SJ WorldNews - шаблон joomla Авто

ရခိုင်ပြည်နယ် အတွင်းရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည် သူများ အတွက် ထောက်ပံ့ပစ္စည်းများအား တပ်မတော်လေယာဉ်ဖြင့်ဆက်လက်ပို့ ဆောင်၊ ဒေသခံတိုင်းရင်းသားပြည်သူများ လက်ဝယ်သို့လိုက်လံ ထောက်ပံ့ ပေးအပ်

Tuesday, 12 September 2017 08:15 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ   ၁၁

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံ  တိုင်းရင်း သားပြည် သူများ၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင် လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိ သားစုများနှင့် အနယ်နယ် အရပ်ရပ်မှ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် စားသောက်ကုန်များနှင့် လူသုံးကုန် ပစ္စည်းများဖြစ်သည့် ထောက်ပံ့ ပစ္စည်းများကို စစ်တွေ လေဆိပ်သို့ ဆက် လက် ပို့ဆောင်ပေး လျက်ရှိသည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ  ယနေ့နေ့လယ်ပိုင်းတွင် လက်ဖက် ၁၄ အိတ်၊ ဝက်အူချောင်း ၂၃ ဖာ၊ ကြက်အူချောင်း သုံးဖာ၊ အသင့်စားထမင်းသုပ် ခြောက်ဖာ၊ ငါးသေတ္တာ  ၂၅ ဖာ၊  ငါးပိထောင်း ၁၄ ဖာ၊ ခေါက်ဆွဲခြောက်(မုန့်တီ)နှစ်ဖာ၊ တီးမစ် နှစ်ဖာ၊ တီရှပ် တစ်ဖာ၊ စားဆီ ၁၄၂ ဖာ၊ ငါးပိကြော် ၁၅ ဖာ၊ အတွင်းခံ ခြောက်ထုပ်၊ အမယ်စုံ၂၅ ထုပ်၊ စွပ်ကျယ် ငါးထုပ်၊ မြေခင်း ၁ဝ လိပ်၊ ခြေ အိတ် ၁ဝဝဝ စုံ၊ ဓာတ်ခဲ တစ်ဖာ၊ငါးပိကြော်နှင့် ပဲမုန့် ခြောက်ဖာတို့ကို တပ်မတော်လေယာဉ်ဖြင့် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ စစ်တွေလေဆိပ်သို့ ပို့ဆောင် ပေးရာ အဆို ပါလေယာဉ်သည် စစ်တွေလေဆိပ်သို့ မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့သည်။

ထို့အတူ နေရပ်စွန့်ခွာရွှေ့ပြောင်းရောက် ရှိနေသည့် တိုင်းရင်းသားပြည်သူများလက်ဝယ်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက  နေရာ အသီးသီး၌ လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိရာ  ယနေ့ တွင် ဘူး သီးတောင်မြို့နယ်၊ ငမြင်းဘော်ကျေးရွာတွင် ဒေသခံတိုင်းရင်းသားပြည်သူ ၃၁၁ ဦး၊ ဆင်ဖြူ တောင်ကျေးရွာတွင် ဒေသခံတိုင်းရင်းသားပြည်သူ ၃၂၇ ဦး၊ ပန်းကုံးကျေးရွာတွင် ဒေသခံ တိုင်း ရင်းသားပြည်သူ ၇၇၂ ဦးနှင့် မင်းလကိုင်းကျေးရွာမှ ဒိုင်းနက်တိုင်းရင်းသား ၈၁ ဦး၊ စုစုပေါင်း ဒေသခံတိုင်းရင်းသားပြည်သူ ၁၄၉၁ ဦးတို့ကို တပ်မတော်မှ ရဟတ်ယာဉ်၊ မော် တော် ယာဉ် များဖြင့် ထောက်ပံ့ ပစ္စည်းများ လိုက်လံပေး အပ်ခဲ့ကြောင်း သတင်းရရှိသည်။     

Read 724 times Last modified on Tuesday, 12 September 2017 08:30