SJ WorldNews - шаблон joomla Авто

ကိုကိုးကျွန်းမြို့သို့ ခရီးသည်နှင့် ကုန်စည် ပစ္စည်းများပို့ဆောင်

Wednesday, 13 September 2017 08:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ  ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သား မိသားစုဝင်များ သက်သာ ချောင်ချိရေး အတွက် တပ်မတော်မှ ရေယာဉ်၊လေယာဉ်များဖြင့် ပို့ဆောင် ပေးလျက် ရှိရာ ယနေ့ နံနက်ပိုင်းတွင် ကိုကိုးကျွန်းမြို့မှ ဒေသခံပြည်သူများနှင့် တပ်မတော် သားများ စုစုပေါင်း၁၄ ဦးနှင့် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများကို တပ်မတော် (လေ)မှစီစဉ်ပေးသောလေယာဉ်ဖြင့် မင်္ဂလာဒုံလေတပ် စခန်း ဌာနချုပ်မှ ကိုကိုး ကျွန်းမြို့သို့ ပို့ဆောင်ပေးသည်။

အဆိုပါလေယာဉ်သည် ကိုကိုးကျွန်းမြို့မှ ဒေသခံပြည်သူများ၊ တပ်မတော်သားများ စုစုပေါင်း  ၁၂  ဦး နှင့် ကုန်ပစ္စည်းများ တင်ဆောင်၍ပြန်လည် ထွက်ခွာလာရာ ညနေပိုင်းတွင် ရန်ကုန်မြို့ သို့ပြန်လည်ရောက် ရှိ ခဲ့ကြောင်း သတင်း ရရှိသည်။

Read 20 times Last modified on Wednesday, 13 September 2017 11:19