SJ WorldNews - шаблон joomla Авто

ရခိုင်ပြည်နယ် အရေးနှင့် လုံခြုံရေးအမြင်Talk on Rakhine Issue and Security Outlook စကားဝိုင်း ဆွေးနွေးမှုများ

Tuesday, 12 September 2017 10:12 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၁

Myawaddy Media Group မှ စီစဉ်ပြုလုပ်သည့် ရခိုင်ပြည်နယ် အရေးနှင့် လုံခြုံရေးအမြင်Talk on Rakhine Issue and Security Outlook စကားဝိုင်း ဆွေးနွေးပွဲကို စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် တပ်မတော် စစ်သမိုင်း ပြတိုက်ရှိ Mini Theatre Room ၌ကျင်းပရာ နိုင်ငံတကာရေးရာ သုတေသီ ဦးကိုကိုလှိုင်နှင့် ပြင်သစ်နိုင်ငံ အရှေ့တိုင်း ပညာရပ်များ သုတေသနဌာန (EFEO) ဒေါက်တာဂျာ့က်ပီ၊ လိုက်ဒါ၊ ညွှန်ကြားရေးမှူးချုပ်၊ ပြင်သစ် ယဉ်ကျေးမှု ဌာနတို့ နှစ်ဦးက ဆွေးနွေး ပြောကြားကြသည်။

အခန်းတစ်ခန်းပဲပေး။ ကျွန်တော်တို့ အိပ်ရာ တစ်အိပ်ရာတည်းမှာ ကျွန်တော်တို့ ရအောင်အိပ်မယ်။ ဖြစ်သလိုစားမယ်။ နှစ်ယောက်စာ ပေးနိုင်မလား။ ရတယ်။ ငါတို့ပိုက်ဆံ မကုန်ဘူးဆိုရင် ပေးမယ်ဆိုလို့ နှစ်ယောက်တက်တယ်။ နှစ် ယောက်တက်လို့ ပညာတတ် နှစ်ယောက် ထွက်သွားတယ်။ ဘာကြောင့်လဲ သူတို့ပညာကို ရအောင်သင်တယ်။ ပညာဆိုတာ အရင်းအနှီးပဲ ကျောင်းသားတွေမှာလည်း တာဝန်ရှိတယ်။ ကိုယ့်နိုင်ငံကို ကိုယ်ပြန်ထူထောင်ဖို့က ကျွန်တော် ပြောချင်တာက Comprehensive National Strategy ဆိုတာ ဒီလိုစိတ်ဓာတ်နဲ့ လုပ်မှရမယ်။ အချင်းချင်းတစ်ယောက် တစ်ပေါက် လုပ်နေကြလို့ရှိရင်၊ လက်ညှိုး ထိုးနေကြလို့ရှိရင်၊ ပုတ်ခတ်နေကြလို့ရှိရင် ရှေ့မရောက်နိုင်ဘူး။ နွားကွဲရင် ကျားဆွဲမှာပဲ ဒါရှင်းတယ်။ ပထမဦးဆုံး Comment ကိုဖြည့်စွက်ပြီး တင်ပြတာ ဖြစ်ပါတယ်။ ဒုတိယအချက် ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ အစဉ်အဆက်သော အစိုးရများက ပြည်တွင်း ပြဿနာအထိပဲ အုပ်ဆိုင်းပြီးတော့မှ ကာထားခဲ့တယ်။ သို့သော်လည်း ဒီအခြေအနေမှာ အခြေအနေ အမျိုးမျိုးကြောင့်မို့လို့ တဖြည်းဖြည်းချင်း အပြင်က နေပြီးတော့ ဒါကိုဒေသတွင်း ပြဿနာ လုပ်ချင်တဲ့သူတွေကလည်း ပေါ်လာတယ်။ နိုင်ငံတကာ ပြဿနာဖြစ်အောင် လုပ်ချင်တဲ့သူတွေကလည်း ပေါ် လာတယ်။  ကျွန်တော် တင်ပြခဲ့ပြီးပြီ။ ဘာကြောင့်မို့လို့ သူတို့လုပ်ကြလဲဆိုတာ။ အဲဒီအခါကျတော့ စောစောက ဆရာပြောသလိုပဲ R2P Responsibility to Protect ဒါက မစ္စတာကိုဖီအာနန် အတွင်းရေး မှူးချုပ်ဘဝတုန်းက စပြီးတော့မှ တင်တဲ့စိတ်ကူးပဲ။ သူ့နောက်ကွယ်မှာ ဘယ်သူရှိလဲ ကျွန်တော်မ သိဘူး။ သို့သော် ဘာလဲဆိုတော့ ကုလသမဂ္ဂမှာ Security Council မှာ ဗီတိုအာဏာ ရထားတဲ့ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံ။ တစ်ခုခု အင်အားကို သုံးမယ်ဆိုလို့ရှိရင် နိုင်ငံတစ်နိုင်ငံက ကမ္ဘာ့နိုင်ငံတကာ ဥပဒေအရ နိုင်ငံတွေ အများစုက စစ်ကိုစွန့်လွှတ်ကြောင်းဆိုတဲ့ သဘောတူ လက်မှတ်ထိုးထားပြီး သား  အဲဒီဟာကြီးက တကယ့်ကမ္ဘာ့ရဲ့ မူဖြစ်နေပြီးသား ဆရာဦးသန်း ကျော်၊ ဆရာ ဦးစစ်အေးတို့ သိပါတယ်။ နိုင်ငံတွေက သူများကိုသွားပြီး စစ်တိုက်လို့မရဘူး နိုင်ငံတကာ ဥပဒေအရ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လို့ရတယ်။ ကိုယ့်ကို လာထိခိုက်မယ်ဆိုရင် ကိုယ်ကတိုက်လို့ရတယ်။ အီရတ်ကို အမေ ရိကန်တိုက်သွားတာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ အနေနဲ့ဆိုပြီး မိုင် ၅ဝဝဝ ကျော်ပြီးတော့မှ လက်ဦးမှု ရယူပြီးလုပ်ခဲ့ စဉ်တုန်းက မရှိတဲ့ လက်နက်ကို ရှိတယ်ဆိုပြီးပြောပြီး အတင်းလုပ်သွားတာ။သူတို့လည်းပဲ Legitimacy အဲ့လိုမျိုး သူများနိုင်ငံကို တိုက်ဖို့ဆိုလို့ရှိရင် ဘာလိုလဲဆိုတော့ ကုလသမဂ္ဂ ပဋိညာဉ်အရ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်လိုတယ်။ အဲဒါပါမှ အင်အားသုံးလို့ရတယ်။ တရားဝင်ဖြစ်တယ်။ အဲလိုမဟုတ်ဘူးဆိုရင် ဝင်တိုက်တာသည်  တရားမဝင်ဘူး။ ဒါကြောင့်မို့လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်။

သို့သော် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အင်အားကြီးတဲ့ နိုင်ငံတွေက တစ်ယောက်နဲ့တစ်ယောက် ချိန်နေကြတာ Power အရ Check & Balance လုပ်နေကြတဲ့ အတွက်ကြောင့် ဒါကိုကျော်လွှားဖို့ မလွယ်ဘူး။ R2P ဆိုတာ ဒါကို ကျော်လွှားနိုင်ဖို့ အတွက်ကို မလွယ်ပေါက် ရှာထားတာပဲ။ တစ်နိုင်ငံ မှာ တစ်ခုခုဖြစ်လို့ ကျန်တဲ့နိုင်ငံတစ်ခုက မဖြစ်ဘူး။ ဝင်တိုက်မှ ဖြစ်တော့မယ် ဆိုလို့ရှိရင် UN Security Council ရဲ့ ဗီတိုကိုမလိုဘဲနဲ့ ဝင်ပြီးတော့မှ ဒါ Right to Protect ဆိုလိုတဲ့ သဘောက Developing Country တွေမှာ၊ နိုင်ငံသေးသေးလေးတွေမှာ ဒုက္ခရောက်နေတာ ဘယ်သူမှ လှည့်မကြည့်ဘူး။ ငါတို့ဝင်မလုပ်လို့ မရတော့ဘူး။ ကုလသမဂ္ဂကို စောင့်နေလို့ မပြီးနိုင်ဘူး။

