SJ WorldNews - шаблон joomla Авто

နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်လျက်ရှိသည့် တိုင်းရင်းသားပြည်သူများနှင့် ဌာနဆိုင်ရာ ဝန် ထမ်း များအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

Tuesday, 12 September 2017 08:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    စက်တင်ဘာ    ၁၁

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ အကြမ်း ဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ် စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်း သားပြည် သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့တွင် တပ်မတော်နယ်လှည့်ဆေး ကုသရေး အဖွဲ့များက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေး သည်။

ထိုသို့ ဆောင်ရွက် ပေးရာတွင် မောင်တောမြို့၊ အမက(၂)စာသင်ကျောင်းတွင် ဒေသခံ တိုင်းရင်းသားပြည်သူ ၈ဝ ဦး၊ ကြိမ်ချောင်းကျေးရွာတွင် ဒေသခံ တိုင်းရင်းသားပြည်သူ ၅၈ ဦး၊ ခမောင်း ဆိပ် စခန်းတွင် ဒေသခံတိုင်းရင်းသားပြည်သူ ၁၄ ဦးနှင့် တောင်ပြိုဝဲကျေးရွာတွင် ဒေသခံတိုင်း ရင်းသားပြည်သူ ၂၁ ဦး၊ စုစုပေါင်း ဒေသခံတိုင်းရင်းသားပြည်သူ ၁၇၃ ဦးတို့ကို  အဆိုပါ ကျေးရွာများနှင့် စာသင်ကျောင်း တို့၌ သွေးတိုးရောဂါ၊ အရေပြားရောဂါ၊ သွေးအား နည်း ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိ သည်။                      

Read 789 times Last modified on Tuesday, 12 September 2017 08:50