SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီခချန်းနှင့် တွေ့ဆုံ

Friday, 16 November 2018 09:56 font size decrease font size decrease font size increase font size increase font size

စင်ကာပူ   နိုဝင်ဘာ ၁၅

(၃၃)ကြိမ်မြောက်  အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များတက်ရောက်ရန် စင်ကာပူနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီခချန်းနှင့် ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် စင်ကာပူနိုင်ငံရှိ Suntec Expo Convention Center  ဧည့်ခန်းမ၌  တွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ  တိုးမြှင့်ရေး ကိစ္စရပ်များ၊ ပညာရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး အတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ကြသည်။

ထို့ပြင် တရုတ်နိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံအစိုးရ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ရခိုင်ပြည်နယ်အရေးတို့ နှင့်ပတ်သက်၍ ထောက်ခံသွားမည်ဖြစ်ကြောင်းနှင့်   နိုင်ငံတကာ မျက်နှာစာတွင် ဆက်လက်ပံ့ပိုး ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ရခိုင်ပြည်နယ် အရေးတို့နှင့် ပတ်သက်၍ တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးမှုများ အတွက်  ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

(သတင်းစဉ်)

Read 102 times Last modified on Friday, 16 November 2018 09:58