SJ WorldNews - шаблон joomla Авто

ဇီဒန်း ချယ်လ်ဆီး နည်းပြဖြစ်လျှင် ဟာဇက် ဆက်နေဖွယ်ရှိ ………..

Friday, 15 February 2019 09:54 font size decrease font size decrease font size increase font size increase font size

လန်ဒန်   ဖေဖော်ဝါရီ   ၁၄

ချယ်လ်ဆီး အသင်းမှ အဓိက ကွင်းလယ် ဖန်တီးရှင် အီဒင် ဟာဇက်သည်   အသင်းနှင့် ၂ဝ၂ဝ ပြည့်နှစ်အထိ စာချုပ်ရှိ နေသော်လည်း ငယ်ဘဝ အိပ်မက်ဖြစ်သည့် ရီးယဲလ်အသင်းသို့ လာမည့် ရာသီကုန်တွင် ပြောင်းရွှေ့ရန် ဆန္ဒရှိ နေသော် လည်း   ချယ်လ်ဆီးအသင်း  လက်ရှိ နည်းပြ ဆာရီကို ထုတ်ပယ်ပြီး ဇီဒန်းကို ခန့်အပ်ခဲ့လျှင်  ချယ်လ်ဆီး၌  ဆက်နေ ဖွယ်ရှိ ကြောင်း သိရသည်။

ချယ်လ်ဆီးသည် နောက်ဆုံးကစားသည့်ပွဲတွင် မန်စီးတီးကို ခြောက် ဂိုးပြတ်ရှုံး နိမ့်ခဲ့ရသဖြင့် နည်းပြဆာရီကို ထုတ်ပယ်ပြီး  ဇီဒန်းကို အစားထိုးရန် စီစဉ်နေကြောင်း  သတင်းများ ထွက်ပေါ်နေရာ ဇီဒန်း နည်းပြသစ်ဖြစ်လာမှသာ ဟာဇက်သည် ရီးယဲလ်သို့ ပြောင်းမည့် ဆုံးဖြတ်ချက်ကို ပြင်ဆင်ကာ ချယ်လ်ဆီး တွင်သာ ဆက်နေဖွယ် ရှိကြောင်း သိရသည်။                

 

Read 260 times Last modified on Friday, 15 February 2019 10:07