SJ WorldNews - шаблон joomla Авто

ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်များ ကြောင့် နေရပ် စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံ တိုင်းရင်းသားပြည်သူများ နယ်မြေ တည်ငြိမ်အေး ချမ်းလာသဖြင့် မူလနေရပ်များသို့ပြန်လည်ပြောင်းရွှေ့

Wednesday, 13 September 2017 08:18 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၂

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်များကြောင့်နေရပ် စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံ တိုင်းရင်းသားပြည်သူများ အနက် ဘူး သီးတောင်မြို့ရှိ နယ်မြေခံ တပ်ရင်း၌ ပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် ဒေသခံတိုင်းရင်းသားပြည်သူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုး မိုးရေးလုပ်ငန်းများစနစ် တကျဆောင် ရွက် မှုကြောင့် နယ်မြေ တည်ငြိမ်အေးချမ်း မှုရှိလာသည့် အတွက် တချို့သည် ၎င်းတို့၏ မူလနေရပ်သို့ပြန်လည်ပြောင်း ရွှေ့လျက်ရှိကြ သည်။

ထိုသို့ပြောင်းရွှေ့လျက်ရှိရာ ယနေ့တွင်ကြိမ်ချောင်း ကယ်ဆယ်ရေးစခန်း၊ တောင်ပြိုဝဲ ကယ်ဆယ်ရေး စခန်း၊ ငါးကျည်တောက်ရွာ ကယ်ဆယ်ရေး စခန်း၊ အင်းဒင်ကျေးရွာ ကယ်ဆယ်ရေး စခန်းနှင့် ဝါးခုတ်ချောင်း တပ်နယ် ရှိ နယ်မြေခံတပ်ရင်းတို့တွင် ခေတ္တ ပြောင်း ရွှေ့ရောက်ရှိနေသည့် ဒေသခံ တိုင်းရင်းသားပြည်သူ စုစုပေါင်း ၁၄၇၂ ဦးတို့ကို လုံခြုံရေး တပ်ဖွဲ့ ဝင်များက အနီးကပ်လမ်းကြောင်းလုံခြုံရေးလိုက်ပါလျက် ၎င်းတို့၏ မူလနေရပ် များ သို့ပြန်လည်ပြောင်းရွှေ့ရာတွင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Read 665 times Last modified on Wednesday, 13 September 2017 08:31