SJ WorldNews - шаблон joomla Авто

RCSS/SSA(ရွက်ဆစ်)အဖွဲ့၏ အဓမ္မဖမ်းဆီးခေါ်ဆောင်ပစ်ခတ်မှုကြောင့် ဒေသခံ တိုင်းရင်းသားအချို့ သေဆုံးဒဏ်ရာရ

Wednesday, 12 December 2018 21:51 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဒီဇင်ဘာ - ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စုအတွင်းရှိ နမ့်ဟူးရွာနှင့် ပန်တန်ရွာ ရေရရှိရေးအတွက် တောင်နောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွက်ဗိုင်း ဦးစီး ရွာသား ၄ ဦးတို့သည်  ဒီဇင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းတွင် ပန်တန်ကျေးရွာ၏အရှေ့ဘက် မီတာ ၄၀၀ ခန့်အကွာသို့ ရေစုကန် တည်ဆောက်ရန် သွားရောက်ကြည့်ရှုပြီး ကျေးရွာသို့ပြန်လာစဉ် RCSS/SSA (ရွက်ဆစ်) အဖွဲ့မှ အင်အား ၈ ဦးခန့်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသဖြင့် နမ့်ဟူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခွန်မြင့်အောင် ဦးစီး ရွာသား ၇ ဦးတို့က RCSS/SSA (ရွက်ဆစ်)အဖွဲ့ဝင်များ နောက်သို့လိုက်၍ ရွာသားများအား လွှတ်ပေးရန် ပြောကြားခဲ့သော်လည်း RCSS/SSA(ရွက်ဆစ်)အဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ရွာသား ၅ ဦး သေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်။ တောင်နောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွက်ဗိုင်းနှင့် နမ့်ဟူးရွာသား ၁ ဦးတို့ သည် ညနေပိုင်းတွင် ကျေးရွာသို့ပြန်လည်ရောက်ရှိလာခဲ့ပြီး ရွာသား ၁ ဦးမှာ ပျောက်ဆုံးလျက်ရှိသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော လုံခြုံရေး ပူးပေါင်း အဖွဲ့က သွားရောက်ရှင်းလင်းခဲ့ပြီး ဒဏ်ရာရရှိသူများအား လွိုင်လင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေခဲ့ကြောင်းနှင့် ပျောက်ဆုံး နေသည့် ရွာသား ၁ ဦးအား ပြန်လည်တွေ့ရှိရေးအတွက် နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိပါသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)အခန်း(၃)၊ စာပိုဒ်(၉)၊ စာပိုဒ်ခွဲ(ခ) တွင် ပါဝင်သော “ပြည်သူလူထုအား လူတစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိပါးစေသည့်လုပ်ရပ်၊ အကြမ်းဖက်ခြင်း၊ ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ လူသားမဆန်စွာပြုမူ ဆက်ဆံခြင်း၊ အကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်းနှင့် ဖျောက်ဖျက်ခြင်း မပြုလုပ်ရဓ ဟူသောအချက်အား RCSS/SSA (ရွက်ဆစ်)အဖွဲ့မှ ချိုးဖောက်ခဲ့သည့်အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)မှတစ်ဆင့် လိုအပ်သည့် ကန့်ကွက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 208 times Last modified on Wednesday, 12 December 2018 21:52