SJ WorldNews - шаблон joomla Авто

ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Tuesday, 12 September 2017 10:16 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၁

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ သံပုရာကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား စက်တင်ဘာ၁ဝ ရက်တွင် အရှေ့ တောင်တိုင်းစစ် ဌာနချုပ် နယ် လှည့်ဆေးကုသရေးအဖွဲ့က သံပုရာ ကျောင်း ပရိယတ္တိ စာသင် တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် အရိုးရောဂါ၊သွားနှင့်ခံတွင်းရောဂါ၊ နား/ နှာခေါင်း/ လည် ချောင်း ရောဂါ၊ မျက်စိရောဂါ၊ ကလေးရောဂါနှင့် အထွေထွေရောဂါဝေဒနာရှင်ကျောင်းသား၊ ကျောင်း သူများ နှင့် ဒေသခံပြည်သူ၁၈၃ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန်လိုအပ်သောလူနာများအား မော်လမြိုင်မြို့ရှိ တပ်မတော်ဆေး ရုံ သို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များကသွား ရောက်ကြည့် ရှု၍ သံပုရာကျောင်းပရိ ယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တသုမနအားဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

အလားတူ ကြာအင်း ဆိပ်ကြီးမြို့နယ်၊ကျ ခတ်ချောင်းကျေးရွာရှိ ရွာလယ်ကျောင်း ကြီး စာသင် တိုက်မှ ကျောင်းသား၊ ကျောင်းသူများနှင့် အဆိုပါကျေးရွာရှိ ဒေသခံပြည်သူ၁၆၅ ဦးတို့ကို ယနေ့ တွင် တိုင်း စစ်ဌာနချုပ် နယ် လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ စာသင်တိုက်၌ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်း ရရှိ သည်။

Read 859 times Last modified on Tuesday, 12 September 2017 10:19