Print this page

ခြေချင်းဝတ် အရွတ် ဒဏ်ရာကြောင့် ဟယ်ရီကိန်း နှစ်လအနားယူရမည် ပွဲစဉ် ၁၃ ပွဲအထိ လွဲချော်ရ မည်ဖြစ်ခြင်းကြောင့် စပါးအသင်း အခက်ကြုံ

Thursday, 17 January 2019 10:26 font size decrease font size decrease font size increase font size increase font size

လန်ဒန် ဇန်နဝါရီ ၁၆

ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မျှော်လင့်ချက် ထားနိုင်သည့်အနေအထားရှိနေသေးသော စပါးအသင်း မှ  အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းသည် မန်ယူကို ၁ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်သောပွဲစဉ်တွင် မန်ယူနောက်ခံ ကစားသမား ဖီးဂျုံးစ်၏ဖျက်ထုတ်မှုကြောင့် ခြေချင်း ဝတ်ဒဏ်ရာရရှိခဲ့ပြီး  ဆေးစစ်မှုများပြုလုပ်ပြီးနောက်  ခြေချင်းဝတ် အရွတ် ဒဏ်ရာဖြစ်ကြောင်းသိရပြီး အနည်း ဆုံးနှစ်လအထိ ပြန်ကစားနိုင်တော့မည်မဟုတ်ဟု စပါး အသင်းက ဇန်နဝါရီ ၁၅ ရက်တွင် အတည်ပြုကြေညာ ခဲ့သည်။ ဟယ်ရီကိန်း၏ ဒဏ်ရာအခြေအနေသည် ထင်ထားသည်ထက် ဆိုးရွားခြင်း ကြောင့် မတ်လဆန်း ပိုင်းအထိ အသင်းနှင့်ပြန်လည်လေ့ကျင့်မှုပင်လုပ်နိုင် မည်မဟုတ်ဘဲ အစောဆုံး မတ်လလယ် ပိုင်းမှသာ ပြန် လည်လေ့ကျင့်ခန်းဆင်းနိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။

စပါးအသင်းသည် အာရှဖလားပွဲကြောင့် အသင်း၏ အဓိကတိုက်စစ်ကစားသမားတစ်ဦးဖြစ်သော တောင် ကိုရီးယား လက်ရွေးစင် ဆွန်ယောင်မင်ကိုလည်း နိုင်ငံ အသင်းသို့ စေလွှတ်ပေးထားရချိန်တွင် ဟယ်ရီကိန်းသည် အနည်းဆုံး အသင်း၏  ပွဲစဉ် ၁၁ ပွဲမှ ၁၃ ပွဲအထိ  လွဲချော်ရဦးမည်ဖြစ်၍ စပါးတိုက်စစ်အတွက် စိုးရိမ်စရာ ဖြစ် လာသည်။

ဟယ်ရီကိန်းသည် ယခုလိုဒဏ်ရာ ရရှိသွားသဖြင့် ဒေါ့မွန်နှင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် နှစ်ကျော့ စလုံး ပါဝင်နိုင်တော့မည် မဟုတ်သကဲ့သို့ အကယ်၍ စပါးအသင်း ကာရာဘာအိုဖလား ဗိုလ်လုပွဲတက်နိုင်ခဲ့လျှင် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကစားမည့် ထိုပွဲစဉ်ကိုလည်း ပါဝင်ကစားနိုင်မည်မဟုတ်ပေ။ ထို့ပြင် မတ်လ နှောင်းပိုင်း၌ အင်္ဂလန် အသင်းကစားရမည့် ယူရို ၂ဝ၂ဝ  ခြေစစ်ပွဲကိုပင် ပါဝင်နိုင်ရန် မသေချာသည့်အနေအထားကြောင့် စပါးအတွက် သာမက အင်္ဂလန်အသင်း အတွက်ပါ စိတ်ပူစရာဖြစ်သည်။

စပါးအသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ် ချန်ပီယံဆုမျှော်မှန်းမှု ကျရှုံးလျှင်ပင် ချန်ပီယံလိဂ်ဝင် ခွင့်အဆင့် (၄) အတွင်းဝင်နိုင်ရန် ကြိုးစားရမည်ဖြစ်ကာ ဟယ်ရီကိန်းသည် ယခုဒဏ်ရာကြောင့် မတ် ၁၆ ရက်တွင် အိမ်ကွင်းသစ် အဖွင့်ပွဲစဉ်အဖြစ် ပဲလေ့စ် နှင့်ကစားရမည့် ပွဲတွင်ပင် ပါဝင်နိုင်ရန် မလွယ်ကူတော့ ပေ။ အစောပိုင်းက ကိန်းရရှိထားသော ဒဏ်ရာမှာ  ဆိုးရွားမှုအဆင့် (၂) ရှိသည့်ဒဏ်ရာဖြစ်ခြင်းကြောင့် လေးပတ်မှ ခြောက်ပတ် အထိ အနားယူရနိုင်သည်ဟု ဒေးလီးမေးလ်သတင်းစာမှ သုံးသပ်ဖော်ပြခဲ့ပြီး စပါး အသင်းက နောက်ထပ် အနည်း ဆုံးခြောက်ပတ်ကြာ သည်အထိ ကိန်းအနေဖြင့် လေ့ကျင့်ခန်းပြန်ဆင်းနိုင် မည်မဟုတ်ဟု အတည်ပြု ခဲ့သည်။

စပါး အသင်းသည် ၂ဝဝ၈ ခုနှစ်နောက်ပိုင်း ဆုဖလား တစ်လုံးမှ မရနိုင်သဖြင့် ယခုရာသီတွင်  အနည်းဆုံး ဆုဖလား တစ်လုံး ရရှိနိုင်ရန် ပစ်မှတ်ထားနေပြီး လာမည့် တနင်္ဂနွေနေ့ညတွင် ဖူလ်ဟမ်နှင့် ကစားပြီးပါက ကြားရက်ဖြစ်သော ကြာသပတေးနေ့ညတွင် ချယ်လ်ဆီးနှင့် ကာရာဘာအိုဖလားဆီမီးဖိုင်နယ်  ဒုတိယအကျော့ပွဲ ကစားရမည်ဖြစ် သည်။ ယခင်က ဟယ်ရီကိန်းကစားနိုင် ခြင်းမရှိသည့်ပွဲများတွင် ဆွန်ယောင်မင်မှာ တိုက်စစ်မှူး အဖြစ် ကစားပေးခဲ့ သော်လည်း ယခုဆွန်ယောင်မင်သည် အာရှဖလားပွဲ သွားကစားနေသောကြောင့် စပါး၏ နောက်လာမည့် ငါးပွဲ အထိ လွဲချော်နိုင်သဖြင့် နည်းပြ ပိုချက်တီနိုအတွက်  ခေါင်းခဲစရာ ဖြစ်နေသည်။  စပါးအသင်းသည် ၂ဝ၁၄-၂ဝ၁၅ ရာသီမှစတင်ပြီး  ဟယ်ရီ ကိန်းပါဝင်သည့် ပွဲများတွင် နိုင်ပွဲရာခိုင်နှုန်း ၆၁ ရာခိုင်နှုန်းရှိကာ မပါဝင်နိုင်သည့် ပွဲ များတွင် ၃၉ ရာခိုင်နှုန်း သာ နိုင်ပွဲရရှိခဲ့သည်။                       

 

 

 

Read 376 times Last modified on Thursday, 17 January 2019 10:27