SJ WorldNews - шаблон joomla Авто

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Saturday, 23 March 2019 09:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၂

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာရှိ ဒေသခံပြည်သူ ၈၄၉ ဦးကို  ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၆၇ ဦး၊ ခွဲစိတ်ရောဂါ ၁ဝ၇ ဦး၊ သားဖွား/မီးယပ်ရောဂါ ၅၄ ဦး၊ ကလေးရောဂါ ၈၁ ဦး၊ အရိုးရောဂါ ၉၆ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၉၉ ဦး၊ မျက်စိရောဂါ ၁၅၇ ဦး နှင့် သွားရောဂါ ၈၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး  ၎င်းတို့အနက် အထွေထွေ ခွဲစိတ်လူနာ ခုနစ်ဦး၊ မျက်စိခွဲစိတ်လူနာ ခုနစ်ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်၌ ခွဲစိတ်ကုသပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ခုနစ်ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၂၉ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၁ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၂ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၁၄ ဦးအား ဆေးရုံရေယာဉ်ပေါ်၌ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 298 times Last modified on Saturday, 23 March 2019 09:43