SJ WorldNews - шаблон joomla Авто

ဗြိတိန်အချမ်းသာဆုံး ပုဂ္ဂိုလ် ဆာဂျင်ရက် ကလက်ဖီ ချယ်လ်ဆီးကို ဝယ်ယူရန် စိတ်ဝင်စား

Thursday, 21 March 2019 10:38 font size decrease font size decrease font size increase font size increase font size

လန်ဒန်      မတ်     ၂ဝ

အခက်အခဲများစွာနှင့်ရင်ဆိုင်နေရသော ချယ်လ် ဆီးအသင်းကို   ဗြိတိန်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည့်  ဆာဂျင်ရက် ကလက်ဖီက  ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ ဆာဂျင်ရက် ကလက်ဖီသည် လက်ရှိတွင် ဗြိတိန် စက်ဘီး အသင်း Team Sky ကို ဝယ်ယူရန် စီစဉ်မှု ပြီးပြတ်တော့မည်ဖြစ်ပြီး  ထိုကိစ္စပြီးပြတ်သည်နှင့်  ချယ်လ်ဆီးကို  ဝယ်ယူရန် စီစဉ် ဖွယ်ရှိကြောင်း  The   Sun သတင်းစာက ပြောသည်။

အသက် ၆၆ နှစ်ရှိပြီဖြစ်သော  ဆာဂျင်ရက်ကလက်ဖီသည် တိုးဒီဖရန့် ချန်ပီယံခြောက်ကြိမ်ဖြစ် ထားသည့်  ဗြိတိန် နာမည်ကြီး စက်ဘီးအသင်း Team Sky ကို ၎င်းပိုင်ဆိုင်သည့်  ဗြိတိန်၏ အကြီးမားဆုံး  ပုဂ္ဂလိကပိုင် ကုမ္ပဏီဖြစ်သော   INEOS မှတစ်ဆင့် ဝယ်ယူရန် စီစဉ်နေခြင်းဖြစ်ပြီး  ထိုကုမ္ပဏီ မှာ တစ်နှစ်လျှင် ၂ ဘီလီယံအထိ အမြတ်ရနေသော ကုမ္ပဏီ ဖြစ်ခြင်းကြောင့် ချယ်လ်ဆီးကို ဝယ်ယူရန် ငွေကြေးပိုင်း ပူပန်စရာမရှိပေ။

ရက်ကလက်ဖီသည် ကြွယ်ဝမှု ပေါင် ၂၁ ဘီလီယံ ရှိနေပြီး ပြီးခဲ့သည့် နှစ်ကလည်း  ဆာဘန်အိန်စလီ ၏  Inoes  Team  UK ရွက်လှေ အသင်းတွင် ပေါင်သန်း  ၁၁ဝ ရင်းနှီးမြှုပ်နှံခဲ့သကဲ့သို့  ၂ဝ၂၁ ခုနှစ်တွင် နယူးဇီလန်၌ ကျင်းပမည့် အမေရိက ဖလားပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အသင်းကို ပြင်ဆင်နေသူဖြစ်သည်။ ၂ဝ၁၇ ခုနှစ်တွင်လည်း ၎င်းသည် Lausanne Sport  အားကစားအသင်းကို ဝယ်ယူပြီး ထိုအသင်းသည် ဆွစ်ဇာလန်အဆင့်မြင့်တန်းတွင် ပါဝင် ကစားနေ သည့် အသင်းဖြစ်သည်။ ဆာဂျင်ရက် ကလက်ဖီသည်  မန်ချက်စတာမြို့၌  မွေးဖွားသော်လည်း အားပေးသည့် အသင်းမှာ ချယ်လ်ဆီး အသင်းဖြစ်ပြီး တစ်ရာသီစာ လက်မှတ် ဝယ်ယူထားသူဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် လက်ရှိတွင် အပြောင်း အရွှေ့ဈေးကွက်နှစ်ခု ပိတ်ပင်ခံ ထားရသကဲ့သို့ ပရီး မီးယားလိဂ်တွင် လည်း ယခုရာသီ အဆင့်(၄) အတွင်း ဝင်နိုင်ရန် ခက်ခဲသည့် အနေအထား ရောက်နေသော်လည်း အသင်းပိုင်ရှင် မိုဗစ်ခ်ျသည် တော်ရုံဈေးဖြင့် အသင်းကို ရောင်းချမည်မဟုတ်ဘဲ ပေါင် ၂ ဒသမ ၅  ဘီလီယံရမှသာ  ထုတ်ရောင်း ချဖွယ် ရှိကြောင်း သိရသည်။

မိုဗစ်ခ်ျသည် ဗြိတိန်နှင့် ရုရှား နှစ်နိုင်ငံကြား နိုင်ငံရေးတင်းမာမှုများကြောင့် ဗြိတိန်ပြည် ဝင်ခွင့်ဗီဇာမရသဖြင့် ယခု တစ်ရာသီလုံး အသင်းကို လာရောက် ကြည့်ရှုနိုင်ခြင်း မရှိဘဲ  ရုရှား၌သာ  နေထိုင်နေသည်။ အိမ်ကွင်းဖြစ်သော စတမ်းဖို့ဒ် ဘရစ်ခ်ျကွင်းကို တိုးချဲ့ဆောက်လုပ်ရန်မှာလည်း အခက်အခဲများ စွာရှိနေခြင်းကြောင့် မိုဗစ်ခ်ျဘက်က ဆက်လက် လုပ်ဆောင်ရန် ဆန္ဒမရှိတော့ကြောင်း သိရသည်။

မိုဗစ်ခ်ျသည် လက်ရှိတွင် ဗြိတိန်ပြည်ဝင်ခွင့် ဗီဇာမရှိသော်လည်း အစ္စရေးပတ်စ်ပို့ ကိုင်ဆောင်ထား ခြင်းကြောင့်  ဆန္ဒရှိလျှင်  ဗြိတိန်သို့  ဗီဇာမပါဘဲ ခြောက်လ သွားရောက်လည်ပတ်ခွင့် ရှိနေသဖြင့် ဆာဂျင် ရက်ကလက်ဖီဘက်က အသင်းကို ဝယ်ယူရန် ကမ်းလှမ်းပါက လာရောက်ဆွေးနွေးခွင့် ရှိနေသည်။

Ref:The Sun

Read 845 times Last modified on Thursday, 21 March 2019 11:54