SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ သီကီရ် ရေလှောင် တမံနှင့် အသေးစား ရေအားလျှပ်စစ် စက်ရုံဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်

Monday, 21 January 2019 08:10 font size decrease font size decrease font size increase font size increase font size

ဟားခါး      ဇန်နဝါရီ      ၂ဝ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးမင်းသူနှင့် ဦးအောင်သူ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ကလေးမြို့ သို့ရောက်ရှိကြရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်  ဒေါက်တာ မြင့်နိုင်၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊  တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့များနှင့် တာဝန်ရှိသူများက ကလေး လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ဝင်များသည် တပ်မတော် ရဟတ် ယာဉ်ဖြင့် ဆက်လက်ထွက်ခွာကြပြီး  ချင်းပြည်နယ် ထန်တလန်မြို့သို့ ရောက်ရှိကြရာ ဒုတိယသမ္မတ ဦးဟင်နရီဗန် ထီးယူ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များနှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်  သီကီရ်ရေလှောင်တမံ စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်ခဲ့မှုများနှင့် စီမံ ကိန်း ဆောင် ရွက်နေစဉ် အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ခဲ့ မှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ထန်တလန်မြို့နယ် သီကီရ် ကျေးရွာအနီး၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်ခဲ့သည့် သီကီရ် ရေလှောင်တမံ ဖွင့်ပွဲ အခမ်းအနားသို့ ရောက်ရှိရာ ဒေသခံပြည်သူ များက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဂုဏ်ပြုစပ်ဆို ထားသည့် ရိုးရာတေး သီချင်းကို ဂုဏ်ပြုသီဆို ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင်    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားသည်။

ယင်းနောက် သီကီရ် ရေလှောင်တမံကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊   ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြသည်။

ထို့နောက်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်၊   ဒုတိယသမ္မတ     ဦးဟင်နရီဗန်ထီးယူ တို့သည်  ရေလှောင်တမံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် လာကြသူများ နှင့်အတူ    စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တို့သည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ခဲ့သည့် သီကီရ် အသေးစား ရေအားလျှပ်စစ် စက်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

အစီအစဉ်အရ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က အသေးစား ရေအားလျှပ်စစ်စက်ရုံ ကမ္ဗည်းမော်ကွန်းကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးပြီး အမွှေးနံ့သာရည် ပက်ဖျန်းပေးသည်။ ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ဗည်း မော်ကွန်းကို အမွှေး နံ့သာ ရည်ပက် ဖျန်းပေးကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ တို့သည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ထန်တလန်မြို့  မြို့နယ်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ သည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားသည်။

ထို့နောက် ဒေသခံပြည်သူများကဒေသ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီး များနှင့် တာဝန်ရှိ သူများက ကဏ္ဍအလိုက် ပံ့ပိုးပေးမည့် အစီအစဉ်များကို ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည်  ဒေသခံပြည်သူများ အတွက် ဆန်အိတ် ၁ဝဝနှင့် ဆီပိဿာ ၁ဝဝတို့ကို  မြို့မိမြို့ဖ ဦးရှန်ဇဲလ်ထံ ထောက်ပံ့ပေးအပ်သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံပြည် သူများအား ခင်မင် ရင်းနှီးစွာ နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့်အဖွဲ့ဝင်များသည် တပ်မတော် ရဟတ်ယာဉ်ဖြင့် ထန်တလန်မြို့မှ ရိဒ်ခေါဒါရ်မြို့ ပြည်ထောင်စု ရိပ်သာသို့ ရောက်ရှိကြသည်။

ပြည်ထောင်စုရိပ်သာ၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဒေသခံ ပြည်သူများအတွက် ဆန်အိတ် ၁ဝဝနှင့် ဆီပိဿာ ၁ဝဝ တို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် မြို့မိမြို့ဖများထံ ပေးအပ်သည်။

ဆက်လက်၍ ရိခေါ်ဒါရ်မြို့ အမှတ်(၁) ရပ်ကွက်အနီးရှိ ရိဒ်ရေကန်သို့ရောက်ရှိရာ ဟွာငိုလ်တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့၏ ချင်းရိုးရာဝါးညှပ် အကဖြင့် ဖျော်ဖြေ တင်ဆက်မှုကို အားပေးပြီး ဒေသခံ ပြည်သူများအား ရင်းရင်း နှီးနှီး နှုတ်ဆက်သည်။

ရိဒ်ရေကန်သည် ချင်းပြည်နယ် ဖလမ်းခရိုင် ရိဒ်ခေါ်ဒါမြို့အနီး ပင်လယ်ရေမျက်နှာပြင် အထက် ၂၉၉၇ ပေတွင် တည်ရှိပြီး ရေကန်၏ အကျယ်မှာ ၂ မိုင်ကျော်ခန့်ရှိသည်။ ရိဒ်ရေကန်ကို အေဒီ ၁၅ဝဝ ခန့်က စတင်တွေ့ရှိခဲ့ပြီး ချင်းပြည်နယ်ရှိ တန်ဖိုးမဖြတ်နိုင်သော ခရီးသွား ဒေသတစ်ခုနှင့် ဒေသတွင်း ရိုးရာယုံကြည် ကိုးကွယ်မှုအဖြစ် နိုင်ငံတကာတွင် ထင်ရှားသည့် ရေကန်တစ်ခုဖြစ်သည်။

ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အဖွဲ့ဝင်များသည် တပ်မတော်ရဟတ်ယာဉ်ဖြင့်   ဟားခါးမြို့သို့ ရောက်ရှိ ကြပြီး ဟားခါးမြို့ Carson Hall ခန်းမ၌ ကျင်းပသည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက် ရောက် ကြသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က နိုင်ငံတော် အစိုးရမှ နိုင်ငံတော်နှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက် နေမှုများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက ကဏ္ဍအလိုက် ပံ့ပိုးပေးမည့် အစီအစဉ်များကို ပြန်လည်ရှင်းလင်း ဖြေကြားကြ သည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ ပြည်သူများအတွက် ဆန်အိတ် ၁ဝဝ နှင့် ဆီပိဿာ ၁ဝဝတို့ကို မြို့မိမြို့ဖ များထံ ပေးအပ်သည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခမ်းအနားသို့ တက်ရောက် လာကြသည့် ဒေသခံ ပြည်သူများအား ခင်မင်ရင်းနှီးစွာ လိုက်လံနှုတ်ဆက်သည်။

Read 317 times Last modified on Monday, 21 January 2019 08:12