SJ WorldNews - шаблон joomla Авто

ဂေဟစနစ် ပျက်ယွင်းလာသဖြင့် စိမ်းပြာရေညှိ ထုတ်လုပ်နိုင်မှု လျော့နည်းလာ၊ တွင်းမအင်းအား ထိန်းသိမ်းရန်လိုအပ်

Friday, 15 March 2019 08:06 font size decrease font size decrease font size increase font size increase font size

ကနီ   မတ်    ၁၄

စစ်ကိုင်းတိုင်းဒေသကြီး   ကနီမြို့နယ်  မုံရွာ- ယာကြီး- ကလေးဝလမ်းဘေးရှိ တွင်းမအင်း အတွင်းမှ စိမ်းပြာရေညှိ ထုတ် လုပ်နိုင်မှု လျော့နည်း လာသည့်အတွက် ထိန်းသိမ်း ကာကွယ်ရေးလုပ်ငန်းများ  ထိရောက်စွာ လုပ်ဆောင်ရန် လိုအပ် ကြောင်း  ဇွန်ဆေးဝါးနှင့် စားသောက်ကုန် ထုတ်လုပ်ရေး လီမိတက် အမှတ်(၃) ဆေးဝါးစက်ရုံမှ မန်နေးဂျင်း ဒါရိုက်တာ   ဒေါ်မေယုခိုင်ထံမှ သိရသည်။

အဆိုပါတွင်းမအင်းအတွင်းမှ စိမ်းပြာ ရေညှိကို ၁၉၉၃ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် ဇန်နဝါရီလဝက်မှ    ဧပြီလအထိ   ရေညှိထွက်လေ့ရှိသော်လည်း  ယခုအခါ  အင်းဂေဟစနစ်ပျက်ယွင်းလာကာ  စိမ်းပြာရေညှိထုတ်လုပ်နိုင်မှု လျော့ နည်းလာ သဖြင့်   ဂေဟစနစ် မပျက်စီးစေရေး ဝိုင်းဝန်း ထိန်းသိမ်းမှုပြုလုပ်ရန် လိုအပ်လာခြင်းဖြစ်သည်။

တွင်းမအင်းအတွင်း ဂေဟစနစ်ပျက်ယွင်း လာခြင်းမှာ အင်းသို့လာရောက်လည်ပတ်သူများ၏ စွန့်ပစ်အမှိုက်များကြောင့် ညစ်ညမ်းမှု များဖြစ်ပေါ်ပြီး  စိမ်းပြာရေညှိထွက်ရှိနှုန်းလည်း လျော့ကျလာကြောင်း၊ ယင်းဒေသအတွင်း စီးပွားရေး လုပ်ငန်းအနေဖြင့် အင်းပတ် လည် နှစ်မိုင်ခွဲခန့်တွင် အပန်းဖြေနေရာ များပြုလုပ်ထားပြီး     ယခုနောက်ပိုင်း လာရောက် လည်ပတ် သူများကို အင်းအတွင်း စက်လှေဖြင့် ပို့ဆောင်ပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

''အင်းကို  လာရောက်လည်ပတ်သူတွေ များလာသလို   စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကလည်း များလာတယ်။ ဒါကြောင့် လည်း ပတ်ဝန်းကျင်ညစ်ညမ်းမှုများလာပြီး  စိမ်းပြာရေညှိ ထုတ်လုပ်နိုင်မှုတွေ ကျဆင်းလာပါတယ်။ လူ့ပယောဂ တွေကြောင့် ဂေဟစနစ် တွေပျက်စီးလာတာက ကမ္ဘာအနှံ့မှာရှိတယ်။ အထင်ကရဆိုရင်  မက္ကဆီကိုနဲ့   တောင်အာဖရိက တို့မှာပေါ့။ အမြန်ဆုံး ထိန်းသိမ်းဖို့ လိုအပ်နေပါပြီ။ အပန်းဖြေ နေရာတွေ လုပ်ထားတာ အတော် များလာတယ်။ စည်းကမ်း တကျ ဆိုရင်တော့ ကောင်းပါတယ်''  ဟု ဒေါ်မေယုခိုင်က ပြောသည်။

မြန်မာနိုင်ငံ၌ စိမ်းပြာရေညှိထွက်သည့် အင်းလေးခုရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်ရှိ တွင်းမအင်း၊ တောင် ပြောက်အင်း၊ ရေခါးအင်းနှင့်  ဘုတလင်မြို့နယ်ရှိ  တွင်းတောင်အင်းတို့ဖြစ်သည်။

အဆိုပါအင်းတို့အနက်မှ ရေခါးအင်းနှင့် တွင်းမအင်းနှစ်ခု၌သာ စိမ်းပြာရေညှိ ထုတ်လုပ်ပြီး   ကျန်အင်းများ၌ စိမ်းပြာ ရေညှိ ထွက်ရှိမှု နည်းပါးလာကြောင်း၊ ပြည်တွင်းမှ ထွက်ရှိသည့်   စိမ်းပြာရေညှိ ထွက်ကုန်များကို  ဂျာမနီနိုင်ငံသို့  တင်ပို့ ရောင်း ချနေကြောင်း သိရသည်။        

စိုးမိုး

 

 

 

 

Read 20 times Last modified on Friday, 15 March 2019 08:33