SJ WorldNews - шаблон joomla Авто

နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော် စစ်ကြောင်းအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

Friday, 22 March 2019 14:34 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ မတ် - ၂၂

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မတ် ၂၁ ရက် ညပိုင်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ တပ်မတော်စစ်ကြောင်းသည် ယင်းနေ့ ည ၉ နာရီခွဲခန့်တွင် ရသေ့တောင်မြို့နယ်၊ ရေခေါင်းချောင်း ကျေးရွာနှင့် စေတောင်ကျေးရွာအကြား သို့အရောက်၌ AA အကြမ်းဖက် သောင်းကျန်းသူအင်အား ၁၅၀ ဦးခန့်က စေတောင်ကျေးရွာ၏ မြောက်ဘက်ထိပ်နေရာ ၅ နေရာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဖြန့်ခွဲတိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့ရာ ရန်သူ့ပစ်ခတ်မှု ည ၁၁ နာရီခန့်တွင် ရပ်တန့်သွားခဲ့သည်။

ဖြစ်စဉ်တွင် မိမိဘက်မှ အရာရှိ ၁ ဦးနှင့် စစ်သည် ၁ ဦး လက်နက်ကြီး အစထိမှန် မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ပြီး နယ်မြေလုံခြုံရေးဆက်လက်ဆောင်ရွက်လျက်ရှိသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းကဲ့သို့ ရပ်ကွက်နှင့် ကျေးရွာများအား အသုံးပြု အကာအကွယ်ရယူလျက် တပ်မတော်လုံခြုံရေးစစ်ကြောင်းများအား မိုင်းထောင်/မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်းများပြုလုပ်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မလွှဲမရှောင်သာ ပြန်လည် ခုခံရသည့်အခါ ရပ်ကွက်၊ ကျေးရွာ များအတွင်း မလိုလားအပ်သော ထိခိုက်ဆုံးရှုံးမှုများရှိလာနိုင်သဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့၊ ရပ်ကွက်နှင့် ကျေးရွာများ၌ AA အကြမ်းဖက်သောင်းကျန်းသူများအား လက်မခံကြရန်နှင့် မြို့၊ ရပ်ကွက်နှင့် ကျေးရွာများအတွင်းဝင်ရောက်လာပါကလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးအဖွဲ့အစည်းများသို့ သတင်းပေးပို့ကြပါရန် မေတ္တာရပ်ခံ ထားကြောင်း  သတင်းရရှိသည်။

         

Read 288 times Last modified on Friday, 22 March 2019 14:35