ဒါကြောင့် ဝင်လုပ်မှ ရမယ်ဆိုပြီး အဲလိုပုံစံနဲ့ လုပ်လာတာ ကမ္ဘာပေါ်မှာ ဒါမျိုးသုံးတာဆိုရင် East Timor မှာ တစ်ခါဖြစ် ခဲ့ဖူးတယ်။ ဒါပေမဲ့ Power Politics အရ ပြန်ကြည့်ရင် East Timor မှာ ဘာကြောင့်ဝင်တာလဲ သြစတြေးလျ သူ့အောက်မှာ ရှိတယ်။ တကယ်ဝင်သွားတာ သြစတြေးလျကဝင်တာ ကု လသမဂ္ဂ ဘာညာနဲ့ ပြောပြီးတော့ သြစတြေးလျက ဦးထုပ်ပြာဆောင်းကာ တကယ်တမ်းတော့ သြစတြေးလျတွေ။ သြစတြေးလျက ဝင်တာဘာကြောင့်လဲ East Timor နဲ့ သြစတြေးလျနဲ့ကြားမှာ တီမောပင်လယ်ဆိုတာ ရှိတယ်။ အဲ့ဒီပင်လယ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကြွယ်ဝတယ်။ သြစတြေးလျက ဒါကိုမျက်စပစ်ထားတာ။ အဲတော့ East Timor ကို သူကကိုင်ထားဖို့လိုတယ်။ အင်ဒိုနီးရှားနဲ့ သြစတြေးလျက မတည့်ဘူး။ အင်ဒိုနီးရှားက သြစတြေးလျကို သိပ်ပြီးကြိုက်တာ မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ JI တို့ Jamaah Islamiyah တို့က သြစတြေးလျတွေ အများဆုံး လာနေတဲ့ ဘာလီမှာ ဗုံးခွဲပစ် လိုက်တာ လူပေါင်း ၃ဝဝ လောက်သေတယ်။ ဒါမျိုးတွေရှိတယ်။ သြစတြေးလျက ဒီ East Timor ကိုကြားထဲမှာ Buffer ခံထားချင်တယ်။ အင်ဒို နီးရှားနဲ့ကြားထဲမှာ။ အဲတော့ မတူတဲ့ သမိုင်းကြောင်းနဲ့ East Timorက အရင်တုန်းက ပေါ်တူဂီကိုလိုနီ ဖြစ်တယ်။ West Timor က ဒတ်ခ်ျကိုလိုနီဖြစ်တယ်။ ဆိုတော့ တီမောတစ်ခုတည်း နှစ်ခြမ်း သူတို့က ယူထားကြတော့ အရှေ့ဘက်က ၇၅ ခုနှစ်မှာ ဗီယက်နမ် စစ်ပွဲပြီးတော့ ပေါ်တူဂီလည်း ဆုတ်သွားတဲ့ အခါကျတော့ ဘယ်သူမှဝင်မယ့် လူမရှိဘူး။ အင်ဒိုနီးရှားက ဝင်ကုတ်လိုက်တာ။ အဲဒီမှာတင် ဒီပြဿနာကစတာ။ ဒါပေမဲ့ နောက်မှာ Geopolitics တွေရှိ တယ်။ ဘာကြောင့်  R2P ရတာလဲဆိုတော့ သြစတြေးလျရဲ့နောက်က Interest ရှိတယ်။ R2P ဆိုတိုင်း ကျွန်တော်တို့ ကသိပ်ပြီးလန့်စရာ မရှိဘူး။ သူ့ရဲ့နောက်ကွယ်မှာ ဘာရှိသလဲ။ ဘယ်သူလာမှာလဲ။ ကျွန်တော့်အမြင်အရ ပြောရင် အခုချိန်မှာ Super Power တွေ သူ့အလုပ်နဲ့သူရှုပ် ရန်ဖြစ်လို့ေ တာင်မှ မအားဘူး။ အရှေ့အလယ်ပိုင်းမှာလည်း ပွက်လော ကိုရိုက်နေပြီ။

ဘယ်သူလာမှာလဲ R2P၊ R2P ဆိုတာ East Timor ဘာလို့ဝင်လို့ရလဲ သူတို့က နိုင်ငံလေးက ပိစိညှောက်တောက် ကလေးလေ ဘယ်သူမှလည်း မရှိဘူး။ မင်းမဲ့တိုင်းပြည်ဖြစ်နေတဲ့ အချိန်လေ။ ကျွန်တော်တို့က ဒီလိုဟာမျိုးမှမဟုတ်တာ။ ကျွန်တော်တို့ကို လုပ်ချင်တိုင်း လုပ်လို့မရဘူး။ ကျွန်တော်တို့မှာ အသိုင်းအဝိုင်းရှိတယ်။ နောက်က Backup ရှိတယ်။ အရေးကြီးတာ ဘာလဲဆိုတော့ Diplomacy ပဲ ကိုယ်က ဒီ Diplomacy ကို ကိုယ်ကကျွမ်းကျွမ်း ကျင်ကျင် သုံးတတ်ဖို့လိုတယ်။ ကျွန်တော်တို့နိုင်ငံက တစ်ယောက်တည်းနေတဲ့ ကျွန်းနိုင်ငံ မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံမှာ မိတ်ဆွေတွေ အပေါင်း အသင်းတွေ ဒီလိုပဲအင်အားဆိုတာ ညီအောင်ညှိရတာပဲ။ ဒါကိုသဘောပေါက်ဖို့လိုတယ်။ ညီ အောင်မညှိဘဲနဲ့ ငုံ့ခံနေမယ်ဆိုလို့ရှိရင် ကိုယ်ကခြင်းထဲက ကြက်လိုဖြစ်နေမယ် ဆိုလို့ရှိရင်တော့ ကိုယ်ခံရမှာပဲ။ ကိုယ့်အားမညီဘူးဆိုလို့ရှိရင် အားညီတဲ့လူနဲ့မှ ပြန်ပြီးတော့ ညှိပေးဖို့တော့ လိုတယ်။ ဒါဟာ ကမ္ဘာကြီး တစ်ခုလုံးရဲ့ Balance of Power ဆိုတာ ဒီကနေပြီးမှ လာနေတာ။  ဒီလိုပြောလို့ မြန်မာနိုင်ငံက ဘက်မလိုက်တဲ့မူဝါဒနဲ့ သွေဖည်စရာ အကြောင်းမရှိဘူး။ ကျွန်တော်တို့မှာ ကျွန်တော်တို့ရဲ့ တက်ကြွပြီးတော့မှ လွတ်လပ်တဲ့နိုင်ငံခြား ရေးမူဝါဒဆိုတာရှိပြီးသား။ ဒီနည်းလမ်းနဲ့ပဲ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့ အချိန်ကစပြီးတော့မှ ကျွန်တော်တို့ ထိန်းသိမ်းပြီးတော့မှ ကိုယ့်နိုင်ငံ ကိုယ်ရပ်တည်လာတယ်။ စစ်အေးကာလ တိုက်ပွဲအတွင်းမှာ နိုင်ငံနှစ်ခြမ်း ကွဲသွားတဲ့နိုင်ငံတွေ ရှိတယ်။ အရှေ့ဂျာမနီ၊ အနောက်ဂျာမနီ၊ ယီမင်၊ ဗီယက်နမ်၊ ကိုရီးယား၊ ဗီယက်နမ်နဲ့ ကိုရီးယားက ကျွန်တော်တို့ နားလေးမှာ နီးနေတာ ဗီယက်နမ်ရော ကိုရီးယားရော ဘယ်နိုင်ငံနဲ့ ဆက်စပ်နေလဲ။ တရုတ်နဲ့ ဆက်စပ်နေတယ်။ အတွင်းက တရုတ်အပြင်က ပတ်နေတဲ့ ဒါပထဝီနိုင်ငံရေးကို ကျောင်းမှာသင်ခဲ့တဲ့ ဆရာဦးသန်းဆွေတို့ ဘာတို့သင်ခဲ့တာ နားလည်ပြီးသား Rimland သီအိုရီနဲ့ Heartland သီအိုရီနဲ့အပြင် ကပါဝါနဲ့ အတွင်းကပါဝါ လွန်ဆွဲတဲ့အခါ ဒီဘေးအနားက နိုင်ငံလေးတွေ နှစ်ခြမ်းကွဲကုန်တာပဲ။ ဗီယက်နမ် ကွဲသွားတယ်။ ကိုရီးယား ကွဲသွားတယ်။ ဒါတိုက်ဆိုင်မှု မဟုတ်ဘူး။ ဘာဖြစ်လို့ မြန်မာမကွဲတာလဲ။ မြန်မာနိုင်ငံ ၄၉ ခုနှစ်ကတည်းက တစ်ပိုင်းတစ်စစီ ဖြစ်ဖို့က အခြေအနေက ရှိပြီးသား။  ရန်ကုန် အစိုးရ ဖြစ်ခဲ့ပြီးသား။ ဘာကြောင့်မကွဲတာလဲ။ ကျွန်တော်တို့ ဒီရပ်တည်ချက်နဲ့ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တဲ့ အတွက်ကြောင့်မို့လို့ တပ်ကလည်း ထိန်းပေးနိုင်လို့ မကွဲတာ။ ဆိုလိုတဲ့သဘောက ကျွန်တော်တို့ဟာ စောစောက ပြောတဲ့ State Institution တွေဖြစ်တဲ့ Hard Power သုံးနိုင်တဲ့ Institute တွေ ခိုင်ခိုင်မာမာနဲ့ လုပ်နိုင်တယ်။ ကစား နိုင်တယ်ဆိုလို့ရှိရင် ဘာကိုမှ ကြောက်စရာ မလိုဘူး။ အရေးကြီးဆုံးက ဘာလဲဆိုတော့ ကိုယ့်အချင်းချင်း ညီညွတ်ဖို့ပဲ ပဆုပ်ပနီတွေလိုပေါ့။ လာကိုက်ရင် အကောင်သေးပေမယ့် အကုန်ထွက်ကိုက်တယ်။ ပုတ်သင်ညိုလို နေနေရင်တော့ ကျွန်တော်တို့ သစ်ပင်ပေါ်က ပြုတ်ကျမှာပဲ။ ကျွန်တော် အဲဒါပဲ တင်ပြချင်တယ်။ ကျေးဇူးတင်ပါတယ်။

ဗိုလ်မှူးချုပ် သောင်းထိုက်ရွှေ

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ် လုံခြုံရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိရာ တစ်ဖက်က ထောင်ချောက်ဆင်လာသည်များ ရှိခဲ့သော် မည်သို့ဆောင်ရွက်သင့်ကြောင်း မေးခွန်းနှင့် တပ်မတော်က တာဝန်ထမ်းဆောင်ရာတွင် အရပ်ဘက် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်း စပ်ရေး၌ အခက်အခဲ ရှိနေသည်ကို မည်သို့ ဆောင် ရွက်သင့်ကြောင်း ဒေါက်တာ ဂျာ့က်ပီလိုက်ဒါ အနေဖြင့် ဖြေကြားပေးပါရန် တင်ပြအပ်ပါသည်။

