SJ WorldNews - шаблон joomla Авто

AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

Thursday, 21 March 2019 09:14 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    မတ်   ၂ဝ

ရခိုင်ပြည်နယ်၊ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ဖြစ်သော မြောက်ဦးမြို့နယ်အတွင်း AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက ရှေးဟောင်း စေတီပုထိုးများနှင့် လူနေ အဆောက်အအုံများကို အကာအကွယ် ရယူ၍ ရည်ရွယ်ချက်ရှိရှိ အဖျက် အမှောင့်လုပ်ရပ် များကို ဆောင်ရွက်လာခဲ့သဖြင့်  တပ်မတော် စစ်ကြောင်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တရား ဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးနှင့် ကျေးရွာများ အတွင်း၌ ရွာသားအသွင်ဖြင့်  စိမ့်ဝင်လှုပ်ရှား၍  အတင်း အဓမ္မ လူသစ် စုဆောင်းခြင်း များအား မဆောင် ရွက်နိုင်စေရေးအတွက် လုံခြုံရေး လုပ်ငန်းများအား နေ့ညမပြတ် ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိစဉ်   မတ် ၁၈ ရက် နံနက်ပိုင်းတွင်  မြောက်ဦးမြို့၏အရှေ့ဘက်ရှိ ပန်းမြောင်ကျေးရွာသို့ ရောက်ရှိစဉ် ကျေးရွာနေ  ဦးမြတ်ချေ၊ ဒေါ်တင်တင်ဝင်းတို့၏ နေအိမ်အတွင်းမှ  အရပ်ဝတ် ဝတ်ဆင်ထားသည့် AA အကြမ်းဖက် သောင်းကျန်းသူ တစ်ဦးက လက်နက်ငယ်ဖြင့် ရုတ်တရက် ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ စစ်သည် တစ်ဦး ကျဆုံးပြီး ကျေးရွာနေ ဦးကျော်သင်းဦး၏ သားဖြစ်သူ အသက် ခုနစ်နှစ်အရွယ်ရှိ မောင်ကျော်စန်းဝင်း၏ လက်၌ လက်နက် ငယ်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

၎င်းချောင်းမြောင်း ပစ်ခတ်ခဲ့သည့် AA အကြမ်းဖက်သောင်းကျန်းသူသည် ရွာအတွင်းမှ ထွက်ပြေး၍ ကျေးရွာ၏ တောင်ဘက်မီတာ ၅ဝဝ ခန့်တွင် အသင့်စောင့် ဆိုင်းလျက်ရှိသော AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ များနှင့် ပူးပေါင်း၍ လက်နက် ငယ်များဖြင့် ရွာအတွင်းသို့ပြန်လည် ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အနောက် ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။

ထိတွေ့မှုဖြစ်ပွားချိန်တွင်AAအကြမ်း ဖက်သောင်းကျန်းသူ၏ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော အပြစ်မဲ့ ကလေးငယ်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 869 times Last modified on Thursday, 21 March 2019 09:31