SJ WorldNews - шаблон joomla Авто

ဖူဆယ်လိဂ် ပြိုင်ပွဲတွင် MIC အသင်း ချန်ပီယံဆုရရှိ

Thursday, 21 March 2019 09:01 font size decrease font size decrease font size increase font size increase font size

ရန်ကုန်     မတ်     ၂ဝ

၂ဝ၁၈-၂ဝ၁၉ ရာသီ MFF Myanmar ဖူဆယ်လိဂ်ပြိုင်ပွဲ နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၂၂)ကို ယနေ့ နံနက် ပိုင်းမှ စ၍ အမျိုးသား အားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပရာMIC အသင်းက နှစ်ကျော့ပေါင်းရလဒ်ဖြင့် VUC အသင်းကို  အသာရကာ ချန်ပီယံဆု ရရှိသွားသည်။

ပွဲစဉ် ၂၂  တွင် Titans XII အသင်းက  PU  အသင်းကို ၉ ဂိုး ၂ ဂိုး၊ White Colour အသင်းက AMM အသင်းကို ၈ ဂိုး ၆ ဂိုး၊ UPT အသင်းကComrade အသင်းကို ၂ ဂိုး ၁ ဂိုး၊ MFF ယူ-၁၉ အသင်းက ရွှေမြဝတီ အသင်းကို ၅ ဂိုး ၄ ဂိုး၊ GV Athletic အသင်းက မြို့မ YTD အသင်းကို ၄ ဂိုး ၁ ဂိုး၊VUC အသင်းကMIC အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ယခုပြိုင်ပွဲတွင် ရမှတ်တူပါက နှစ်သင်းထိပ်တိုက် တွေ့ဆုံမှု စည်းမျဉ်းဖြင့် ဆုံးဖြတ်ရာ  MIC အသင်းနှင့် ၊VUC အသင်းသည် ၆၃ မှတ်စီ တူညီသော်လည်း MIC အသင်းက နှစ်ကျော့ပေါင်း ရလဒ်ဖြင့် ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။ MIC အသင်းသည် ပထမအကျော့  အိမ်ကွင်းပွဲတွင် ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရထားပြီး ယခုဒုတိယ အကျော့တွင် ၂ ဂိုး ၁ဂိုးဖြင့်  ရှုံးနိမ့် ခဲ့ သော်လည်း MIC အသင်းက နှစ်ကျော့ပေါင်း ရလဒ် ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲအပြီးတွင် MIC အသင်းက ပထမ၊ VUC အသင်းက ဒုတိယ၊ GV Athletic အသင်းက တတိယ၊ မြို့မ YTD အသင်းက စတုတ္ထ ရရှိခဲ့သည်။ အကောင်းဆုံး ကစားသမားဆုကို ငြိမ်းမင်းစိုး VUC နှင့်အကောင်းဆုံး ဂိုးသမားဆုကို ကျော်ထက်အောင် MIC တို့က ရရှိသည်။  ဆုကြေးငွေများ အဖြစ် ပထမဆုငွေကျပ်သိန်း ၁ဝဝ၊ ဒုတိယဆုကျပ်ငွေ ၇၅ သိန်း၊ တတိယဆု ငွေကျပ်သိန်း ၆ဝ၊  စတုတ္ထဆု  ငွေကျပ်သိန်း ၄ဝ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ   ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ

အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် အမှုဆောင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ဆုရရှိကြ သူများအား ဆုများ ပေးအပ်ချီးမြင့်သည်။

 

Read 935 times Last modified on Thursday, 21 March 2019 09:28