ဒေါက်တာ ဂျာ့က် ပီ၊ လိုက်ဒါ။

မေးခွန်းနှစ်ခုပါ။ ပထမမေးခွန်းကတော့ ကျွန်တော်ဖြေဖို့ အရည်အချင်း ပြည့်မီတယ်လို့ မထင်မိပါဘူး။ ဒါလုံခြုံရေး ကိစ္စလည်းဖြစ်တယ်။ တပ်မတော်ကပဲ အကောင်းဆုံး ဆန်းစစ်နိုင်မယ်လို့ ထင်ပါတယ်။ အသေးစိတ်ပေါ့။ ဒုတိယ မေးခွန်း ကတော့ ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ ကိစ္စရပ်ပေါ့။ ကျွန်တော်တို့ တစ်ယောက်ဆွေးနွေး တင်ပြခဲ့တာ။ နိုင်ငံပြင်ပ နိုင်ငံတကာ နိုင်ငံခြားမှာ ပြည်သူလူထုက နိုင်ငံကိုမြင်တာ၊ ပြည်တွင်းက စိန်ခေါ်မှု အခက်အခဲတွေ၊ အကူအဖွဲ့အစည်းချင်း ဆက်သွယ်ပြောဆိုခြင်း ဆိုင်ရာတွေ၊ အခုဆိုရင် နှစ်ကြိမ်လုံး အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ရှိပါတယ်။ ဒီနည်းလမ်းနဲ့ဆိုရင် ဆက်သွယ်ပြောဆိုမှု ကိစ္စရပ်လို့ မြင်နိုင်ပြောနိုင်ပါတယ်။ အချို့အဓိက အချက်တွေလည်း ဆွေးနွေးပြီး ဖြစ်ပါတယ်။ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်မှု အပိုင်းတွေပါ။ အဲဒီတော့ အကြိမ်ကြိမ် အပြုသဘော ပုံရိပ်ကို ဖော်ဆောင်ဖို့ပေါ့။ အပြုသဘောပုံရိပ်ဆိုတာ အနှစ်သာရက ဘာလဲဆိုတော့ ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာရှိတယ်။ မိမိဘာ တွေလုပ်ဆောင်တတ်တယ်ဆိုတာ ရှင်းလင်းပြောကြားတယ်။ ဒါတွေပါပဲ။ ကျွန်တော်ပြီးခဲ့တဲ့ နှစ်တွေမှာ နိုင်ငံတကာ ပြင်ပလူတွေက ပြဿနာကို မြင်တာပေါ့။ သတင်းအချက်အလက် အလုံအလောက်မရဘူး။ စာရင်းအင်းတွေမရှိဘူး။ နေပြည်တော်မှာ အစိုးရ ဘာတွေ စဉ်းစားနေလဲ မသိဘူး။ ဒီလိုဖြစ်တာတွေကို လူတွေက သိချင်တယ်။ အချက်အလက်တွေ လိုချင်တယ်။ကျွန်တော်လည်း ပါပါတယ်။ မြန်မာနိုင်ငံဘက်ကနေ ပြောတာမျိုးပေါ့။ ဒါတွေကိုရှင်းပြပါ။ အံ့သြမလားတော့ မသိဘူး။ ကျွန်တော် မြန်မာနိုင်ငံဘက်ကနေ ပြောတာတွေလည်း ရှိပါတယ်။ စာအုပ်တွေ အလုံအ လောက်မရှိဘူး။ သုတေသန အလုံအလောက် မလုပ်ရသေးဘူး။ ဒါမျိုးတွေပါ။ ဒီနေရာမှာ ဥပမာလေးတစ်ခု ကျွန်တော် ပြောချင်ပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင် ဘင်္ဂါလီ မနုဿဗေဒ သုတေသနလည်း မလုပ်ရသေးဘူး။ UN Women အဖွဲ့က ဒီကိစ္စကို အမျိုးသမီးတွေ အခြေအနေပေါ့။ သူတို့ က လေ့လာနေတယ်။ လုပ်ဆောင်နေတယ်။ ရခိုင်ကိစ္စမှာဆိုရင် Conservative ပင်ဖြစ်တယ်။ ရှေးရိုးစွဲဖြစ်တယ်။ လူတွေနဲ့ ထိတွေ့မှုမရှိဘဲ အိမ်တွင်းပုန်းဖြစ်တယ်။ ဒါတွေကို ဆွေး နွေးနိုင်တယ်။ အချက်အလက်တွေ ဖြည့်ပေးနိုင်တယ်။ အသေးစိတ်တွေ လုပ်ပေးနိုင်တယ်။ ထင်သာမြင်သာ ဖြစ်အောင် လုပ်ပေးနိုင်တယ်။ အဲဒါဆို တုံ့ပြန်မှုတွေ ရလာမယ်။ ဝေဖန်တာတွေတောင်မှ အပြုသဘော ဝေဖန်တာတွေ ရလာနိုင်တယ်။ ကောင်းတဲ့ဝေဖန်မှုတွေ ဖြစ်လာနိုင်တယ်။ ဦးကိုကိုလှိုင်လည်း ခုနက ပြောခဲ့တာ ရှိပါတယ်။ ဒီအချက်က အလွန်သက်ဆိုင်ပါတယ်။ ဒီအဆင့် အခုအချိန်မှာပေါ့။ စိန်ခေါ်မှု အခက် အခဲတွေလည်း ရှိရင်ရှိမှာ ဒါတွေကို တတ်နိုင် သလောက် ပွင့်ပွင့်လင်းလင်းနဲ့ မစိုးရိမ် မကြောက်ရွံ့ဘဲနဲ့ ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

ဦးကိုကိုလှိုင်။ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး မေးသွားတဲ့ ပထမမေးခွန်းပေါ့။ မစ္စတာ လိုက်ဒါကတော့ Security ပိုင်းဆိုင်ရာဆို သူသိပ်မကျွမ်းဘူးဆိုတာ ပြောသွားတာပါ။ ကျွန်တော်နည်းနည်းလေး ဖြည့်ပြီး ပြောချင်ပါတယ်။ အဲတော့ ဒီလို Trap လုပ်တယ် ဖြစ်နိုင်ပါတယ်။ထိုးကျွေးတာပေါ့နော်။ ထိုးကျွေးပြီးမှ ကောက်စားမယ်ပေါ့။ အဲတော့ ဒီဟာတွေက အမြဲတမ်း တိုက်ခိုက်မှုတိုင်းမှာ Conflict တိုင်းမှာ၊ လက်နက်ကိုင် ပဋိပက္ခတိုင်းမှာ နှစ်ဖက်ရင်ဆိုင် တိုက်ခိုက်ကြရတဲ့ အခါမျိုးမှာ အထူးသဖြင့်တော့ Internal Conflict တွေမှာ ပြဿနာက ဘာလဲဆိုတော့ အရပ်သားလား၊ ရန်သူလား အဲတော့လက်နက်ကို ဆွဲကိုင်မထားဘူးဆိုရင် သူ့ကိုအရပ်သားလို့ပဲ သတ်မှတ်ရတဲ့ ဘဝရောက်နေတယ်။ အဲတော့ သူကရွာသားကိုး၊ ဒါကျွန်တော်တို့ ဒီမှာတင်မဟုတ်ဘူး။ ဟိုးပြည်တွင်းသောင်းကျန်းမှု ကာလမှာလည်း သေနတ်ကို ကောက်ရိုးပုံထဲ ထိုးထားပြီးတော့မှ နွားကျောင်းနေလို့ရှိရင် ကျွန်တော် တို့ သူတို့ကိုဘာမှ လုပ်လို့မရဘူး။ သေနတ်နဲ့ လူနဲ့တွဲမိမှ ဒါဟိုဟာပဲ ဆိုပြီးမှ လုပ်လို့ရတာ။ ကျွန်တော်တို့ အမာခံဆိုပြီးတော့မှ ဖမ်းဆွဲလိုက်လို့ရှိရင် ဒါရွာသားနှိပ် စက်ပါတယ်ဆိုပြီးမှ ဖြစ်ပြန်ရော။ ဒါအင်မတန်ခက်ခဲတဲ့ ဒါအတွေ့အကြုံပါ။ ဒါပေမဲ့ ဂျီနီဗာကွန်ဗင်းရှင်းအရဆိုရင် ယူနီဖောင်းဝတ်မထားရင် ယူနီဖောင်းမဝတ်ဘဲနဲ့ သေနတ်ကိုင်တယ်။ တိုက်ခိုက်တယ်ဆိုလို့ရှိရင် အဲဒါစပိုင်ပဲ။ အဲဒါကဘာမှ မလိုဘူး။ တစ်ခါထဲ ပစ်သတ်လိုက်လို့ရတယ်။ ဒါဂျီနီဗာကွန်ဗင်းရှင်းအရ။ ဂျီနီဗာကွန်ဗင်းရှင်းအရ သုံ့ပန်းရဲ့ အခွင့်အရေး လိုချင်လို့ရှိရင် အနည်းဆုံး လက်ပတ်တစ်ခုတော့ပါရမယ်။ ဒါကြောင့် ဂျပန်တော် လှန်ရေးတုန်းက ကြယ်နီလက်ပတ်တွေ ပတ်ထားတယ်ဆိုတာ အဲဒါပါပဲ။  အဲဒီဟာမှ မပါဘဲနဲ့ ဒီလိုမျိုးရွာသားလိုပုံစံ ကုပ်ချောင်းကုပ်ချောင်းနဲ့  လက်ပစ်ဗုံးနဲ့ပစ်တယ်။ မိုင်းထောင်သွားတယ်ဆိုရင် တစ်ခါတည်းတွေ့တဲ့ နေရာမှာ ပစ်သတ်လိုက်လို့ရတယ်။ သူ့ကိုသုံ့ပန်း ဖမ်းစရာ အကြောင်းမရှိဘူး။ သို့ေ သာ် ခုခေတ်ကျတော့ သိတဲ့အတိုင်းပဲ Humanitarian Ground က ကြည့်တဲ့အခါ ကျတော့ ဒါမျိုးလုပ်ရတာ လိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုးဆိုတဲ့အခါမှာ ကိုယ်က Trap မိဖို့က သိပ်ပြီးတော့ များပါတယ်။ များတော့ ဘာလိုသလဲဆိုတဲ့အခါကျတော့ နံပါတ်(၁)အချက်က လက်နက်ကိုင် တပ်ဖွဲ့တွေမှာ Code of Conduct, Rule of Engagement, Code of Conduct ဆိုတာ စစ်သည်တော်ကျင့်ဝတ်၊Rule of EngageMent ဆိုတာ တိုက်ပွဲ မှာ စောင့်ထိန်းရတဲ့ စည်းမျဉ်းတွေ။ ဒါတွေကို ခိုင်ခိုင်မာမာ ချဖို့လိုပါတယ်။ အဲတော့ အမေရိကန်တွေလည်း ဒီလိုဖြစ်တာပဲ။ အဲဒါဘာလဲဆိုတော Shoot First, Ask Later Policy အင်မတန် အန္တရာယ် ရှိတဲ့နေရာမှာ ဘာမှပြောမနေနဲ့ လမ်းပေါ်တွေ့လို့ရှိရင် ဒီကောင် IED ထောင်တဲ့ကောင်ပစ်ထည့်လိုက်၊ မပြေးဘူးဆိုတဲ့ အခါကျတော့မှ မှန်ရင်တော့ မတတ်နိုင်ဘူးပေါ့။ ပြီးမှခေါ်ပြီးတော့မေး၊ ဒါမျိုး Policy ကို သူတို့သုံးတာပဲ။ အဲတော့ မကြာခဏ ဆိုသလို ဘာခေါ်လဲ ဆိုတော့ Collateral Damage လို့ခေါ်တာပေါ့။  ဘေးထွက်ဆုံးရှုံးမှုတွေ၊ အရပ်သားတွေ သေကုန်ကြတယ်။ အဲတော့ ဒရုန်းနဲ့ ပစ်ထည့်လိုက်တယ်။ ဒီမှာ စစ်သွေးကြွတွေ ရှိတယ်ဆိုပြီး ပစ်ထည့်လိုက်တယ်။ ဘေးနားလေးက မုန့်ရောင်းနေတယ်ဆိုတဲ့ ကလေးလည်းသေတာပဲ။ အဲဒါမျိုးတွေကတော့ ကြုံတယ်။ အဲဒါဖြစ်တဲ့ အတွက်ကြောင့်မို့လို့ အဲဒွါGenocide ဆိုပြီးတော့မှ ထပ်ပြီးတော့ လာနိုင်တာတွေလည်း အများကြီးရှိတယ်။ အဲတော့ ဒါဘာလုပ်ရမလဲ ဆိုတော့ စောစောကပြောတဲ့ ကိုယ့်မှာ တပ်မတော်သည် သူကတပ်မတော် အက်ဥပဒေအရ လိုက်နာ ဆောင်ရွက်နေသလို အရပ် ဥပဒေအရလည်း လိုက်နာဆောင်ရွက်နေတဲ့ စည်းကမ်းရှိတဲ့၊ စနစ်တကျရှိတဲ့ အဖွဲ့အစည်းဖြစ်တယ်။

