SJ WorldNews - шаблон joomla Авто

တပေါင်း လပြည့်နေ့တွင် အမြို့မြို့ အနယ်နယ်ရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကား များပြား

Thursday, 21 March 2019 09:23 font size decrease font size decrease font size increase font size increase font size

ရန်ကုန်    မတ်   ၂ဝ

ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက်  နေ့ထူးနေ့မြတ်တွင် တစ်ရက်အပါအဝင်ဖြစ်သည့် တပေါင်းလပြည့်နေ့ဖြစ်သည်။ တပေါင်း လသည် မြန်မာတို့၏ဆယ့်နှစ်လရာသီများ အနက် ဒွါဒသမနောက်ဆုံးလဖြစ်ပြီး    ရွက်ဟောင်းကြွေ၍ ရွက်သစ် ဝေသောလ ဆောင်းတစ်ဝက်၊  နွေတစ်ဝက်ဖြစ်ကာ   နေ့ပူ၍ ညချမ်းသည့် ဆောင်းအကုန်နွေကူးသည့် အခါသမယ လည်းဖြစ်သည်။

တပေါင်းလအကြောင်းကို ရှုထောင့်အဖုံ ဖုံကမှတ်တမ်းတင်ခဲ့ကြသည်များ    ရှိသော်လည်း ရှေးအခါ ကာလက တပေါင်းလ ဘုရားပွဲသည် သဲပုံစေတီ တည်ထားကိုးကွယ်ခြင်းမှ အစပြုသည်ဟု ဗုဒ္ဓဘာသာဝင် အားလုံးတို့က လက်ခံ ယုံကြည်ကြသည်။ သဲပုံစေတီတည် ထားကိုးကွယ်ခြင်းနှင့်ပတ်သက်၍ အပဒါန်ပါဠိတော်၊ ပုလိနုပ္ပါဒကာ မထေရ် အပဒါန် တွင် ရှေးလွန်လေပြီးသော ကမ္ဘာတစ်သိန်းကာလ ဒေဝလမည်သော ရသေ့တစ်ပါးက ကျောင်းသင်္ခမ်းမှထွက်၍ သဲများကို စုပုံပြီး သဲပုံစေတီ တည်ကာ  ပန်းအမျိုးမျိုးတို့ဖြင့်ပူဇော်ခြင်းကိုလည်းကောင်း၊ မုလိနတူပိယမထေရ် အပဒါန်၌ လည်း ကျောင်းသင်္ခမ်း အနီးရှိ အမရိကမြစ်ငယ်၌ သဲပုံစေတီ တစ်ဆူတည်ပြီး ပူဇော်ခြင်းကိုလည်းကောင်း   အသီးသီး ဖော်ပြထားလေသည်။

ဂေါတမ မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့တွင်  သစ္စာလေးပါးမြတ်တရားကို ပိုင်းခြား ထင်ထင်သိမြင် တော်မူကာ ဗောဓိပင်နှင့် ရွှေပလ္လင်ကို အောင် မြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော် မူသောအခါ သတ္တဌာနအရပ်များ၌ (၇)ရက်(၇)လီစံတော်မူရာ   စတုတ္ထသတ္တာဟဖြစ်သော ရတနာဃရရွှေစံအိမ်၌  မဟာပဌာန်းကျမ်း

အပါအဝင် အဘိဓမ္မာ(၇)ကျမ်းကို အနုလုံပဋိလုံ အစုံ အဆန်၊ အဖန်ဖန်ဆင်ခြင် သုံးသပ်တော်မူခဲ့သည်။ ၎င်းအပြင်ြ မြတ်စွာဘုရားသည် (၇)ဝါမြောက်အချိန်အခါ၌လည်း တာဝတိံသာနတ်ပြည်တွင် မဟာပဋ္ဌာန်းကျမ်း အပါအဝင် အဘိ ဓမ္မာ(၇) ကျမ်းကိုပင် ဝါတွင်းသုံးလပတ်လုံး နတ်ဗြဟ္မာအပေါင်း တို့အား အသံမစဲဟောကြား တော်မူခဲ့သည်။ သာသနာတော် အရှည် တည်တံ့ပြန့် ပွားစေရန်အတွက် မဟာပဋ္ဌာန်း ကျမ်းအပါအဝင် အဘိဓမ္မာ(၇)ကျမ်း အရှည် တည်တံ့ စေရန်အတွက် ရှေးနှစ်ပေါင်းများစွာ  မှစကာ တပေါင်းလရောက်တိုင်း ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို ကျင်းပ ခဲ့ကြောင်းလည်း သိရသည်။

