SJ WorldNews - шаблон joomla Авто

ဟိုင်းကြီးကျွန်းမြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

Thursday, 21 March 2019 08:53 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မတ်   ၂ဝ

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဟိုင်းကြီးကျွန်းမြို့ရှိ ဒေသခံပြည်သူ ၅၉၈ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၂၈ ဦး၊ ခွဲစိတ်ရောဂါ ၆၈ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၈ ဦး၊ ကလေးရောဂါ ၆ဝ ဦး၊ အရိုးရောဂါ ၇၇ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၆၇ ဦး၊ မျက်စိရောဂါ ၁ဝ၇ ဦးနှင့် သွားရောဂါ ၆၃ ဦးတို့ကို    လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် အထွေထွေခွဲစိတ် လူနာငါးဦး၊  မျက်စိခွဲစိတ်လူနာ ၁၂ ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်၌ ခွဲစိတ် ကုသပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၂၅ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၁၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃ဝ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၃ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးကာ ကိုယ်ဝန်ဆောင်မိခင် တစ်ဦးအား   ဆေးရုံ ရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ အောင်မြင်စွာ ခွဲစိတ်မီးဖွား ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ ၁၅ ဦးအား ဆေးရုံရေယာဉ်ပေါ်နှင့် ရန်ကုန်မြို့ရှိ  တပ်မတော် ဆေးရုံတို့၌ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                                 

(၁ဝဝ)

Read 131 times Last modified on Thursday, 21 March 2019 08:55