Institution ဖြစ်တယ်ဆိုတာကို သိအောင်ပြဖို့လိုတယ်။ နောက်တစ်ခုက အမေရိကန် နိုင်ငံမှာလည်းပဲ အမေရိကန် တပ်မတော်မှာလည်းရှိတယ်။ တပ်ရင်းတိုင်း တပ်ရင်းတိုင်းမှာ PR Officer ဆိုပြီး (ပြည်သူ့ဆက်ဆံရေး အရာရှိ) သီးသန့်ခန့်ထားတာရှိတယ်။ Captain Level လောက်နဲ့။ သူက အရပ်ဘက်နဲ့ ဆက်ဆံလို့ရှိရင် သူကဆက်ဆံတယ်။ သူက ဦးတည်ပြီး ဆက်ဆံတယ်။ အချို့ကလည်းပဲ ဒေသခံ စကားတတ်တဲ့သူကို သူကခေါ်ပြီး ခန့်ထားပေးတယ်။ အဲတော့ဘာလဲဆိုတော့ သူကဒေသခံတွေနဲ့ ထိတွေ့တယ်။ ကိုယ့်တပ်ရဲ့ ဒီအကြောင်းအရာတွေကို ဒေသခံတွေ သိလာပြီးတော့ ဒေသခံတွေ ရင်းနှီးလာအောင် ကျွန်တော်တို့ကတော့ PR ကိုသက်သက် မရှိဘူး။ရောက်လေရာ အရပ်မှာ ပြည်သူတွေနဲ့ ရင်းနှီးအောင် နေရတယ်။ ဆေးကုပေးတယ်၊ တံတားတွေပြင်ပေးတယ်၊ ဘုန်းကြီးကျောင်း ဆွမ်းကပ်တယ် စသည်ဖြင့် အဲလိုလုပ်ပြီးတော့မှ ကိုယ်တတ်နိုင်သလောက် တိုင်းရင်းသား စကားနဲ့ စည်းရုံးပြီးတော့မှ လုပ်တဲ့ အခါကျ အားလုံးက ဆွေလိုမျိုးလို ဖြစ်သွားတယ်။ အမေရိကန်ကတော့ သူများနိုင်ငံ စစ်သွားတိုက်တယ်။ ကျွန်တော် တို့ကတော့ ကိုယ့်နိုင်ငံထဲမှာ ကိုယ့်တိုင်းရင်းသားတွေနဲ့ အတူတူနေရတာ။ ကျွန်တော်တို့က ကိုယ့်ဟာကိုယ် အကုန်လုံးတော့ လုပ်လို့ရတယ်။ သို့သော် ကျွန်တော်တို့ရဲ့အရာရှိတွေ၊ ကျွန်တော်တို့ရဲ့ ကျန်တဲ့စစ်သည်တွေ အကုန်လုံးကို ဒီစိတ်ဓာတ်ကလေး PR လုပ်ရမယ်။ ပြည်သူလူထုနဲ့ ဆက်သွယ်ရမယ်၊ ဆက်ဆံရမယ်ဆိုတဲ့ ဟာလေးကို ကျွန်တော်တို့က လေ့ကျင့်ပေးဖို့လိုတယ်။ မွေးမြူပေးဖို့ လိုတယ်။အဲဒါမျိုးကို ဒီလိုမျိုး ကိုယ့်တိုင်းရင်းသား မဟုတ်တဲ့ စစ်ဆင်ရေး နယ်မြေမှာ ရောက်ပြီ ဆိုပြန်ရင်လည်းပဲ ဘာပဲပြောပြော ကျွန်တော် သူတို့နဲ့ထိတွေ့ရမယ်၊ ဆက်ဆံရမယ်။ အဲတော့ မင်းတို့က ငါတို့ကို ရန်မပြုဘူး၊ ရန်မမူဘူး ဆိုလို့ရှိရင် ငါတို့က မင်းတို့ကိုလူသား အနေနဲ့ပဲ ဆက်ဆံဖို့က ဘာမှမခဲယဉ်းဘူ။ မင်းတို့လိုအပ်တာတွေ ရောဂါဖြစ်ရင် လည်း ငါတို့ဆေးကုပေးမှာပဲ။ စားစရာမရှိရင်လည်း ငါတို့ကူညီမှာပဲ။ ငါတို့ဘယ်သူ့မှ မခွဲခြားဘူး။သို့သော် ငါတို့ကို မင်းတို့ရန်သူလိုတော့ မဆက်ဆံနဲ့။ ဒါမျိုးဖြစ်အောင် ပထမဆုံးစပြီးတော့ စည်းရုံးရမယ်။ နောက်တစ်ခုက တပ်ရင်းတိုင်းမှာ ရှိသလိုပဲ တပ်မတော်တစ်ခုလုံးရဲ့ အစီအစဉ်အနေနဲ့ ကျွန်တော် အကြံပြုချင်တာကတော့ ကျွန်တော်တို့ရဲ့ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးသည် ဒီအလုပ်တွေလုပ်ဖို့ အတွက်ကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံထဲမှာလည်း အကုန်ပါပြီးသားပါ။ ဒါနယ်မြေ ဆင်းတဲ့  Field Unit တွေအများကြီး ရှိပြီးသားပါ။ ဒါတွေကို ထိထိေ ရာက်ရောက် သုံးစေချင်ပါတယ်။ ကိုယ့်တပ်တွေရဲ့ လှုပ်ရှားမှုတွေကို Transparently  စနစ်ကျသွားတယ်။ စနစ်တကျနဲ့ ဆက်ဆံတယ်ဆိုတဲ့ဥစ္စာ ဘာမှပြည်သူလူထုနဲ့ ဆက်ဆံတဲ့နေရာမှာ အပြစ်ဖြစ်အောင် မဆက်ဆံဘူးဆိုတာ  Recordလးတွေရအောင် လုပ်ပြီးတော့မှ ဒါကိုအပြင်ဘက်မှာ များ များပြန့်အောင် လုပ်ပေးနိုင်လို့ရှိရင် စစ်သားဆိုတာ အကြောင်းမဲ့ ရမ်းကားနေတယ်ဆိုတဲ့ ပုံစံမျိုးအပြင် ဘက်ကပုံဖော်နေတာမျိုးကို ကျွန်တော်တို့က ဟန့်တားနိုင်မှာ ဖြစ်ပြီးတဲ့အခါကျတော့ တကယ့်တပ်မတော်က စည်းစနစ်တကျ ပြည်သူလူထုနဲ့ ဆက်ဆံတဲ့နေရာမှာ စစ်သည်တော်ကျင့်ဝတ်နဲ့အညီ မှန်မှန်ကန်ကန်နဲ့ ဆက်ဆံတယ်။ ဂျီနီဗာကွန်ဗင်းရှင်းနဲ့အညီ မှန်မှန်ကန်ကန် ဆက်ဆံတယ်။ ဒါကိုကျွန်တော်တို့က ပြနိုင်တယ်။ စစ်တိုက်တဲ့ နေရာမှာတော့ သေနတ်ဆိုတာတော့ ဂျီနီဗာကွန်ဗင်းရှင်းလည်း သိချင်မှသိမယ်။ သို့သော်ငြားလည်းပဲ ကျွန်တော်တို့ တိုက်နေရုံနဲ့မပြီးဘူး။ ကျန်တဲ့စိတ် ဓာတ်ရေးရာ တိုက်ရမယ့်စစ်ပွဲ ဒါကိုလည်းပဲ ကျွန်တော်တို့က နိုင်အောင် တိုက်နိုင်ဖို့ လိုပါတယ်။ ဒီ ဥစ္စာကို စနစ်ကျတဲ့ PR Policy,Public Relation ပါ။ PR နှစ်မျိုးရှိပါတယ်။ တစ်မျိုးက Media  Relation ပါ။ နောက် တစ်မျိုးက Community Relation ပါ။ Media Relation ရော၊ Community Relation ရော၊ Media Relation ဆိုတာသတင်းစာတွေ၊ ဂျာနယ်တွေ၊ တီဗွီတွေ၊ ရေဒီယိုတွေစတဲ့ လူမှုဆက်ဆံရေး၊ ဆက်သွယ်ရေး နည်းလမ်းတွေ Community Relation ဆိုတာတကယ့်အောက်ခြေနဲ့ ထိတွေ့ဆက်ဆံတဲ့ Field Unit တွေမှာ လုပ်ရမယ့်အလုပ်တွေပါ။ ဒါ တွေကို ကျွန်တော်တို့က နှစ်ဖက် စလုံးကို မဟာဗျူဟာကျကျ Plan ဆွဲပြီးတော့မှ လုပ်ဖို့လိုနေပါပြီ။ စစ်တပ်ဆိုတာ ကာကွယ်ဖို့ပဲလိုတယ်၊ စစ်ရေးအလုပ်လုပ်ဖို့ပဲ လိုတယ်ဆိုတဲ့ အမြင်မဟုတ်တော့ပါဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်ဒီမှာ ရွေးတဲ့ Presentation ကိုရွေးလိုက်တဲ့အခါကျ Multi Dimensional Warfare ဖြစ်တယ်ဆိုတာ သတိပေးချင်လို့ လုပ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်ကလုပ်နေတဲ့ အလုပ်တွေမှန်သမျှသည် Legal Cover ရှိဖို့လိုတယ်။ ဥပမာ- တပ်ကရွာကို ဝင်ရှင်းတယ်။ ၁၄၄ ထုတ်ထားမှ အဲ ၁၄၄ ကနေပြီးတော့မှ Magistrate လို့ခေါ်တဲ့ နယ်မြေအုပ်ချုပ်တဲ့ အုပ်ချုပ်ရေးမှူးက နေပြီးတော့မှ Aid to Civil Power လို့ခေါ်တဲ့ ဒီ Request ကိုတောင်းမှ ကျွန်တော်တို့မှာရှိတဲ့ Aid to Civil Power Procedure တွေနဲ့ လုံခြုံရေး အကူအညီ ပေးလို့ရမယ်။ အဲဒီအခါကျတော့ ထွက်လာတဲ့ အုပ်စုကို ဘယ်လို Treat လုပ်ရမယ်ဆိုတာ၊ ဘယ်အဆင့်မှာ ဘယ်လိုလုပ်ရမယ်ဆိုတာ သူ့ဟာသူစည်းမျဉ်းတွေ အင်္ဂလိပ် လက်ထက်ကတည်းက ရှိပြီးသား။ အဲဒါအကုန်လုံးကို အောက်ခြေအထိ သိအောင်လုပ်ဖို့လိုသလို အပြင်ကိုလည်း သိအောင်လုပ်ဖို့လိုတယ်။ ကျွန်တော်တို့ ဒါတွေအားလုံး လိုက်နာရပါတယ်ဆိုတာ သိဖို့လိုတယ်။ အဲဒါအပြင်ကိုလည်း ဥပဒေပိုင်း ဆိုင်ရာအရ လုပ်တဲ့အရာ ဥပဒေက Cover လုပ်ပေးထား ဖို့လိုတယ်။ ထစ်ခနဲရှိရင် အရေးယူမယ်။ ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုတဲ့ဟာသည် တကယ်လက်တွေ့ တိုက်ပွဲဝင်နေရတဲ့ လူတွေမှာ အခက်အခဲ အများကြီး ရှိပါတယ်။ Legal Cover ကိစ္စနဲ့ပတ်သက်၍ ဥပဒေ အကြံပေး ပုဂ္ဂိုလ်နှစ်ယောက်က သင်တန်းသားတွေ၊ ပရိသတ်တွေကို နည်းနည်းလောက် ရှင်းပြပေးဖို့ ကျွန်တော် မေတ္တာရပ်ခံ လိုပါတယ်။

