SJ WorldNews - шаблон joomla Авто

နှစ်(၇ဝ)ပြည့် ပအိုဝ်း အမျိုးသားနေ့(အကြို) အခမ်းအနား ကျင်းပ

Thursday, 14 March 2019 09:45 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မတ်  ၁၃

 နှစ်(၇ဝ)ပြည့်  ပအိုဝ်းအမျိုးသားနေ့(အကြို) အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ ကျင်းပရာ   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အခမ်းအနားမစတင်မီ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပအိုဝ်းတိုင်းရင်းသားများ၏ မှတ်တမ်း ဓာတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှုသည်။

ယင်းနောက် ပင်လောင်းမြို့နယ် ယဉ်ကျေးမှုအဖွဲ့၏ ''ခမ်းရင်သား'' တေးသီချင်း ကပြဖျော်ဖြေမှုဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ဝင်များ၊ပအိုဝ်းအကြီးအကဲများနှင့် အတူ   စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီးဒေါ်နန့်ကြင်ကြည်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ၎င်းတို့၏ ဇနီးများ၊ ဒုတိယ ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ဒေသဦးစီးဥက္ကဋ္ဌများ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပအိုဝ်းအမျိုးသား လွှတ်မြောက်ရေး အဖွဲ့ချုပ်  ဦးဆောင်နာယက၊နေပြည်တော် ပအိုဝ်းအမျိုးသားနေ့ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ၊  ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု(ဗဟို)ဥက္ကဋ္ဌ၊ ဒေသအသီးသီးမှ ပအိုဝ်း ကိုယ်စားလှယ် များနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

ယခုနှစ်ပအိုဝ်းအမျိုးသားနေ့ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်းရှိ နေရာဒေသအသီးသီးတွင် ပျံ့နှံ့စွာ နေထိုင်ကြသော ပအိုဝ်း တိုင်းရင်းသားများ   ဆုံစည်းခွင့်ရရှိစေရန်၊ မိမိတို့ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊  စာပေနှင့် သမိုင်းအမွေအနှစ်များကို ဖော်ထုတ်မြှင့်တင်ပြီး  တိုင်းရင်းသားများ အချင်းချင်း  စည်းလုံး ညီညွတ်မှုရရှိစေရန်၊ ပအိုဝ်းတိုင်းရင်းသားများသည် အခြားညီနောင် တိုင်းရင်းသားများနှင့် အတူ စည်းလုံးညီညွတ်မှုဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးကို ဦးတည်စေရန် စသည့် ရည်ရွယ်ချက် (၃)ရပ်ဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

(၅ဝဝ)

Read 249 times Last modified on Thursday, 14 March 2019 10:50