SJ WorldNews - шаблон joomla Авто

၂ဝ၁၉ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များကို MRTV-4 မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်

Friday, 11 January 2019 09:55 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    ဇန်နဝါရီ    ၁ဝ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာ နေရှင်နယ်လိဂ်ကော်မတီမှ  ကြီးမှူးကျင်းပမည့် ၂ဝ၁၉ ဘောလုံးရာသီ မြန်မာနေရှင်နယ် လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲများကို အခမဲ့ရုပ်သံလိုင်းဖြစ်သည့် MRTV-4 ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၉ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များကို ဇန်နဝါရီ ၁၂ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ရာ အဆိုပါ ပွဲစဉ်များကို MRTV-4 ရုပ်သံလိုင်းမှ အပတ်စဉ် နှစ်ပွဲနှုန်းဖြင့် ထုတ်လွှင့်ပြသမည့်အပြင် My  Sports FB  မှလည်း Live Stream ပြသပေးမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်  ပွဲစဉ်(၁) တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီ ယူနိုက်တက်အသင်း၊ စစ်ကိုင်း ယူနိုက်တက် အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ ဒဂုံအသင်းနှင့်  ဇွဲကပင် ယူနိုက်တက်အသင်း၊   ဆောက်သမ်း မြန်မာ အသင်းနှင့် ချင်းလန်း အသင်း၊ ရတနာပုံအသင်းနှင့် ဧရာဝတီ ယူနိုက်တက်အသင်း၊  ရခိုင်ယူနိုက်တက် အသင်းနှင့် မကွေးအသင်းတို့  ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

Read 350 times Last modified on Friday, 11 January 2019 10:33