ဥပဒေပညာရှင်။ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ဥပဒေကြောင်းအရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၃၉ အရ တပ်မတော်သည် ပြည်သူအပေါ် ကျရောက်မယ့် အန္တရာယ်၊ ပြည်တွင်းပြည်ပ အန္တရာယ်ကို ကာကွယ် ဆောင်ရွက်ပေးရ မယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ရှိပါတယ်။ အဲဒီအတွက် ကျွန်တော်တို့က ဒီကိစ္စဟာ ပြည်တွင်းတင် မကဘူး ပြည်ပကနေ ကျူးကျော်တဲ့ အန္တရာယ်၊ ကျွန်တော်တို့ရဲ့ Sovereignty ကိုလာပြီး Infringe လုပ်ပြီဆိုတဲ့ အနေအထား မျိုးတွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေရာ ခုနဆက်စပ်တဲ့ R2P လေး ဆက်ပြီး ပြောချင်ပါတယ်။ အဲတော့ R2P Responsibility to Protect ဆိုတာက Government တစ်ခုဟာ ကိုယ့်ပြည်သူပေါ် ကျရောက်တဲ့ ဒီအန္တရာယ်တွေ Human Right Violation တွေ၊ ဒီ Atrocity Crimes လေးခု၊ Genocide တွေ၊ Crimes against humanity တွေ၊ War crimes တွေ၊ Ethnic cleansing ဒီလေးခုနဲ့ ပတ်သက်တဲ့ Crimes တွေကျူးလွန်တာကို အစိုးရက အကာအကွယ်မပေးနိုင်ဘူး  သို့မဟုတ် ပေးဖို့ပျက်ကွက်တယ် သို့မဟုတ် မပေးချင်တဲ့ အနေအထား ရှိတယ်ဆိုလို့ရှိရင် International Community က ဝင်ပြီးပေးခွင့် ရှိတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ပါ။ အခုဟာက ကျွန်တော်တို့ ပြည်သူကို တပ်မတော်က အကာအကွယ်ပေးတာပါ။ Respon -sibility to Protect ဆိုတာ ကျွန်တော်တို့ ပြည်သူကို ကျွန်တော်တို့ တပ်မတော်နဲ့ Security force တွေက ဒီလိုအကာအကွယ် ပေးထားတာ။ ခုနဒါဟာ ဒီလို မီးကျိုးမောင်းပျက်နဲ့ ကျွန်တော်တို့ ဓားရှည်တွေ၊ လှံတွေ၊ ဂျင်ကလိတွေနဲ့ အခု Tenerife Terrorism တွေ။ အခု Terrorist Attack တွေက ဒါနဲ့ Attack လုပ်တာ၊ ကားနဲ့တိုက်တာ ကမ္ဘာမှာ နိုင်ငံပေါင်းစုံမှာ အများကြီးဖြစ်တယ်။ ကျွန်တော်တို့မှာ Terrorism Law ရှိတယ်။ သူတို့ရဲ့ အပြုအမူ ဆောင်ရွက်မှုတွေဟာ Terrorist Act ဖြစ်တယ်။ ဒါကြောင့် Terrorism group ကြေညာတယ်။ ကြေညာပြီးတာနဲ့ Terrorist Act နဲ့ အရေးယူမယ်။ လက် တုံ့ပြန်နိုင်ဖို့ လိုတယ်။ ပြန်နိုင်တဲ့ အခြေအနေတွေ ရှိပါတယ်။ ဒါကိုလည်း ဥပဒေအတွင်းကနေ ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုပါတယ်။ ဆောင်ရွက်နေတာလည်း နားလည်ပါတယ်။ သိရပါတယ်။ ဒါကိုလည်း International community သိအောင် ကျွန်တော်တို့က နည်းမျိုးစုံ Response လုပ်ဖို့ ရယ်၊ သိအောင်ဆောင်ရွက်ဖို့ရယ်၊ Diplomatic Relation အရရော ဒီဘက်က PR အရရော နောက်တစ်ခါ ဒီဘက်က Media အရရော နည်းလမ်းစုံနဲ့ ဆောင်ရွက်သွားဖို့ လိုမှာဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့ရဲ့ ဥပဒေအရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရရော ဒီဘက်က Counter Terrorism Law အရရော၊ ကျွန်တော်တို့မှာ ပြည့်ပြည့်ဝဝ ရှိပါတယ်။ Government ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ကျွန်တော်တို့ ပြဋ္ဌာန်းထားတဲ့ အကာအကွယ် ရှိနေပြီဖြစ်တဲ့အတွက် ကျွန် တော်တို့  ရဲရဲတင်းတင်းပဲ ဒီပြည်သူ့ အကူအညီနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ လိုပါတယ်။

