SJ WorldNews - шаблон joomla Авто

ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပ ပြုလုပ်သည့် တတိယ အကြိမ်မြောက် တရုတ်-မြန်မာ မဟာဗျူဟာ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်

Friday, 16 November 2018 22:59 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော်၊ နိုဝင်ဘာ -၁၆

 

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုစစ်ကော်မရှင်၊ ပူးတွဲစစ်ဦးစီးဌာန၊ ဒုတိယစစ်ဦးစီးချုပ် Lieutenant General Shao Yuanming ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်း မြို့သို့ ရောက်ရှိနေသည့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် တတိယ အကြိမ်မြောက် တရုတ်-မြန်မာ မဟာဗျူဟာ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ သို့ ပါဝင်တက်ရောက်ရန်အတွက် နိုဝင်ဘာ ၁၅ ရက် ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၄၅ မိနစ်တွင် တရုတ်ကာကွယ်ရေး ၀န်ကြီးဌာန၊ နိုင်ငံတကာ စစ်ဘက်ပူးပေါင်း ဆောင်ရွက်ရေးရုံး (Office for International Cooperation-OIMC) သို့ရောက်ရှိရာ Deputy Chief of Joint Staff ဖြစ်သူ Lieutenant General Shao Yuanming နှင့် တာဝန်ရှိသူများမှ ကြိုဆို ခဲ့ကြသည်။

 

၎င်းနောက် အစည်းအဝေးအား ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံနှင့် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ ဆက်ဆံရေး အခြေအနေ၊ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး အခြေအနေ၊ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး အခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အခြေအနေများ၊ စစ်ဘက်လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်တွင် မြန်မာနိုင်ငံဘက်မှ ပြန်လည် လက်ခံ မည့် ဘင်္ဂါလီ (၂၂၆၀) ဦး အခြေအနေနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။

 

ယင်းနောက် ညပိုင်းတွင် တရုတ်-မြန်မာ မဟာဗျူဟာ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက် ရောက် လာသော ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များအား ဒုတိယ စစ်ဦးစီးချုပ် (Deputy Chief of Joint Staff) Lieutenant General Shao Yuanming က ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံသည်။

ညစာစားပွဲအပြီးတွင် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)နှင့် ဒုတိယစစ်ဦးစီးချုပ်တို့သည် အထိမ်းအမှတ်ပစ္စည်းနှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

 

Read 103 times Last modified on Friday, 16 November 2018 23:03