SJ WorldNews - шаблон joomla Авто

အောင်သူနှင့် ဇော်မင်းထွန်းတို့ လက်ရွေးစင်အသင်းနှင့် ပူးပေါင်းချိန် နောက်ကျမည်ဖြစ်၍ တရုတ်(တိုင်ပေ)နှင့်ပွဲတွင် ပါဝင်ရန် မသေချာ

Wednesday, 13 March 2019 12:53 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မတ် ၁၂

ထိုင်းလိဂ်၌ သွားရောက်ကစားနေသည့် အောင်သူနှင့် ဇော်မင်းထွန်းတို့သည် မတ်၁၇ ရက်မှသာ မြန်မာ့ လက်ရွေးစင် အသင်း နှင့် ပူးပေါင်းနိုင်မည်ဖြစ်၍ တရုတ် (တိုင်ပေ) နှင့်ကစားရမည့်ပွဲတွင် ပါဝင်ရန်မသေချာ ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် CEO ဦးဘုန်းနိုင်ဇော်၏ ပြောပြချက်အရ သိရသည်။

နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်မည့် ပဏာမ မြန်မာ့လက်ရွေးစင်အသင်းကို ကစားသမား ၂၇ ဦးဖြင့် ဖွဲ့စည်းထားပြီး ထိုင်းလိဂ်၌ ကစားနေသည့် အောင်သူနှင့် ဇော်မင်း ထွန်းတို့လည်း ရွေးချယ်ခံထားရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် မတ် ၁၉ ရက်တွင် တရုတ်(တိုင်ပေ)အသင်း၊ မတ် ၂၅ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် ခြေစမ်းပွဲ နှစ်ပွဲ ယှဉ်ပြိုင်မည်ဖြစ်ပြီး နှစ်ပွဲစလုံးကို မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။ ထို့ကြောင့် အောင်သူ နှင့် ဇော်မင်းထွန်းတို့သည် မတ် ၁၉ ရက်တွင် ယှဉ်ပြိုင်ရမည့် တရုတ်(တိုင်ပေ)နှင့်ပွဲကို လွဲချော်ဖွယ် ရှိနေသည်။

''အောင်သူနဲ့ ဇော်မင်းထွန်းတို့က ထိုင်း လိဂ်ပွဲစဉ်ပြီးမှ အသင်းနဲ့ လာရောက် ပူးပေါင်းနိုင်မယ်။ ပထမခြေစမ်းပွဲ တရုတ် (တိုင်ပေ) နဲ့ပွဲမှာ ပါဝင်ကစားနိုင်မလားဆိုတာကတော့ နည်းပြချုပ်ရဲ့ရွေးချယ်မှုပဲ'' ဟု ဦးဘုန်းနိုင် ဇော်ကပြောသည်။

အောင်သူ သွားရောက်ကစားနေသည့် မြောင်တောင်အသင်းနှင့် ဇော်မင်းထွန်းသွားရောက်ကစားနေသည့် ချောင်ဘူရီ အသင်းတို့သည် မတ် ၁၆ ရက်တွင် ထိုင်းလိဂ် ပွဲစဉ် (၄) ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် ယင်းပွဲစဉ်ပြီးမှသာ မြန်မာ့ လက်ရွေးစင် အသင်းနှင့် ပူးပေါင်းနိုင်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းကို ယာယီနည်းပြ ချုပ်အဖြစ် ဦးမျိုးမင်းထွန်း၊ လက်ထောက် နည်းပြများအဖြစ် ဦးဇော်လင်း ထွန်းနှင့် ဦးစိုးမိုးတို့က တာဝန်ယူမည်ဖြစ်သည်။

Read 256 times Last modified on Wednesday, 13 March 2019 13:06