SJ WorldNews - шаблон joomla Авто

မန်ယူအသင်း တရားဝင်နည်းပြဖြစ်လာရန် ဆိုးလ်ရှား ရေပန်းအစားဆုံးဖြစ်နေ

Wednesday, 16 January 2019 10:05 font size decrease font size decrease font size increase font size increase font size

မန်ချက်စတာ    ဇန်နဝါရီ    ၁၅

မန်ယူအသင်းဘုတ် အဖွဲ့သည် ယာယီနည်းပြ ဆိုးလ်ရှား အသင်းအတွက် လုပ်ဆောင်ပေး နေမှုများကို အားရ ကျေနပ်သောကြောင့် မော်ရင်ဟိုနေရာတွင် ဆက်ခံမည့် ပါမစ်နစ် နည်းပြနေရာတွင် ဆိုးလ်ရှားကိုခန့်အပ်ရန် ဆန္ဒရှိနေသည် ဟု The Sun သတင်းစာက ဖော်ပြခဲ့သည်။ ဇန်နဝါရီ ၁၃ ရက် တနင်္ဂနွေနေ့ ညက မန်ယူအသင်း သည် စပါးကို ဝင်ဘလေကွင်းတွင်  အနိုင်ရရှိပြီးနောက် အသင်းအဝတ်လဲခန်း အတွင်းသို့ အသင်း အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ဝုဒ်ဝပ်ကိုယ်တိုင် လာရောက်ပြီး ဆိုးလ်ရှားနှင့် ကစားသမား များကို  ချီးကျူး စကားပြောပြီးနောက် ခြောက်ပွဲဆက် အနိုင်ရထားသော ဆိုးလ်ရှား၏ ဒူဘိုင်းလေ့ကျင့်ရေး ခရီးစဉ်တွင် လုပ်ဆောင်မှုများကို သဘောကျ သောကြောင့် ယာယီနည်းပြအဖြစ်မှ ပါမစ်နစ်နည်းပြ အဖြစ်ခန့်အပ်ရန် ဘုတ်အဖွဲ့မှ ထောက်ခံချက်များပေး နေကြောင်း သိရသည်။  စပါးကို အနိုင်ရခြင်းကြောင့် မန်ယူအသင်းသည် အဆင့်(၅)နေရာမှ အာဆင်နယ်နှင့် ရမှတ်တူ သွားပြီဖြစ်သည်။

...................

Read 209 times Last modified on Wednesday, 16 January 2019 10:13