SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ပြည်နှင့် သာယာဝတီမြို့ တို့ရှိ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ

Friday, 15 March 2019 07:57 font size decrease font size decrease font size increase font size increase font size

ပဲခူး     မတ်     ၁၄

နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ   နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒေါက်တာ အောင်သူနှင့် ဒေါက်တာမြင့်ထွေး၊  တာဝန် ရှိသူများ နှင့်အတူ  ယနေ့ နံနက်ပိုင်းတွင်  နေပြည်တော်မှရဟတ်ယာဉ်များဖြင့် ထွက်ခွာရာ ပဲခူးတိုင်း ဒေသကြီး ပြည်မြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် အဖွဲ့ဝင်များအား  တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး ဝန်ကြီး ဦးညွန့်ရွှေ၊ လွှတ်တော် ကိုယ်စားလှယ်များ၊  တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့ဝင်များနှင့်  တာဝန် ရှိသူများက ပြည်မြို့လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ 

ထို့နောက်   နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်   ဦးဆောင်သည့်အဖွဲ့သည် မော်တော်ယာဉ် များဖြင့် သရေခေတ္တရာ မြို့ဟောင်းရှိ သီရိခေတ္တရာပြတိုက်သို့ ရောက်ရှိကြရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာသိန်းလွင်က  သရေခေတ္တရာမြို့ဟောင်း၏ နောက်ခံသမိုင်း၊ ကမ္ဘာ့ယဉ်ကျေးမှု အမွေ အနှစ် ရရှိခဲ့သည့် စံနှုန်းများ၊ သုတေသန လုပ်ငန်းဆောင်ရွက်မှုများ၊ ပြည်တွင်းပြည်ပဧည့်သည်တော်များအား ယဉ်ကျေးမှု အမွေအနှစ်နှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုများ၊ ပြည်ပနိုင်ငံများနှင့်  ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ပြခန်းဆောင်များအတွင်း ခင်းကျင်းပြသထားသည့် ယဉ်ကျေးမှု အမွေအနှစ်များကို လှည့်လည်ကြည့်ရှုပြီး သီရိခေတ္တရာပြတိုက် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မော်တော်ယာဉ်များဖြင့် သရေခေတ္တရာ မြို့ဟောင်းရှိ နန်းတော်ရာ နေရာ၊ ရဟန္တာကန် နေရာများကို လှည့်လည်ကြည့်ရှု ပြီး ဘောဘောကြီးစေတီတော်မြတ်အား ပန်း၊  ရေချမ်း၊ ဆီမီး၊ ဆွမ်း၊ သစ်သီးနှင့် အမွှေး နံသာ တိုင်များ ကပ်လှူပူဇော်ကာ စေတီတော်မြတ်အား ဖူးမြော်ကြည်ညိုသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၅ဝဝ)သို့ရောက်ရှိပြီး   ဆေးကု သမှု ခံယူလျက်ရှိသူများအား    ကြည့်ရှုအားပေးသည်။

ယင်းနောက်  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်မြို့   သီရိခေတ္တရာ ရတနာမြို့တော် ခန်းမ၌ ပြည်ခရိုင်အတွင်းရှိ ရပ်မိရပ်ဖများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး အမှာစကား ပြောကြားသည်။                    

Read 19 times Last modified on Friday, 15 March 2019 07:58