SJ WorldNews - шаблон joomla Авто

နိုင်ငံတကာ စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် မြန်မာ ကစားသမား ကြည်မြင့် ရွှေတံဆိပ်ဆု ဆွတ်ခူး

Friday, 15 March 2019 12:27 font size decrease font size decrease font size increase font size increase font size

 ရန်ကုန်  မတ်  ၁၄

တရုတ်(တိုင်ပေ)၌  မတ် ၉ ရက်နှင့် ၁ဝ ရက်က ကျင်းပခဲ့သည့် နိုင်ငံတကာ စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် မြန်မာကစား သမား ကြည်မြင့်က အာရှနိုင်ငံမှ ကစားသမား များကိုကျော်ဖြတ်ကာ ရွှေတံဆိပ်ဆု ဆွတ်ခူး ခဲ့သည်။

အဆိုပါ နိုင်ငံတကာစားပွဲတင်တင်းနစ် ပြိုင်ပွဲ အကြီးတန်းအဆင့်ပွဲစဉ်တွင် အိမ်ရှင်တရုတ်(တိုင်ပေ)၊ ဟောင်ကောင်၊ ဂွါတီမာလာ၊  ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့မှ ပြိုင်ပွဲဝင် ကစားသမားဦးရေ ၈ဝ ကျော် ပါဝင်ယှဉ်ပြိုင် ခဲ့သည်။ မြန်မာကစားသမား ကြည်မြင့်သည်  ဗိုလ်လုပွဲတွင် ဂွါတီမာလာနိုင်ငံမှ  ကစားသမားကို အနိုင်ရရှိကာ ရွှေတံဆိပ်ဆု ဆွတ်ခူး ခဲ့ခြင်းဖြစ်သည်။

'' ဟိုမှာ  ရာသီဥတုအရမ်းအေးတယ်။  ပြိုင်ပွဲမစခင်  သွေးပူလေ့ကျင့်ခန်း  သေချာ လုပ်ရပါတယ်။  ခုံ ၂ဝ ၊ ၃ဝ လောက် တစ်ပြိုင် တည်း ပြိုင်ရတာပါ။ ကစားသမားတွေလည်း အရမ်းများပါတယ်။ ပြိုင်ပွဲကလည်း ရက်အများကြီး မရတော့  နားချိန် သိပ်မရဘူး။

ကျွန်တော်ဆို ဗိုလ်လုပွဲပြီးတော့  လမ်းတောင် မလျှောက်နိုင်ဘူး။    နောက်ဆုံးပြိုင်ရတဲ့ ကွာတား၊  ဆီမီး၊ ဗိုလ်လုပွဲ အဆင့်တွေမှာ  ကုသိုလ်ကံက  ကိုယ့်ဘက်ပါနေတာလည်း ပါပါတယ်။ ပွဲတိုင်းကို ကပ်ပြီးအနိုင်ရခဲ့တာ ပါ ''ဟု ကစားသမား ကြည်မြင့်က ပြောသည်။

မြန်မာ့လက်ရွေးစင်  စားပွဲတင်တင်းနစ် ကစားသမား ကြည်မြင့်သည်  ယခုနှစ်တွင် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲ ဝင်ရောက် ယှဉ် ပြိုင်ခြင်းဖြစ်ပြီး ပထမဆုံးရွှေတံဆိပ်ဆုဆွတ် ခူးခြင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံ စားပွဲ တင်တင်းနစ်အဖွဲ့ချုပ်အနေဖြင့် ရွှေတံဆိပ် ဆုများနှင့်  ဝေးကွာနေသည့်အတွက်  မြန်မာ ကစားသမား ကြည်မြင့် နိုင်ငံတကာပြိုင်ပွဲ တွင်  ရွှေတံဆိပ်ဆုရရှိခဲ့ခြင်းကို   ဂုဏ်ယူ ကြောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်က ပြောသည်။                         

 

Read 24 times Last modified on Friday, 15 March 2019 12:29