ရန်ကုန်မြို့ရှိ   ရွှေတိဂုံ စေတီတော်တွင် ဂေါပကအဖွဲ့ကြီးမှူးကာ ဗုဒ္ဓပူဇနိယတပေါင်း ပွဲတော်အဖြစ် တပေါင်းလဆန်း ၆ ရက်မှ တပေါင်းလပြည့်နေ့အထိ ၁ဝ ရက်တိုင် ဗုဒ္ဓ ပူဇာ၊ ဓမ္မပူဇာ၊ သံဃပူတ ပူဇော်ခြင်းများဖြစ်သည့်  နှစ်ကျိပ်ရှစ်ဆူ ဘုရားများလှည့်လည်ခြင်း၊ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဖွင့်ပွဲကျင်းပခြင်း၊ သံဃာတော်အပါး ၁၂ဝ တို့က ၂၁၆ နာရီတိုင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဆရာတော် သံဃာတော် ၁၁၇ ပါးနှင့် သီလရှင် ၂၇ ပါးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူခြင်းနှင့် ဆွမ်းတော်ကြီးဆက်ကပ် လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်အရုဏ်တက်ချိန်တွင် ဘုရားရှင်အား ရည်မှန်း၍  ရင်ပြင်တော်အောင်မြေနေရာ၌ ဂေါပကအဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ နှင့် ဘာသာရေး အသင်းအဖွဲ့များက ဆွမ်းတော်ကြီးတင် ကပ်လှူကြသည်။ ထို့နောက် ရွှေတိဂုံစေတီတော်၏ ၂၆ဝ၇ နှစ်မြောက် ဗုဒ္ဓ ပူဇနိယ တပေါင်းပွဲတော် (အောင်ပွဲ) ရေစက်ချ အနုမောဒနာ အခမ်းအနားကို နံနက် ၉ နာရီခွဲတွင်    ရင်ပြင်တော်ရာ ဟု ထောင့်ရှိ ချမ်းသာကြီး တန်ဆောင်း၌ ကျင်းပသည်။

ထို့အတူ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦး စေတီတော်တွင်လည်း    ယနေ့ကျရောက် သည့် တပေါင်းလပြည့်နေ့တွင် ဘုရားဖူးလာသူများဖြင့် စည်ကားလျက်ရှိပြီး အရုဏ်တက်ချိန်တွင် စေတီတော် ဂေါပက အဖွဲ့က လှူဖွယ်ပစ္စည်း အစုစုဖြင့် ဆက်ကပ်လှူဒါန်းကြသည်။ စေတနာအလှူရှင်များကလည်း ဘုရားဖူးလာ သူများအား စတုဒိသာများဖြင့် ကုသိုလ်ပြု လှူဒါန်းကြသည်။ 

အလားတူ ဆူးလေစေတီ၊ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်၊ သမိုင်းဝင်အပရာဇိတ ဆံတော်ရှင် ကျိုက်ဝိုင်းစေတီ၊ ဝရဒါဌာ ဓာတု စေတိယ စွယ်တော်မြတ်စေတီတော်(ရန်ကုန်)၊ လောကချမ်းသာအဘယလာဘ မုနိရုပ်ပွား တော်မြတ် ကြီး၊ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၊ မဟာဝိဇယစေတီ၊ ဗဟန်းမြို့နယ်ရှိ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ စမ်းချောင်းမြို့နယ်ရှိ ကိုးထပ်ကြီးဘုရား၊ ရန်ကင်းမြို့နယ်ရှိ မိုးကောင်းဘုရား၊ မြောက်ဥက္ကလာပ မြို့ နယ်ရှိ  ဆုတောင်းပြည့်မယ်လမုစေတီတော်နှင့် မဟာကျိန်သစ္စာရှင်ဘုရားအပါအဝင် ဘုရားပုထိုး များ၌ နံနက်ပိုင်း မှစ၍ ဆွမ်း၊ ဆီမီး၊ ရေချမ်း ကပ်လှူခြင်း၊ အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ခြင်း၊ မေတ္တသုတ်တော်စုပေါင်းရွတ်ဖတ်

ပူဇော်ခြင်း၊ အလှူရှင်များ၏ စတုဒိသာကျွေး မွေးခြင်းများဆောင်ရွက်လျက်ရှိရာ ဘုရားဖူးများဖြင့် စည်ကားလျက် ရှိကြ ကြောင်း သိရသည်။ 

ဝန်းရံခ

 

Read 703 times Last modified on Thursday, 21 March 2019 09:27