Print this page

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၁ နှစ်အောက် အမျိုးသား ပထမအဆင့် အုပ်စုပတ်လည် ဘောလုံးပြိုင်ပွဲ ဆက်လက် ကျင်းပ

Wednesday, 16 January 2019 08:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ  ၁၅

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်  ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂ဝ၁၉ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၁နှစ်အောက် အမျိုးသားပထမ အဆင့် အုပ်စုပတ်လည် ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီခွဲမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အတွင်းရှိ ဘောလုံး အားကစားကွင်းများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

အမျိုးသားပထမအဆင့် အုပ်စုပတ်လည် ပြိုင်ပွဲအဖြစ် ယနေ့နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိဘောလုံး အားကစား ကွင်း၌ မကွေး တိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်း ဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကြရာ တစ်ဖက်၃ ဂိုးစီသရေ ရလဒ်ဖြင့် လည်းကောင်း၊ ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေး ဘောလုံးကွင်း အမှတ်(၁)၌ ကရင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကြရာ ကရင်ပြည်နယ် အသင်း က ရန်ကုန်တိုင်းဒေသကြီး အသင်းကို ၆ ဂိုး-၅ ဂိုးဖြင့် လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေး ဘောလုံးကွင်း အမှတ်(၃)၌ နေပြည်တော်အသင်းနှင့် ပဲခူးတိုင်းဒေသကြီး အသင်းတို့  ယှဉ်ပြိုင်ကြရာ တစ်ဖက် တစ်ဂိုးစီ  သရေရလဒ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ခဲ့ကြသည်။

ဇန်နဝါရီ ၁၆ ရက်(ယနေ့)၌  အုပ်စု ပြိုင်ပွဲများအဖြစ် ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေး ဘောလုံး ကွင်းအမှတ်(၁)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေး ဘောလုံးကွင်း အမှတ်(၃)၌ ကချင်ပြည်နယ်အသင်းနှင့် ချင်းပြည်နယ် အသင်းတို့ အသီးသီး ဆက်လက် ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရသည်။

ကျော်လွင်

Read 385 times Last modified on Wednesday, 16 January 2019 08:47