SJ WorldNews - шаблон joomla Авто

သရက်မြို့နယ်၊ ပုဏ္ဏားကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

Friday, 22 March 2019 14:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော်     မတ်      ၂၁

(၇၄)နှစ်မြောက်  တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဖက်ဆစ်ဂျပန်များအား တော်လှန်တိုက်ခိုက်နေစဉ်   ဗိုလ်ချုပ် အောင်ဆန်းနှင့် တပ်ဖွဲ့ဝင်များ  အခြေပြုနေထိုင်ခဲ့သည့် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ပုဏ္ဏား ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၂၃၈ ဦးတို့ကို ဆေးကုသမှု ဆိုင်ရာရောဂါ၊  ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍  လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ  ဆောင် ရွက် ပေးခဲ့ကြောင်း  သတင်းရရှိသည်။

(၁ဝဝ)

.....................

 

Read 129 times Last modified on Friday, 22 March 2019 14:42