SJ WorldNews - шаблон joomla Авто

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့ ဘုတ်ပြင်းမြို့နယ်၊ ကမ်းတော ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

Friday, 22 February 2019 09:13 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၂၁

တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော် နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဘုတ်ပြင်း မြို့နယ်၊ ကမ်းတောကျေးရွာရှိ ဒေသခံပြည်သူ ၈၂၅ ဦးကို အဆိုပါ ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့သည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသ မှုဆိုင်ရာရောဂါ ၂ဝဝ ဦး၊ ခွဲစိတ်ရောဂါ ၈၁ ဦး၊ သားဖွား/မီးယပ်ရောဂါ ၈၁ ဦး၊ ကလေး ရောဂါ ၇၉ ဦး၊ အရိုးရောဂါ ၉၁ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၈ဝ ဦး၊ မျက်စိ ရောဂါ ၁၃၂ ဦးနှင့် သွားရောဂါ ၈၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် အထွေထွေ ခွဲစိတ် လူနာ ၂၄ ဦး၊ မျက်စိခွဲစိတ် လူနာ ၄ဝဦးတို့ကို ဆေးရုံ ရေယာဉ်ပေါ်၌ ခွဲစိတ်ကုသပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၂ဝ ဦး၊ တယ် လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၂၇ ဦး၊ ECG စက်ဖြင့်  နှလုံးစမ်းသပ်လူနာ  ၁၅  ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅ဝ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးပြီး  ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူသုံးဦးအား ဆေးရုံရေယာဉ်ပေါ်၌  တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 264 times Last modified on Friday, 22 February 2019 09:31