Print this page

မြန်မာ နိုင်ငံ၌ အာဖရိကဝက် အပြင်းဖျား ရောဂါ ဖြစ်ပွားမှု မရှိသဖြင့် စိတ်ချစွာ စားသုံးနိုင်

Friday, 15 March 2019 08:06 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    မတ်    ၁၄

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းတရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်း   အာဖရိကဝက် အပြင်းဖျား ရောဂါဖြစ်ပွားမှု လေးကြိမ် အထိ ရှိခဲ့ပြီး မြန်မာနိုင်ငံနှင့်နီးစပ်သည့်ဒေသများတွင် ရောဂါဖြစ်ပွားမှု နှစ်ကြိမ် ရှိခဲ့သော်လည်း  မြန်မာနိုင်ငံ၌ လက်ရှိ အချိန်ထိ ယင်းရောဂါ ဖြစ်ပွားမှုမရှိသဖြင့်  စိတ်ချစွာစားသုံးနိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ပြည်သူ့ ကျန်းမာရေးနှင့် ဈေးများ လုပ်ငန်း တာဝန်ခံအဖွဲ့ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာန အသားထုတ် လုပ်ရုံခွဲ (ဝက်) ရွာမတာဝန်ခံ ဒေါက်တာ ဇော်မျိုးအောင်ထံမှ သိရသည်။

အဆိုပါ အာဖရိကဝက်အပြင်းဖျားရောဂါ ပထမအကြိမ်ဖြစ်ပွားမှုမှာ ၂ဝ၁၈  ခုနှစ် အောက်တိုဘာ ၂၇ ရက်က ယူနန်ပြည် နယ် Liushun မြို့နယ်ရှိ Guanfang ကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  ဒုတိယအကြိမ်မှာ  ၂ဝ၁၉ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က ယူနန်ပြည်နယ် Nujiang Lisu က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ ဝက်ကောင်ရေ ၃ဝဝ မွေးမြူထားသည့်  ခြံတစ်ခြံ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဒေသနှစ်ခုသည် မြန်မာနိုင်ငံ  ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကချင်ပြည်နယ်တို့နှင့်   နယ်နိ မိတ်ချင်း နီးစပ် လျက်ရှိသည့် အတွက် မြန်မာနိုင်ငံသို့ ကူးစက်လာမည်ကို စိုးရိမ်နေသောကြောင့် စားသုံးသူ များ အနေဖြင့် ဈေးကွက်အတွင်း ဝက်သားကို ဝယ်ယူစားသုံးခြင်းမပြုသည်အထိ ရှိလာကြောင်း သိရသည်။

''အာဖရိက   ဝက်အပြင်းဖျားရောဂါနဲ့ ပတ်သက်ပြီး   စိုးရိမ်စရာလုံးဝမရှိပါဘူး။ မြန်မာနိုင်ငံမှာ အခုထိလည်း မဖြစ် သေး ပါဘူး။

အဲဒီရောဂါက လူကို ကူးစက်နိုင်မှုလည်း လုံးဝ မရှိပါဘူးဆိုတာကို   ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)က တရား ဝင် ထုတ်ပြန် ထားပါတယ်။ အဲဒီရောဂါနဲ့ပတ်သက်ပြီး  FAO ကနေ ကြီးမှူးကျင်းပတဲ့  Workshop တစ်ခု ကို မတ် ၁ ရက်က  နေပြည်တော်က မင်္ဂလာ သီရိဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။  ဒီရောဂါက တိရစ္ဆာန်မှာ ပဲဖြစ်တာပါ။ ဒါကြောင့် စိတ်ချစွာ စားသုံးနိုင်ပါတယ်'' ဟု  ဒေါက်တာဇော်မျိုးအောင်က ပြောသည်။ 

ယင်းရောဂါနှင့်ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာများတွင်    ချဲ့ကားရေးသားကြသည့် ကောလာဟလများကြောင့် မွေးမြူသူ နှင့်စားသုံးသူများကြား  စိုးရိမ်မှုကြီးထွားလာခြင်းဖြစ်သည်။ ထိုသို့သောစိုးရိမ်မှုများကြောင့်  အသားထုတ် လုပ်ရုံခွဲ (ဝက်)  ရွာမအနေဖြင့် အသားထုတ်လုပ်မှု အပိုင်း လျော့နည်းကျဆင်းခြင်းများရှိပြီး ယခင်က ဝက်ကောင်ရေ ၉ဝဝ  ကျော်  ထုတ်လုပ်နိုင်ခဲ့သော်လည်း   ယခုရက်ပိုင်းအတွင်း  ဝက်ကောင်ရေ ၂ဝဝ နီးပါးခန့် ထုတ်လုပ်မှု ကျဆင်းခဲ့သည်။ ထိုသို့အသား ထုတ်လုပ်ရာတွင် ဓာတ်ခွဲခန်းများ၌ ကျွမ်းကျင်ဆရာဝန်များက    စနစ်တကျစစ်ဆေး ဆောင်ရွက် သည့်အတွက်   ပြည်သူများ အနေဖြင့် စိတ်ချယုံကြည်စွာစားသုံးနိုင်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၌  နယ်စပ်မှ  ဝက်တင်သွင်းမှုများ   ကန့်သတ်ထားသည့်အပြင် အသားထုတ်လုပ် ဌာနခွဲ/ ရုံခွဲများသို့ ရောက် ရှိလာသည့် ဝက်များကိုလည်း  စနစ်တကျစစ် ဆေးလျက်ရှိကြောင်း၊ မွေးမြူရေးနှင့် ကုသရေး ဦးစီး ဌာနအနေဖြင့်    တရုတ် နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည့် နယ်စပ်ဂိတ်များ၌ ဝက်အရှင်များ၊ ဝက်သားနှင့် ဝက်ကလီစာများ ဝင်ရောက်မှု မရှိစေရေးအတွက်  စနစ်တကျတားဆီး ပိတ်ပင်ထားကြောင်းနှင့် မွေးမြူရေး ခြံများ၌လည်း ဇီဝလုံခြုံမှုစနစ် ပိုမို ကောင်းမွန်စေရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                         

ဝန်းရံခ

.............

Read 342 times Last modified on Friday, 15 March 2019 08:15