SJ WorldNews - шаблон joomla Авто

လေပြင်းတိုက်ခတ်မှုကြောင့် ရေဝင်နစ်မြုပ်မှုဖြစ်ပွားခဲ့သည့် စက်လှေမှ လှေသားများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

Sunday, 16 December 2018 10:15 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ  ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် အနီးရှိ ကျွန်းလှတောင်ကျွန်း၏ အနောက် ဘက် ၃ မိုင်ခန့်အကွာ၌ ဒီဇင်ဘာ ၁၄ ရက် နံနက် ၅ နာရီ မိနစ် ၃ဝ ခန့်တွင် ပါကေးပုံး များသယ်ဆောင်လာသည့် ငါးသယ်လှေ တစ်စင်း ရေဝင်နစ်မြုပ် သွားကြောင်း သတင်း အရ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်သားများက တပ်မတော် စစ်ရေယာဉ်ဖြင့်သွားရောက်၍ ဒေသခံငါးဖမ်းစက်လှေများ နှင့်အတူ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အဆိုပါ ငါးသယ်လှေမှာ မြိတ်မြို့၊ ကမ်း နားလမ်း၊ VANTAGE  ကုမ္ပဏီ စက်ရုံဝင်းနေ ဦးစိုင်းမွန်း ပိုင်ဆိုင်သည့် အောင်ဖြိုး ဝင်း- ၃ အမည်ရှိ ငါးသယ်လှေဖြစ်ပြီး ပဲ့နင်း ဦးအေးနိုင်အပါအဝင်   လှေသားခုနစ်ဦး တို့သည် နံနက် ၂ နာရီခန့်တွင်   ပါကေးပုံး ၄၁၇ ပုံးတင် ဆောင်၍ မလိကျွန်း အနောက်မြောက်ဘက်မှ မြိတ်မြို့သို့ ထွက်ခွာလာစဉ် အရှေ့လေပြင်း တိုက်ခတ် မှုကြောင့် လှိုင်းကြီးမိသဖြင့် စက်ခန်းအောက် ဝမ်းဗိုက်မှ ပျဉ်ချပ်ကွာကာ ရေဝင် နစ်မြုပ်ခဲ့ကြောင်း၊  တပ်မတော် သားများနှင့် ဒေသခံ ပြည်သူများက တပ်မတော် စစ်ရေယာဉ်နှင့် ဒေသခံ ငါးဖမ်း စက်လှေတို့ဖြင့် ပင်လယ်ပြင် တွင် မျောပါ ကူးခတ်နေ သူများအား ကူညီကယ်ဆယ်ရာ လှေသားခုနစ်ဦးလုံးအား ဘေးအန္တရာယ်ကင်းစွာ ကယ်တင်နိုင်ခဲ့ပြီး စစ်ရေ ယာဉ် ပေါ်၌ လိုအပ်သည့်   ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။      

Read 350 times Last modified on Sunday, 16 December 2018 10:17