ဦးကိုကိုလှိုင်။ ကျွန်တော်တို့ သတင်းရဖို့ဆိုရင် သတင်း Source များများရဖို့ လိုပါတယ်။ ဒီရခိုင်ကိစ္စနဲ့ ပတ်သက်လို့ မဟုတ်ဘဲနဲ့ နိုင်ငံတကာ ဖြစ်ပျက်နေတဲ့ အခြေအနေ အားလုံး လေ့လာတဲ့ Study Group တွေကတော့ ရှိသင့်ပါတယ်။ အဲလိုရှိသင့်တဲ့ အတွက်ကြောင့်မို့လို့ တပ်မတော်ထဲမှာ ဆိုရင်တော့ မဟာဗျူဟာ လေ့လာရေးပေါ့နော်။ အဲလိုအဖွဲ့ကြီး တစ်ခုထောင်ပြီးတော့ လေ့လာနေတာလည်း ရှိပါတယ်။ အဲဒါအပြင် သက်ဆိုင်ရာ ကြည်း၊ ရေ၊ လေ ရုံးတွေမှာလည်း ဌာနတွေရှိပါတယ်။ ကာကွယ်ရေး ဝန်ကြီးဌာနမှာကို သုတေသနဌာန Section တွေ တိုးချဲ့နေတယ်။ ဒါကတော့ ကျွန်တော် သိ သလောက်ပေါ့နော်။ အဲတော့ ကျွန်တော် မသိသေးတာတွေလည်း ရှိမှာပါ။ အဲဒီတော့ အဲဒီဟာတွေကိုလည်း အခြေအနေပေါ်မှာ မူတည်ပြီးတော့ အဲတာတွေကို အကုန်လုံးတော့ Focus မလုပ်နိုင်ဘူး။ ကျွန်တော် တာဝန်ထမ်းဆောင်တဲ့အချိန် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) သုတေသနဌာနမှာ ဖွဲ့စည်းပုံ ပြောင်းတဲ့အချိန်မှာ အဲဒီဖွဲ့ စည်းပုံ အသစ်ကို ကျွန်တော်တို့ ဝင်ပြီးတော့မှ ဆွဲပေးခဲ့ရပါတယ်။ ဆွဲပေးခဲ့တဲ့ထဲမှာ နယ်မြေတွေကို အပိုင်းလိုက်ခွဲ တယ်။ အမေရိကန် Section၊ Europe Section နောက်ပြီးတော့ တရုတ်၊ အိမ်နီးချင်း အာဆီယံ စသည်ဖြင့်ပေါ့။ သိပ်ပြီးတော့မှ ကျွန်တော်တို့အတွက် အရေးမပါတဲ့ လက်တင်အမေရိကတို့၊ အာဖရိကတို့ကို ဦးစားမပေးဘူး။  ကျွန်တော် တို့ရဲ့ အမျိုးသား အကျိုးစီးပွားကို အမြဲတမ်း သက်ရောက်လာနိုင်တဲ့ အင်အားကြီးနိုင်ငံတွေ၊ အိမ်နီးချင်း နိုင်ငံတွေ ဒါမျိုးကိုတော့ ကျွန်တော်တို့ သီးခြားလေ့လာမှု ရှိပါတယ်။ အဆင့်မြင့် သင်တန်းကြီးတွေမှာဆိုရင် Country Study ဆိုပြီး လုပ်တာရှိပါတယ်။ အဲတော့ ဒါ General Study တွေပေါ့။ သို့သော်လည်း Case Study လုပ်တဲ့အခါမှာလည်း အခါ အားလျော်စွာ ကျွန်တော်တို့ ကိုယ်တိုင် ရေးသားပြုစုခဲ့တာတွေ ရှိပါတယ်။ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်တို့လုပ်ခဲ့တာတွေ ရှိပါတယ်။

ဟိုတုန်းက ၁၉၉ဝ ပြည့်လွန်လောက် ကတည်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြုစုခဲ့တဲ့ စာအုပ်စာတမ်းတွေ ခုထက်ထိ ကက(ကြည်း) သုတေသနမှာ ရှိဦးမယ် ထင်ပါတယ်။ အဲ့ကတည်းက ကျွန်တော်သိတယ်။ ဒီကိစ္စကြီးဟာ ဒီလိုပဲဖြစ်နေဦး မယ်ဆိုတာ သိတယ်။ ကျွန်တော် တင်ပြချင်တာကတော့ အခြေ အနေပေါ်မှာ မူတည်ပြီးတော့ ဦးစားပေးရမယ့် Issue တွေကို Emphasize လုပ်ပြီးတော့မှ အလေးထားပြီးတော့မှ ဒါတပ်ဘက်တင် မဟုတ်ဘဲနဲ့ ကျန်တဲ့ Academia ပေါ့ တက္ကသိုလ်တွေ စောစောက ပြောခဲ့သလို မနုဿဗေဒနဲ့ ပတ်သက်ပြီးတော့ များများမလေ့လာဘူး။ သူများကိုမပြောနဲ့ ကျွန်တော်တို့ နိုင်ငံလူမျိုး ၁၃၅ မျိုးမှာ တကယ် Anthropology  နဲ့လေ့လာပြီး အုပ်စုခွဲထားတာ မလုပ်နိုင်ဘူး။ ဒါ ကြောင့် ပြဿနာတွေက အများကြီး တက်တယ်။ ရှမ်းလိုပြောတယ်။ ဒါပေမဲ့ တောင်ရိုးတို့ ဓနုတို့က Tibeto-Burman တွေ အဲလိုမျိုးဖြစ်နေတာ။ မြန်မာစကားပဲ ပြောကြတယ်။ ပအို့တို့  ကရင်တွေဘက်  ရောက်သွားတယ်။ ရှမ်းလိုသာ ပြောပေမယ့်လည်း ရှမ်းပြည်ကြီး တစ်ခုလုံး ရှမ်းတွေပဲရှိတာ မဟုတ်ဘူး။ ရှမ်းဆိုတာ Tai-Chinese လို့ခေါ်တဲ့ ရှမ်းတ ရုတ်နွယ်ဖွားထဲက Tibeto-Burman ဆိုတဲ့ တိဗက်ဗမာတွေ ရှိတယ်။ နောက်ပြီး ခမဲရှိတယ်။ ဗမာနွယ်ဖွားတို့၊ ပ လောင်တို့ရှိတယ်။ ဘာသာစကားအရ မွန်ခမာအုပ်စုထဲမှာပါတယ်။ အားလုံး တစ်ခုပေါင်းပြီးမှ နေလာကြတာ။ ဒါကြောင့်မို့လို့  နိုင်ငံရေး ပြဿနာ ဖြေရှင်းရဆိုလို့ ရှိရင်လည်း ဒေသအခေါ်အဝေါ်တွေကို ပထဝီ အနေအထားနဲ့ ပိုင်းခြားမလား။ လူမျိုးနဲ့ ပိုင်းခြားမလားဆိုတာ ရှေ့ဆက်ပြီး ဆွေးနွေးကြရမှာ ဒါတွေက အများကြီး ပါသေးတယ်။ ဒါတောင် မဖြေရှင်းနိုင်သေးဘူး။ ကိုယ့်အထဲက အထုပ်တောင် မဖြည်နိုင်သေးဘူး။ အပြင်ကဟာ ခဏထားဦးဆိုတဲ့ သဘောမျိုး ဖြစ်နေတာ။ မလိုဘူးလားဆိုတော့ လိုပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာလည်း ကျွန်တော်တို့ အမျိုးသား အကျိုးစီးပွားနဲ့ ဆက်နွှယ်နေတဲ့ မရမာကြီး၊ ချက်ရမာ၊ သက် ဒါသူတို့ စစ်တကောင်း တောင်ပေါ်မှာ ရှိနေတာတွေရှိတယ်။  နောက်ပြီးတော့ အောက်ဘက်မှာ ရှိနေတဲ့ ဘင်္ဂါလီမှာတောင်မှ ဘင်္ဂါလီနဲ့ စစ်တကောင်း၊ ဘင်္ဂါလီနဲ့ဟိုဘက်က ဘင်္ဂါလီနဲ့ မတူဘူး။

စစ်တကောင်း ဘင်္ဂါလီနဲ့ ကျွန်တော်တို့ဆီရောက်နေတဲ့ ဘင်္ဂါလီနဲ့ သွားတူနေပြန်ရော။ ဒါမျိုးတွေကတော့ လေ့လာစရာ တွေလုပ်မယ်ဆိုရင် အများကြီးရှိတယ်။ Athropology နဲ့ လေ့လာမယ်ဆိုရင်လည်း Human Resource လိုတယ်။ ပါးစပ်ကပြောတော့ အကုန်သိ။ ဘယ်သူလုပ်မှာလဲ ကျွန်တော် တို့ဆီမှာ Anthropologist ကလည်း မရှိသေးဘူး။ DNA ဆိုတာလည်း အလှမ်းဝေးတယ်။ အရှေ့တောင်အာရှ တက္ကသိုလ်ကြီးတွေမှာ၊ တရုတ်ပြည် တက္ကသိုလ်တွေနဲ့ ပေါင်းပြီး တော့ အရှေ့တောင် အာရှမှာရှိနေတဲ့ လူမျိုးစုတွေရဲ့ GeneticAnthropology DNA နဲ့ တွက်ထားတဲ့ ဟာတွေ လုပ်ထား တာရှိတယ်။ မြန်မာနိုင်ငံ ကျန်နေခဲ့တယ်။ မြန်မာမှာ Technology မရှိဘူး။ မရေရာတဲ့ ယုံတမ်းစကားတွေနဲ့ ရွာဟောင်းကကျားတို့ ဘာတို့ညာတို့နဲ့ လုပ်နေရတဲ့အစား ပို System ကျတဲ့လေ့လာမှု သုတေသနတွေ လုပ်ဖို့လိုတယ် လိုတာသိတယ်။

