SJ WorldNews - шаблон joomla Авто

ဗိုလ်ချုပ် အောင်ဆန်းဒိုင်း ရှုံး/ ထွက်ပြိုင်ပွဲတွင် ဒဂုံအသင်းနှင့် ငွေကြယ်ပွင့် အသင်း နောက်တစ်ဆင့်တက်

Friday, 15 March 2019 08:05 font size decrease font size decrease font size increase font size increase font size

ရန်ကုန် မတ် ၁၄

၂ဝ၁၉ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ထွက်ပြိုင်ပွဲ ပထမအဆင့် ဒုတိယနေ့ကို ယနေ့ညနေပိုင်းတွင်  ဆက်လက် ကျင်းပရာ ဒဂုံအသင်းနှင့် ငွေကြယ်ပွင့်အသင်းတို့  နောက်တစ်ဆင့်တက်သွားသည်။

သုဝဏ္ဏကွင်း၌ကျင်းပသည့်ပွဲတွင် ဒဂုံအသင်းက မောရဝတီအသင်းကို ၄ ဂိုး ဂိုးမရှိဖြင့် နိုင်ပွဲရယူကာ ဒုတိယအဆင့်သို့ တက်ရောက်သွားသည်။ ပထမတန်းကလပ် မောရဝတီအသင်းသည် MNL ကလပ် ဒဂုံအသင်းကို ယှဉ်ကစားနိုင်ခြင်း မရှိဘဲ ဂိုးပြတ် အရှုံးပေးခဲ့ ရခြင်းဖြစ်သည်။

ဒဂုံနှင့် မောရဝတီအသင်းသည် နိုင်ငံခြားသား ကစားသမားများ အပါအဝင် အမာခံကစား သမားအများစုဖြင့်   ပွဲထွက်ခဲ့ သော်လည်း ဒဂုံအသင်းကပွဲစကတည်းက ဖိကစားနိုင်ခဲ့သည်။ မောရဝတီအသင်း ကစားကွက် တည်မရသောကြောင့် ဒဂုံအသင်းတစ်ဖက်သတ် နီးပါးဖိကစားနိုင်ခဲ့ခြင်းဖြစ်ပြီး  အဆုံးသတ် အားနည်းမှုကြောင့်သာ  မိနစ် ၃ဝ မှ ဂိုးသွင်း နိုင်ခဲ့ခြင်းဖြစ်သည်။ ဒဂုံအသင်းအတွက် အဖွင့်ဂိုးကိုမိနစ် ၃ဝ တွင်  ဇာမာကသွင်းယူခဲ့ပြီး ၃၆ မိနစ်တွင် မျိုးမင်းဇော်က ဒုတိယ ဂိုးထပ်မံ သွင်းယူခဲ့သည်။   ဒုတိယပိုင်းတွင်လည်း ဒဂုံအသင်းကသာ ဆက်လက်ဖိကစားနိုင်ခဲ့ပြီး ၇၂ မိနစ်တွင် အောင်ခိုင်ထွန်း၊ ၇၇ မိနစ်တွင် ဇွဲခန့်တို့ကသွင်းယူခဲ့သည်။ ဒဂုံအသင်းသည် ဒုတိယ အဆင့်တွင်  စစ်ကိုင်းယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင်ရ မည်ဖြစ် သည်။

အောင်ဆန်းကွင်း၌  ကျင်းပသည့်ပွဲတွင် ငွေကြယ်ပွင့် အသင်းက Chinland  အသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ယခု ရာသီ   ပထမတန်း အမှတ်ပေးပြိုင်ပွဲတွင် ငွေကြယ်ပွင့် အသင်းသည် Chinland အသင်းကို အနိုင်ယူပြီးနောက် တစ်ဆင့်တက်ရောက် နိုင်ခဲ့သည်။ ငွေကြယ်ပွင့်အသင်းအတွက် အနိုင်ဂိုးကို ၈၈ မိနစ်တွင် ဇော်ဇော်ထွန်းက သွင်းယူခဲ့ သည်။ ငွေကြယ်ပွင့်အသင်းသည် ဒုတိယအဆင့်တွင် Southernအသင်းနှင့် တွေ့ဆုံနေသည်။

 

Read 227 times Last modified on Friday, 15 March 2019 08:06