘာ့ဘိလိယက်ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သူဖြစ်ပြီး ယခု နှစ်တွင် ဒုတိယဆု ရယူနိုင်ခဲ့ကာ မြန်မာဘိလိယက်ကစားသမား များတွင် ကမ္ဘာ့အဆင့်ပြိုင်ပွဲ၌ ပထမဆုံး ဗိုလ်လုပွဲ တက် ရောက်နိုင်သူ အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ကမ္ဘာ့ ဘိလိယက်ပြိုင်ပွဲတွင် 150 Up  ပြိုင်ပွဲပြီးဆုံးခဲ့သောကြောင့် Long Up ပြိုင်ပွဲကို ယနေ့မှ စတင်၍ ကျင်းပလျက် ရှိပြီး ကစားသမား ၃၇ ဦး ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

Read 112 times Last modified on Friday, 16 November 2018 08:20