SJ WorldNews - шаблон joomla Авто

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချိုတို့ နဝင်းပြည့် ဆုတောင်းပြည့် လာဘ်ပေး ရန်ကာ မုဒြာနဂါးရုံ ဘုရားကြီး၏ ဌာပနာတော်သွင်း မဟာမင်္ဂလာ အခမ်းအနားသို့ တက်ရောက် ကြည်ညို

Friday, 22 February 2019 07:54 font size decrease font size decrease font size increase font size increase font size

ဟားခါး    ဖေဖော်ဝါရီ    ၂၁

ချင်းပြည်နယ် ဟားခါးမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချိုနှင့် အဖွဲ့သည် ယနေ့ နံနက် ၉ နာရီတွင်ကျင်းပသည့်  အိပ်မက်တော်ရ သစ္စာ အောင်မြေကုန်းတော်  ဇေတဝန်တောရ ကျောင်းတိုက်အတွင်း တည်ထား လျက်ရှိသည့် နဝင်းပြည့်ဆုတောင်းပြည့် လာဘ်ပေးရန်ကာမုဒြာနဂါးရုံဘုရားကြီး၏ ဌာပနာတော်သွင်း  မဟာ မင်္ဂလာအခမ်းအနားကို တက်ရောက်ကြည်ညိုပြီး  ဓာတ်တော်မွေတော်၊ ဗုဒ္ဓရုပ်ပွား ဌာပနာတော်များ ဆက်ကပ် လှူ ဒါန်းသည်။

အခမ်းအနားတွင် နိုင်ငံတော် သမ္မတ နှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက မဟာဗောဓိမြိုင်ရိပ်သာ ကျောင်းတိုက် ဆရာ တော်  မဟာကမ္မ ဋ္ဌာနာစရိယ ဘဒ္ဒန္တပညာဝံသထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များ ရွတ်ဖတ် သရဇ္ဈာယ်တော်မူသည့် ဂုဏ်တော်ကိုးပါးပဋိတော်များကို နာယူပြီး လာဘ် ပေးရန်ကာ မုဒြာနဂါးရုံဘုရားကြီးတွင် သွင်းလှူပူဇော်မည့် ဓာတ်တော်မွေတော်၊ ဗုဒ္ဓရုပ်ပွားဌာပနာ တော်များနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများကို ချင်းတောင်တန်း သာသနာပြုဆရာတော် ဒေါက်တာဘဒ္ဒန္တတေဇောသာရထံ  ဆက်ကပ် လှူဒါန်း၍ ပြည်ထောင်စုဝန်ကြီးများ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီးနောက်   ချင်းတောင် တန်း သာသနာပြုဆရာတော် ဒေါက်တာဘဒ္ဒန္တ  တေဇောသာရဟောကြားသည့် အနုမောဒနာတရားနာယူပြီး  လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေသည်။                                    

 

Read 64 times Last modified on Friday, 22 February 2019 08:36