ဘယ်သူလုပ်မှာလဲ၊ ပိုက်ဆံဘယ်မှာရမှာလဲ။ လူကဘယ်မှာရမှာလဲ ပြေးကြည့်လိုက်လို့ရှိရင် ဒီလူတွေပဲ မြင်နေရတယ်။ ဘယ်အစည်းအဝေးမဆို သိတဲ့လူပဲ ဒီနည်းနည်းလေးတွေပဲ ဒီလူတွေပဲ ကိုယ်ပွားခွဲနိုင်တာလည်း မဟုတ်ဘူး။ ဘာလဲဆိုတော့ ခုကတည်းက လေ့လာနိုင်တဲ့ မျိုးဆက်သစ်တွေ၊ ပညာ တတ်တွေ၊ အမျိုးသားရေး စိတ်ဓာတ်ရှိတဲ့လူတွေ၊  လူငယ်တွေ ဒါတွေကို မွေးပြီးတဲ့ အခါကျတော့  ပြုစုပျိုးထောင်ပေးရမယ်။ ချက်ချင်းတော့ ဖြစ်လာမှာ မဟုတ်ဘူး။ ဘာကိုခန့်မှန်းလဲဆိုတော့ တင်ပြတဲ့ အထဲမှာပါတယ်။ Objective and Farsightedness Strategy အဝေးကိုမျှော်ပြီး တော့လုပ်ရမယ်။ သေချာစနစ်တကျ မွေးမြူပြီးတဲ့ အခါကျတော့ ပျိုးထောင်ပေးမှသာ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြောသလို ၁ဝ နှစ်၊ ၁၅ နှစ်တန်သည် ခုန်ကျော်ပြီးတော့ လိုက်နိုင်မှ အမြီးလေးလောက်ပဲ ဆွဲနိုင်မှာ၊ ဘာလို့လဲဆိုတော့ UN 2020 Sustainment Policy အရပြောကြဆိုကြတဲ့အခါ သူများတွေက သူတို့ တိုးတက်မှုတွေကို ဘယ်လောက် ထိထိန်းထားတယ်။ ရှေ့ဆက်ပြီး ဘယ်လောက် တိုးတက်အောင် လုပ်နေတယ်။

ကျွန်တော်တို့မှာ ပြန်ပြောလိုက်ရင် အဲ့ဒီဟာကိုပဲ ထောင်စုနှစ် Goal ကိုပဲ အပြည့်ဆင်းရဲခြင်းကို တစ်ဝက်လျှော့ချဖို့ တောင်မှ ကျွန်တော်တို့မှာ ယက်ကန်ယက်ကန် ဖြစ်နေတယ်။ လူ့အရင်းအမြစ် ပညာရေးမှာလည်း ဒီလိုပဲ။ လူဦးရေရဲ့ မူလတန်းအဆင့် ကျောင်းသား လူဦးရေရဲ့ ၈ဝ ရာခိုင်နှုန်းက တက္က သိုလ်ဝင်တန်းကို မရောက်ဘူး။ တက္ကသိုလ်ဝင်တန်း မရောက်လို့ အသက်မွေးဝမ်းကျောင်းတွေ တတ်လားဆိုတော့ အဲ့ဒါလည်း မတတ်ဘူး။ ဒီကလေးတွေ ဘယ်ရောက်ကုန်လဲ။ ယိုးဒယား ထွက်ပြီးတော့ Manual Job အလုပ်ကြမ်းတွေ လုပ်ရတယ်။ အနှိမ်ခံနေရတယ်။ ဒါမျိုးတွေကို မပြင်နိုင်သရွေ့ေ တာ့ လိုချင်တဲ့ အဆင့်အတန်းကိုရောက်မှာ မဟုတ်သေးဘူး။ ဒီပညာရေးသာလျှင် အားကိုးရမယ့် အရင်းအနှီးပဲ၊ ပညာရေးသာလျှင်ခံတပ်ပဲ၊ ဆရာပြောတာ ကောင်းပါတယ်။ အင်မတန်လည်းပဲ တန်ဖိုးလည်းရှိပါတယ်။ ဝိုင်းပြီးတော့ ကြိုးစားသွားပါမယ်။ မလုပ်သေးဘူး၊ မရှိသေးဘူးဆိုပြီးတော့ ပြော လို့တော့မရဘူး။ UN 2020 Forum မှာ  မြန်မာနိုင်ငံ ကိုယ်စားပြုပြီးတော့မှ NGO အဆင့်တစ်ခုအနေနဲ့ ကျွန်တော်ပြောခဲ့တာကျတော့ အတူတူပါလာတဲ့ စင်ကာပူ၊ ကူဝိတ်၊ တရုတ်ပါတယ်။ သူတို့က Developed ဖြစ်ကုန်ကြပြီ။ ကျွန်တော်တို့က နောက်လိုက်ပြီး ယှဉ်ပြရင် နောက်ဆုံးကပဲ။ အာဆီယံထဲ မှာတောင်မှ နောက်နားမှာ ကပ်နေတော့ ပြောရမှာ Weak ဖြစ်တယ်။ ကျွန်တော်တို့က ခရုလေးလိုပဲ။ တရွေ့ရွေ့ သွားနေတာ။ ခင်ဗျားတို့က ဂျက်အင်ဂျင်နဲ့ မိုးပေါ်မှာ မောင်းနေသလိုပဲ။ ခရုက ကျောက်တုံး လေးတွေ့ရင်တောင် မနည်းကျော်နေရတာ အမီလိုက်ဖို့ နေနေသာ။ ကျောက်တုံးတွေ အများကြီး ရှိတယ်။ အမီလိုက်ဖို့ ၂ဝ၂ဝ Agenda ကို အမီလိုက်ဖို့ ခရုကို တောင်ပံတပ်ဖို့လိုတယ်။ နိုင်ငံတကာလည်း ခရုကို တောင်ပံတပ်ဖို့ လိုပါတယ်။ နိုင်ငံတကာ တပ်ပေးတဲ့ တောင်ပံကိုလည်း အားကိုးလို့မရဘူး။ ကိုယ်တိုင်လည်း ပျံနိုင်အောင်ကြိုးစားရမယ်။ ကိုယ်ထူကိုယ်ထ၊ ကိုယ့်အားကိုယ်ကိုးရမှာပဲ။ ကျွန်တော်အမြဲတမ်း ကလေးတွေနဲ့ စကားပြောလို့ရှိရင် ဘဝဆိုတဲ့ ဘဝဆိုတာ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်လမ်းကိုယ်ထွင် ညံ့ရင်ကြိုးစား၊ မှားရင်ပြန်ပြင် လဲရင်ပြန်ထ ဒါဘဝပဲ။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ နိုင်ငံတိုးတက်အောင် ကျွန်တော်တို့ ဘိုးတွေဘွားတွေ နှစ်ပေါင်းထောင်ချီပြီးတော့ ခမ်းနားထည်ဝါစွာ အင်ပါ ယာတောင် ထူထောင်နိုင်တဲ့ ဘဝတောင် လုပ်သွားခဲ့ကြသေးတာ။ ကျွန်တော်တို့ လက်ထက်ကျမှ ညံ့ကြတော့မှာ လား။ ဘယ်သူ့မှာ တာဝန်ရှိလဲ။  နိုင်ငံဆိုတာ မြေကြီးနဲ့လူပဲ။ မြေကြီးကဘာမှ လုပ်မပေးနိုင်ဘူး။ လူက အစစအရာရာ ပဲ လူတွေမညီညွတ်ဘူး။ ကွဲနေမယ် ဆိုရင်တော့ ဘယ်တော့မှ လိုချင်တဲ့ပန်းတိုင်ကို ရောက်မှာမဟုတ်ဘူး။ ကမ္ဘာမ ပြောနဲ့ အာဆီယံမှာတောင် လက်မထောင်နိုင်ဖို့ အဝေးကြီးပါ။

ပြန်စဉ်းစားကြည့်ရင် စာအုပ်တစ်အုပ် ရေးခဲ့ဖူးတယ်။ ကိုခင်မောင်စိုးနဲ့ တွဲဖက်ပြီးတော့မှ အပတ်စဉ်(၁၉)က ရွှေပြည် တော်မျှော်မဝေးပြီမို့ဆိုတဲ့ စာအုပ်နိဂုံးချုပ်မှာ အချင်းချင်း ကွဲနေကြဦးမယ် ဆိုရင်တော့ ကျွန်တော်တို့က တစ်ချိန်မှာ သမိုင်းတရားခံ ဖြစ်သွားမှာပဲလို့ နိဂုံးချုပ်ခဲ့တယ်။ ကွဲနေမယ် မကြိုးစား ဘူးဆိုရင်တော့ နောင်တစ်ချိန်မှာ နောင်လာ နောက်သားတွေက ဘယ်သူ့ကို လက်ညှိုးထိုးမလဲ။ ဒါကိုစဉ်းစားပြီးတော့မှ မှားရင်ပြင် ညံ့ရင်ကြိုးစားရမှာ ကျွန်တော် တို့ရဲ့တာဝန်ပဲ ဖြစ်ပါတယ်။ တင်ပြချင်ပါတယ်။ ထို့နောက် တက်ရောက်လာသူ ၈၈ ကျောင်းသူ ခေါင်းဆောင်ဟောင်း အမျိုးသမီးတစ်ဦးက ရခိုင်ပြည်နယ် အပါအဝင် တိုင်းဒေသကြီးများနှင့် ပြည်နယ် အသီးသီး၌ ပြည်သူတို့ဘဝ လုံခြုံရေး အတွက် အစိုးရနှင့် တပ်မတော်တို့က မည်သို့ဆောင်ရွက် ပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းသည်။

ဦးကိုကိုလှိုင်က ဖြေကြားရာတွင် အမှန်တော့ ဒီမေးခွန်းက ကျွန်တော့်ကို မေးရမယ့် မေးခွန်းမဟုတ်ဘူးထင်တယ်။ သက်ဆိုင်သူကိုသာ မေးရမှာ ဖြစ်ပါတယ်။  ကျွန်တော်က အပြင်ကလူ။ ကျွန်တော့် အမြင်လေးကို တင်ပြချင်ပါတယ်။ ပီးပြည့်စုံတဲ့လုံခြုံမှုဆိုတာ ဘယ်မှာမှမရှိဘူး။အင်မတန်လုံခြုံမှုကို ဂရုစိုက်တဲ့ နိုင်ငံတွေမှာတောင် ပိုးစိုးပက်စက် ဖြစ်နေကြတုန်း၊ အဲတော့ ကျွန်တော်လေ့လာမိသလောက်တော့ လွတ်လပ်ခွင့်နဲ့ လုံခြုံမှုပေါ့နော်။ လွတ်လပ်ခွင့် အရမ်းပေးတဲ့ နေရာတွေမှာ လုံခြုံမှု ကျိုးပေါက်တာများတယ်။ ဒါဘယ်သူ့ကိုမှ ပုတ်ခတ်တာမဟုတ်ဘူး။ လုံခြုံရေး အမြင်အရပြောတာ။ လွတ် လွတ်လပ်လပ် ဘာမှစောင့် မကြည့်ဘဲ ပစ်ထားလိုက်လို့ကတော့ လုပ်ချင်တာလုပ်ကြမှာပဲ။ ဒီမိုကရေစီကျတဲ့ ဥရောပ နိုင်ငံတောင်မှ ဒီလိုပဲ Migrant တွေအများကြီးဝင်နေတဲ့ နိုင်ငံထဲမှာ ဒီလိုပဲနိုင်ငံကြီး နှစ်ခုပေါ့။ ပြင်သစ်နဲ့ ဂျာမနီနဲ့ ပြန်ကြည့်လိုက်ရင် ပြင် သစ်မှာ ခဏခဏ ဖြစ်တယ်။ ချာလီဟက်ဒိုတို့ ဘာတို့ ဘာဖြစ်လို့ ဂျာမနီမှာ ဘာလို့ ဒီလောက် မဖြစ်လဲဆိုတော့ ကျွန်တော့်ကိုယ်ပိုင် အတွေ့အကြုံလေး ပြောပြမယ်။ ဂျာမနီမှာ လုံခြုံရေးကို ဘယ်လိုလုပ်သလဲ။ ကျွန်တော် ဘာလင်မှာ အစည်းအဝေး လုပ်ဖို့သွားတော့ သံအမတ်ကြီးက ဦးစိုးနွယ်ပါ။ သူကလာပြီးကြိုတယ်။ သန်းခေါင်လောက်ရှိနေပြီ။ သူ့ကားနဲ့လာတယ်။ အိမ်ပြန်ရောက်တော့ သူ့ကလေးတွေ အိပ်နေတော့ တံခါးဖွင့်လို့မရဘူး။ ခေါင်းလောင်း အကြာ ကြီးတီးနေရတယ်။ အဲဒါနဲ့  နောက်က ရဲကားတစ်စီး ရောက်လာတယ်။ လူကိုလည်း ကြည့်တယ်။ ဘာကူညီပေးရမ လဲလို့ ပါးစပ်ကပြောတာ မသင်္ကာရင် ဆွဲကုတ်မှာ သူတို့ပုံစံတွေကို သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က တောက် လျှောက်ကြည့်နေတာ။ အကုန်လုံးကို စီစီတီဗွီကနေ လမ်းထိပ်တွေမှာ တပ်ပြီးကြည့်နေတာ။ အကြာကြီး တံခါးဝမှာ လုပ်နေပြီဆိုရင်တော့ ဖွင့်ဖို့ကြိုးစားနေပြီဆိုပြီး ဘယ်ကရောက်လာမှန်း မသိဘူး။ ဒီလိုမျိုး အကုန်လုံးကို ကိုင်ထားနိုင် တဲ့အတွက်ေ ကြာင့် ဂျာမနီမှာ ဘာမှမဖြစ်ဘူး။ ဝန်ကြီးချုပ်ရုံး မြို့လယ်ကောင်မှာ ဘာခြံစည်းရိုးမှမရှိဘူး။ သို့သော် သွားမလှုပ်နဲ့ ချက်ချင်း ရောက်လာတယ်။ ဆိုလိုတာက သူတို့မှာ လုံခြုံရေးစနစ်က ကောင်းကောင်းမွန်မွန် ရှိတဲ့အတွက်ကြောင့် သူတို့မှာ ဖြစ်ခဲတယ်။ အများကြီး လွှတ်ထားတဲ့ လူတွေရော ကောသောေ ကာနေတဲ့ နယ်သာလန် ဆိုတဲ့ဟာမျိုး၊ ပြင်သစ်လိုဟာမျိုး ကျွန်တော်လည်း ဆောင်းပါးထဲမှာ ခဏခဏရေးတယ်။

ဖြစ်လာရင် သူတို့ဘာလုပ်မလဲ၊ ခေါင်းဆောင်တွေက အကောင်းဆုံးသော စကားလုံးတွေနဲ့ ပြစ်တင်ရှုတ်ချမယ်။ စကားလုံးကလည်း မထပ်အောင် လုပ်ထားတယ်။ သေချာစုစည်းထားလား မသိဘူး။ အဲ့ဒါပြီးရင် ဘာလုပ်မလဲ။ အဝါရောင် ဖဲကြိုးတားတယ်။ အလောင်းတွေ ကောက်မယ်။ အပျက်အစီးတွေ ရှင်းမယ်၊ လုံခြုံရေးကို တိုးချမယ်။ သတင်းရတဲ့ နောက်ကို အတင်းနင်းကန်ပြီး လိုက်မယ်၊ အဲ့မှာတွေ့တဲ့ကောင် ၄ ၊ ၅ ၊ ၁ဝ ယောက်လောက် ဖမ်းလိုက်မယ်။ ငြိမ် သွားပြန်ရော၊ မေ့လောက်ရင် နောက်တစ်ခါ ထပ်ဖြစ်ပြန်ရော။ သူတို့မှာ လုံခြုံရေးမရှိဘူး၊ ဘာကြောင့်လဲ။ အဲ့ဒီသူတို့ လွတ်လပ်မှုဆိုတဲ့ ဟာကို သူတို့ကလျှော့ချလို့ မရဘူး။ ဂျာမနီနဲ့ သြစတြေးလျကတော့ ခပ်တင်းတင်းပဲ မကြိုက်ရင် မလာနဲ့ဆိုတော့ ဒီနှစ်ခုကို ကျွန်တော်တို့က လွတ်လပ်ခွင့်နဲ့ လုံခြုံမှုကို ဟန်ချက်ညီအောင် ထိန်းနေတဲ့ အခါကျတော့  အသက်ထက် ဘယ်ဟာမှ အရေးမကြီးဘူး။ မတည်ငြိမ်လို့၊ မလုံခြုံလို့ရှိရင် ဘယ်သူမှမ လာဘူး၊ ဘယ်သူမှ မရင်းနှီးဘူး။ စီးပွားရေး လုပ်တယ်ဆိုတာ မြတ်မယ်ထင်လို့လာတာ။ မြတ်ဖို့အတွက်က လုံခြုံမှ အလုပ်လုပ်လို့ရတာ၊ ဒါတွေက အကုန်ဆက်နွှယ်နေတယ်။ ဒါ့ကြောင့် ဆက်နွှယ်နေတာကို တာဝန်ရှိသူ အားလုံးကလည်း တာဝန်သိသိနဲ့ ဆောင်ရွက်ရမယ်။ အိမ်ထောင်ပြုတာတောင် မှပဲချစ်လို့ ကြိုက်လို့ ခိုးပြေးတာရှိတယ်။ တဲ့ချင်မှတဲ့တာ။ မိဘပေးစားလို့ ယူလိုက်ရတယ် ဆိုပေမယ့် သိပ်ချစ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပေါင်းလိုက်တဲ့ အခါကျတော့လည်း အဆင်ပြေအောင် ပေါင်းကြရတာပဲ၊ လုပ်ကိုလုပ်ရမှာပဲ။ အဲတော့ ကိုယ်ကဘာလဲ ချစ်လို့ယူထားတာလား၊ လူကြီးတွေ ပေးစား လို့ ယူထားတာလား၊ ဘာကြီးပဲဖြစ်နေနေ အိမ်ထောင်တစ်ခု ဖြစ်လာပြီဆိုရင် အဆင်ပြေအောင်၊ သင့်မြတ်အောင် နေကြဖို့လိုပါတယ် လို့ဘေးကနေပြီးတော့ပဲ အကြံပြုပါတယ်။ ကျေးဇူးတင်ပါတယ်။

Read 923 times Last modified on Tuesday, 12 September 2017 10:32